CATEGORY

သတင်း

မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များ အခွန်ကောက်မှုကြောင့် ပြည်သူတွေ ခက်ခဲနေ

သျှမ်းပြည် မူဆယ် - နမ့်ခမ်း ထုန့်မောဝ် (ရွှေလီမြစ်) တစ်လျောက်ရှိ လက်နက်ကိုင် တပ်ဖွဲ့များ အခွန်ကောက်ယူမှု အဆမတန်များလာသည့်အတွက် ဒေသခံများ အခက်အခဲ ဖြစ်နေကြကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တအာင်း (ပလောင်) အမျိုးသား...

ကွတ်ခိုင် – နမ့်ဖတ်ကာကြား စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင် - နမ့်ဖတ်ကာ ကြား ကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ယနေ့ (ဖေဖော်ဝါရီ ၂၈) ရက် နေ့လည် ၁ နာရီ ဝန်းကျင်မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “ ပစ်ခတ်နေကြတာ။ နမ့်ကွတ်...

သီပေါ ဘော်ကြိုဘုရားပွဲတော် အကြောင်းပြပြီး စစ်ကောင်စီမှ လောင်းကစားဝိုင်းဖွင့်လှစ်နေ

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ဘော်ကြိုဘုရားပွဲတော် (တပေါင်းပွဲ) ကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့မှ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း သတင်းသိရှိရသည်။ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော ဘော်ကြိုဘုရားပွဲတော် (တပေါင်းပွဲ) ကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှစပြီး လပြည့်ကျော် ၁ ရက်အထိ ပဌာန်းရွတ်ခြင်း၊...

ပင်လောင်းမြို့ အရပ်သား (၃) ဦး သတ်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်နေချိန် တောင်မဲတင်းကျေးရွာ ဒေသခံ (၃) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင် ပင်လောင်းမြို့နယ် တောင်မဲတင်းကျေးရွာဒေသခံ ၃ ဦး သတ်ဖြတ်ခံရခဲ့ကြောင်း ပင်လောင်းမြို့...

တာချီလိတ် ဗုံး (၅) လုံး ပေါက်ကွဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် ချစ်ကြည်ရေး တံတား အမှတ် (၁) ကို ဖွင့်လှစ်လာပြီး (၇) ရက်မြောက်နေ့တွင် ဗုံး ၅ လုံး ပေါက်ကွဲမှုဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ...

မူဆယ်က လုံထန်ပြည်သူ့စစ် လောင်းကစားနေရာဟောင်း မီးလောင်မှုဖြစ်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းရှိ လုံထန်ပြည်သူ့စစ်၏ လောင်းကစား နေရာ ဟောင်းတွင် မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်တွင် ဟိုမွန်ရပ်ကွက် ၄၅ ကုန်းရှိ လမ်းသွယ်...

ပုံးအင်းလယ်စိုက်ပျိုးမှု အဆင်မပြေ လယ်ရောင်းနေရ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် အသုံးတော်ကျေးရွာအုပ်စု အတွင်းရှိ ပုံးအင်းဒေသ လယ်ယာများစိုက်ပျိုးရန် အဆင်မပြေသဖြင့် လယ်များရောင်းနေရကြောင်း စုံစမ်းသိရသည်။ ပုံးအင်းလယ်ယာမှ ထွက်သည့် စပါးသည် သျှမ်းပြည်တောင်ကြီးမြို့နယ်အတွက် တနှစ်သာ ဖူလုံသည်။ လက်ရှိမှာ တောင်သူလယ်သမားများအတွက် အစစအရာရာ ခက်ခဲလာသည့်အတွက် ပုံးအင်းတောင်သူအချို့သည် မွေးမြူရေး ကုမ္ပဏီတစ်ခုထံ ၎င်းလယ် ၁ ဧကကို...

နမ့်ခမ်းမြို့မှ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး ကျပ်သိန်း ၆၀၀ ဖြင့် လဲလှယ်ခိုင်း

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့မှ အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီး မြန်မာကျပ်ငွေသိန်း ၆၀၀ ဖြင့် လာရောက်လဲလှယ်ခိုင်းကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် နမ့်ခမ်းမြို့နေ အသက် ၃၇ နှစ်အရွယ်ရှိ နန်းခင်မာဦးကို မျက်နှာဖုံးစွပ် အမျိုးသား နှစ်ဦးမှ ဆိုင်ကယ်နှစ်စီးဖြင့်...

တောင်ကြီးမြို့ ဓာတ်အားလိုင်း ပြုပြင်နေစဥ် ဓာတ်လိုက်၊ ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်အတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်နေစဥ် လျှပ်စစ်ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းတစ်ဦးက ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တောင်ကြီးမြို့တွင်းမှ စိန်ပန်းရပ်ကွက် အတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်နေသည့် လင်းသီဟ လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီ ဝန်ထမ်းအမျိုးသား တစ်ဦး...

ပင်လောင်းမြို့နယ်အတွင်း တောင်စလုံးကျေးရွာ ဒေသခံများ နေရပ်ကိုမပြန်ရဲသေး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာ ၊ မြောက်စလုံးကျေးရွာ နှင့် တောင်မဲတင်းကျေးရွာ ဒေသခံများ နေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က စစ်ကောင်စီ နှင့် ဖယ်ခုံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ကျေးရွာအတွင်း လက်နက်ကြီး...

Latest news