မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်ကြသေး

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အတွင်း တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း မြေမြှုပ်မိုင်း အန္တရာယ် နှင့် တိုက်ပွဲအတွင်း ကျန်နေသေးသည့် လက်နက် အန္တရာယ်များကြောင့် စစ်ရှောင်များက နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

ထောင်ထားသည့် မိုင်း

မိုင်းအန္တရာယ်များ ရှိနေမှုကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သည့်အပြင် ကျေးရွာအတွင်းရှိ ဒေသခံများကလည်း လယ်ယာ မသွားရဲသည့်အတွက် စားသောက်ရေး၊ နေထိုင်ရေး နှင့် ငွေရေးကြေးရေးများလည်း ခက်ခဲလာကြောင်း နောင်ချို ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခေးနင်းကျေးရွာ အုပ်စု (ဒိုးပင်ရွာ) မှာတော့ စစ်ရှောင်တွေ အကုန်ပြန်ရောက်ပြီ၊ ဒါပေမဲ့ ရွာနား တစ်လျှောက်မှာ မိုင်းတွေ ဆင်ထားတဲ့ လက္ခဏာတွေ တွေ့ရတော့ အပြင်မထွက်ရဲကြဘူး၊ တောင်ယာ အလုပ်ခွင်ကိုလည်း မသွားရဲဘူး၊ ဘယ်တပ်ဖွဲ့က မိုင်းတွေမှန်းလည်း မသိကြဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲသံ ငြိမ်သက်သွားသည့် ၁၀ ရက်တာ ကာလအတွင်းတွင် ဒေသခံများ၏ ကျွဲများသည် မြေမြှုပ်မှိုင်းများကို နင်းမိ ပေါက်ကွဲမှုကြောင့် ၆ ကောင်ထက်မနည်း သေဆုံးမှုရှိနေကြောင်းလည်း သိရသည်။

ထောင်ထားသည့်မိုင်း

ဧပြီလ နောက်ဆုံးပတ်တွင် ခေးနင်းရွာ (ဒိုးပင်ရွာ) ဒေသခံ အမျိုးသား နှစ်ဦး တောင်ယာမှ အပြန် လမ်းဘေး၌ ဟင်းရွက်ခူးနေစဥ် မိုင်းပေါက်ကွဲမှု ကြုံတွေ့ရပြီး ဆေးရုံသို့ ပို့ဆောင် ကုသထားရကြောင်း ၎င်းအမျိုးသား က ဆက်ပြောသည်။

“တိုက်ပွဲက ပြီးသွားပေမဲ့ ပေါက်ကွဲသံတွေတော့ နေ့တိုင်းနီးပါး ကြားနေရတယ်၊ တခါလေ ကျွဲ၊ နွားတွေကို ထိ တယ်၊ တခါလေလည်း လူထိတယ်ပေါ့။ နေ့တိုင်းဖြစ်နေတယ်၊ အဲ့ဒါကြောင့် ကျနော်တို့လည်း ဘယ်နေရာမှ မသွားရဲ၊ မလုပ်ရဲ နဲ့ နေထိုင်စားသောက်ရေးတွေက တစ်နေ့ထက် တစ်နေ့ ပိုပို ခက်ခဲလာတယ်” ဟု အထက်ပါ အမျိုးသား ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားမှု အပြီးတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ကျေးရွာအတွင်းသို့ ရောက်လာပြီး ရွာနား အနီးတစ်ဝိုက်တွင် မိုင်းထောင်ထားမှု ရှိနေသည်ဟု ပြောဆိုခဲ့ကြောင်းလည်း ဒေသအတွင်း အသက် (၅၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားတွေက ရွာနားမှာ မိုင်းထောင်ထားမှု ရှိတယ်ဆိုတာကို လာပြီးပြောသွားတယ်၊ ဝန်ခံသွားတယ်၊ ရွာသား တွေက သူတို့ကို ဖြုတ်ပေးခိုင်းတော့ မဖြုတ်အားသေးဘူးတဲ့၊ အားတဲ့ အချိန်မှ လာဖြုတ်ပေးမယ်လို့ ပြောသွားတယ်၊ အခုချိန်က လုပ်ငန်းခွင် ဝင်ရတော့မယ့် အချိန်လည်း ဖြစ်နေတယ်၊ အခုလို ဖြစ်နေရင် လုပ်ငန်းတွေ ဘယ်လိုလုပ်နိုင်မလဲ” ဟု အသက် (၅၀) ကျော် အမျိုးသား တစ်ဦးက ဆိုသည်။

လက်ရှိတွင် နောင်ချိုဒေသခံများအနေဖြင့် ကျေးရွာအနီး ရှိနေသည့် မြေမြှုပ်မိုင်းများ၊ တိုက်ပွဲအတွင်း ကျန်နေသည့် လက်နက်များကို ရှင်းလင်းပေးစေလိုကြောင်း တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ နောင်ချိုမြို့တွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၅၀၀ ကျော် စစ်ရှောင် ထွက်ပြေးရသည့် အပြင် နေအိမ် ၂၄ လုံး အရပ်သား ၃ ဦးသေ ၄ ဦး လက်နက်ကြီး ထိမှန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...