လဲချားမြို့နယ်အတွင်း တလနီးပါးကြာ တိုက်ပွဲကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း တစ်လနီးပါးကြာလာသည့် သျှမ်းတပ် နှစ်တပ်ကြား တိုက်ပွဲကြောင့် ထောင်နှင့်ချီသော စစ်ဘေးရှောင်များက နေရပ်မပြန် နိုင်သေးကြောင်း စုံစမ်းသိရသည်။

လဲချားမြို့နယ်ရှိ စစ်ရှောင်များတစ်ချို့

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်မှ စတင်ကာ ယနေ့ မေလ ၄ ရက်နေ့အထိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ သည် လဲချားမြို့ အရှေ့ဘက်တွင် တစ်လ နီးပါး တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် စစ်ရှောင်နေရသည့် ဒေသခံများသည် နေရပ်မပြန်နိုင်သေးသည့် အပြင် စားနပ်ရိက္ခာများအတွက်လည်း ခက်ခဲနေကြကြောင်း သိရသည်။

“အခုမှာ စစ်ဘေးရှောင်တွေက ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေကြရတယ်၊ လက်ရှိ အနေအထားအရ အလိုအပ် ဆုံးကတော့ ဟင်းသီးဟင်းရွက်တွေ၊ စားနပ်ရိက္ခာတွေပေါ့၊ အခု ကူညီထောက်ပံ့ပေးနေတဲ့ အလှူရှင်တွေကလည်း ဒေသအတွင်းက လဲချားမြို့ခံတွေပဲ ဖြစ်နေကြတယ်၊ ရပ်ဝေးက ထောက်ပံ့ပေးတဲ့ အလှူရှင်တော့ မရှိသေးဘူး” ဟု လဲချားမြို့ စစ်ဘေးရှောင်ကို ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ဟဲဆိုင်ကျေးရွာအုပ်စု (ဢိူင်ႇဝၢၼ်ႈႁၢႆးသႅင်)၊ ဝမ်ထီကျေးရွာ အုပ်စု ၊ ပန်ဆန်းကျေးရွာအုပ်စု ၊ ဝမ်ဆန်းကျေးရွာ အုပ်စု၊ ဝမ်ကျယ် ကျေးရွာ အုပ်စု၊ နားပွဲ ကျေးရွာ အုပ်စု နှင့် နောင်ကော်ကျေးရွာ အုပ်စုတို့က စစ်ဘေးရှောင်များ ဖြစ်ကြောင်းသိရသည်။

လဲချားမြို့နယ်ရှိ စစ်ရှောင်များတစ်ချို့

လက်ရှိတွင် လဲချားမြို့ပေါ်ရှိ ဆွေမျိုးအိမ်များနှင့် ဟော်ခမ်းကျောင်းတိုက်၊ ကျောင်းခမ်းကျောင်းတိုက်၊ ဝါဆိုကျောင်းတိုက် နှင့် စလိုင်းခုမ် ကျောင်းတို့တွင် စစ်ရှောင်ခိုလှုံနေကြကြောင်းလည်း စစ်ရှောင်ကူညီသူက ဆက်ပြောသည်။

“ပစ်ခတ်သံတွေတော့ နေ့စဥ်နီးပါး ထွက်ပေါ်လာနေတယ်၊ တချို့က ဝမ်စိမ်းဘက်ကို စစ်ရှောင်ထွက်ပြေး သွားတာလည်း ရှိတယ်၊ စစ်ဘေးရှောင်တွေက တစ်နေရာတည်းမှာ စုနေနေတာမျိုး မဟုတ်တော့ လူဦးရေ စုစုပေါင်းကို မသိရသေးဘူး၊ ခန့်မှန်းရသလောက်ဆိုရင်တော့ ၁၀၀၀ ကျော်တယ်” ဟု စစ်ရှောင်ကူညီသူက ပြောသည်။

လက်ရှိအချိန်သည် လုပ်ငန်းခွင်ဝင်ရမယ့် စိုက်ပျိုးရာသီ ဖြစ်သဖြင့် စစ်ရှောင်များကလည်း နေရပ်ပြန်နိုင်ရေး အတွက် မျှော်လင့်နေကြကြောင်းလည်း သိရသည်။

“ဒီလိုချိန်မှ စပြီး မလုပ်နိုင်ရင် စိုက်ပျိုးရေးတွေက နောက်ကျတော့မယ်၊ ဒီနှစ်မလုပ်ရရင် နောက်နှစ်မှာ ဘာစား ရမလဲ၊ ဒီလို ပစ်ခတ်မှုတွေ ဖြစ်တာက ဒေသခံတွေ အတွက် တော်တော်ကို ထိခိုက်တယ်” ဟု လဲချားမြို့နေ အမျိုးသမီးတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လဲချားမြို့နေ ဒေသခံ လူငယ်လူရွယ်များ နိုင်ငံရပ်ခြား၊ ထိုင်းနိုင်ငံဘက် ထွက်ပြေးသူများလည်း အများအပြား ရှိလာကြောင်း စုံစမ်းသိရသည်။

ထို့အပြင် အဆိုပါ ဒေသအတွင်းတိုက်ပွဲကြောင့် နွေရာသီကာလ သျှမ်းစာသင် စာသင်ကျောင်း ၁၃ ကျောင်းထက်မနည်း ပိတ်ရပြီး ကျောင်းသား လူငယ်များလည်း ၃၆၀ ထက်မနည်း စာသင်ခွင့် ကင်းလွတ်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...