တောင်ကြီးခရိုင်ရှိ စစ်ရှောင်များ နိုင်ငံတကာ ထောက်ပံ့မှုလိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် နှင့် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ နိုင်ငံတကာ အဖွဲ့အစည်းမှ ထောက်ပံ့မှုများ ပိုမိုလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ကော်မတီထံမှ စုံစမ်း သိရှိရသည်။

စစ်ရှောင်စခန်း

သျှမ်း – ကယား နယ်စပ်တိုက်ပွဲကြောင့် ၂ နှစ်ကျော်ကြာ ကာလအတွင်း နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်ဦးရေ ၈ ထောင်ကျော်သည် ယခု (မေလ) မှစပြီး အလှူရှင်မှ ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာ ပြတ်လပ်သွားသဖြင့် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကော်မတီများထံမှ သိရသည်။

အလားတူ စစ်ရှောင်စခန်းအချို့ရှိ ယာယီတဲများသည် ဝါး နှင့် ဆောက်လုပ်ထားသဖြင့် အချိန်ကြာလာသည့် နှင့်အမျှ မိုး၊ လေ၊ နေ ၏ ဒဏ်ကြောင့် ဆွေးပြီးပျက်စီးလာရာ ယာယီတဲ ပြန်လည်ဆောက်လုပ်ဖို့ရန် အတွက်လည်း အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံ ကော်မတီတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောလောဆယ် ကျနော်တို့ ဆီဆိုင်မှာတော့ စားနပ်ရိက္ခာက ဒီလကစပြီး မရတော့ဘူး။ အလှူရှင် မရှိတော့ဘူး။ ဒီလဆိုရင်တော့ ကုန်သွားကြပြီ။ နောက်တစ်ခုက တချို့ထွက်ပြေးလာတာ ကြာတော့ ဝါးလေးတွေ တဲဆောက်ပြီး နေတယ်။ အခုက အဲ့ဟာတွေက ဆွေးကုန်တာ၊ ပိုးထိုးကုန်တာ။ ဟိုတလော မိုးကြီးလေတိုက်တော့ တချို့ဟာလည်း လှန်ထွက်ကုန်တာရှိတယ်။ အိမ်သာကော များများလိုအပ်နေသေးတယ် “ ဟု ၎င်းက ပြောသည်။

စစ်ရှောင်စခန်း

အဆိုပါ အလှူရှင်မှ ထောက်ပံ့မှုများ ပြတ်လပ်သွားသောကြောင့် နိုင်ငံတကာ အဖွဲ့အစည်းမှ အလှူရှင်များ၊ UNHCR နှင့် INGO ထောက်ပံ့မှုတွေ ပိုမိုလိုအပ်လာနေကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များသည် ယခင်ကတည်းက နိုင်ငံတကာ အဖွဲ့အစည်းမှ ထောက်ပံ့မှုများကို ရရှိခဲ့သော်လည်း အခက်ခဲ အမျိုးမျိုးကြောင့် မြေပြင်တွင် နိုင်ငံတကာမှ ထောက်ပံ့မှု ရောက်ရှိလာခြင်း အားနည်းနေသေးကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

“ နိုင်ငံတကာက ထောက်ပံ့မှုတွေကတော့ ရောက်ပါတယ်ဗျ။ ထိရောက်မှုက နည်းတယ်။ ဒေသခံတွေက ပေးတာ များတယ်ဗျ။ နိုင်ငံတကာက ထောက်ပံ့မှုတွေ တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေကျတော့ ဒီမှာမရှိဘူး။ သူတို့က အဝေးမှာနေတယ်။ အဲ့အဝေးကနေ လာရပြီး ပစ္စည်းဝေတယ်။ ပစ္စည်းဝေပြီး ပျောက်သွားတာ။ တကယ့် မြေပြင်မှာ ရောက်နေတာ အားနည်းနေသေးတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆီဆိုင် – ဟိုပုံး ပြည်ထောင်စု ကားလမ်းမကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်ထက် ဂိတ်များ တိုးချဲ့ ဆောက်လုပ်ပြီး တင်းကြပ်စစ်ဆေးလာမှုကြောင့် လမ်းခရီးတွင် သွားလာရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် သျှမ်း – ကယား နယ်စပ်တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၆ ထောင်ဝန်းကျင်သည် လက်ရှိမှာ နိုင်ငံတကာမှ ထောက်ပံ့မှုတွေ မရရှိသေးကြောင်း စစ်ရှောင် ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်ကတော့ ဒီက ကော်မတီတွေနဲ့ အဆင်ပြေသလိုပဲ သွားနေကြသေးတယ်ဗျ။ လိုအပ်တာတော့ အများကြီး လိုအပ်သေးတာပေါ့နော်။ ခေါင်းစဉ်တပ်ရရင်လည်း ဆေးဝါးတွေက အများကြီးလိုအပ်နေသေးတယ် ။ ကျနော်တို့ နိုင်ငံတကာ အလှူရှင်တွေ ဆေးဝါးဘဲဖြစ်ဖြစ်၊ မိုးတွင်းရာသီရောက်တော့ ခြင်ထောင်တွေ၊ စောင်တွေ ကူညီပေးစေချင်တယ် “ ဟု ၎င်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝှမ်းလုံး အတိုင်းတာအရ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေရသည့် ပြည်သူများ ၁ ဒသမ ၈ သန်းကျော်အထိ ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA မှ (ဧပြီလ ၁၉ ရက်) တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ထီဗွာကျေးရွာအုပ်စု ရှိ စစ်ရှောင်ကော်မတီများ ဆန်ပြန်ရောင်းချနေသည့် သတင်း မဟုတ်ဟုဆို

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးသည့် ဆန်များကို စစ်ဘေးရှောင်ကော်မတီများမှ ပြန်ရောင်းချနေသည် သတင်းသည် မမှန်ကန်ကြောင်း စစ်ရှောင်ကော်မတီဝင်များက ပြောသည်။ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ရှောင်ကော်မတီဝင်များသည် စစ်ရှောင်များကိုထောက်ပံ့ပေးသည့် ဆန်များပြန်ရောင်းနေသည့်သတင်းကို ဇူလိုင် လဆန်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။ “တောင်ထီဗွာကျေးရွာအုပ်စု” တွင် ကျေးရွာပေါင်း ၂၁ ရွာရှိပြီး စစ်ဘေးရှောင်များသည်...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...