ပင်လောင်းမြို့ဝင် စစ်ဆေးရေးဂိတ် ပိုတင်းကြပ် စားနပ်ရိက္ခာ နဲ့ ဆေးဝါး တင်ပို့ရခက်ခဲ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာ နှင့် ဆေးဝါး သယ်ယူမှု အကန့်အသတ်ကို တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပိုမိုတင်းကြပ်လာသဖြင့် ဒေသခံများ အခက်ခဲကြုံတွေ့နေရကြောင်း စုံစမ်း သိရှိရသည်။

ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် တစ်နေရာ

အောင်ပန်းလမ်းခွဲမှ ပင်လောင်းမြို့သို့ သွားလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်က ဆန်၊ ဆီ၊ ဆား နှင့် ဆေးဝါးသယ်ယူမှုကို အကန့်အသတ်ဖြင့် သယ်ယူခွင့်ပေးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၄) ရက် တိုက်ပွဲဖြစ်ပွားပြီးနောက် ကားတစ်စီးလျှင် ဆန် (၂၄) ပြည်အိတ် တစ်အိတ်နှုန်း နှင့် စားသုံးဆီကို (၁၀) ပိဿ သယ်ယူခွင့်ပေးပြီး စစ်ဆေးတင်းကြပ်မှုတွေ ပိုမိုပြုလုပ်လာနေကြောင်း ပင်လောင်းဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားတစ်စီးကို ဆန်တစ်အိတ်ပဲ ပေးသယ်တယ်ဗျ။ စားသုံးဆီဆိုလည်း ၁၀ ပိဿ ဘူးကြီးတစ်ဘူးဘဲ ပေးသယ်တယ်။ ဆိုင်ဖွင့်ပြီး ရောင်းရတဲ့သူတွေအတွက်တော့ ခက်တာပေါ့ဗျာ။ အရင်က ကားတစ်စီးစာ သယ်ရတာ၊ အခုက အဲ့လိုသယ်ရတော့ ခက်တာပေါ့ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ထားသည့် အကိုက်အခဲ ပျောက်ဆေးအပါအဝင် သတ်မှတ် ထားသည့် ပမာဏထက် သယ်ယူမှုတွေ ပြုလုပ်ပါက ကားသိမ်းဆည်းခြင်း၊ လူကိုခေါ်ယူစစ်ဆေး မေးမြန်းခြင်းလည်း ပြုလုပ်နေကြောင်း သိရသည်။

“ ဆေးဝါးတွေကျတော့ အကိုက်အခဲ ပျောက်ဆေးပါရင် လုံးဝသယ်ခွင့်မပေးဘူး။ ခိုးသယ်လို့လည်း မရဘူးဗျ။ သူတို့မိရင် ကားကိုသိမ်းတယ်။ လူကိုခေါ်စစ်တယ်။ ဘယ်သူ့အတွက် ဝယ်ပေးတာလဲ၊ ဘယ်ဈေးဆိုင်မှာလဲ အကုန်မေးတယ်။ ထောက်ခံစာကော တောင်းတယ်။ ထောက်ခံစာမပါရင်လည်း ကားသိမ်းပြီး ကားသမားကို ၃ နာရီလောက်ကြာအောင် စစ်ဆေးမေးမြန်းမှုတွေ လုပ်တယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် ပင်လောင်းမြို့တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေဟာ ၆ ထောင်ဝန်းကျင်ရှိနေပြီး အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာ နှင့် ဆေးဝါး သယ်ယူခွင့်ကို အကန့်အသတ်ဖြင့် သယ်ယူခိုင်းသောကြောင့် စစ်ရှောင်များအတွက်လည်း အခက်ခဲကြုံတွေ့နေရကြောင်း သိရသည်။

“ စစ်ရှောင်တွေက အခက်ခဲဆိုတာ ရှိနှင့်ပြီးသားလေ။ အဓိက စားဖို့သောက်ဖို့ ဆန်၊ ဆီ၊ ဆေး၊ ဆား ကအရေးကြီးတယ်လေ။ စစ်ရှောင်စခန်းမှာက တစ်ရက် တစ်ရက်ကို အနည်းဆုံး ဆန်အိတ် (၂၀) ကျော်လောက် ကုန်တယ်။ ကျနော်တို့လည်း အကန့်အသတ်နဲ့ သယ်ရတော့ ခက်တာပေါ့ဗျာ။ စစ်ရှောင်တွေ အများကြီးရှိတယ် “ ဟု စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီသည် စားနပ်ရိက္ခာ နှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့် သယ်ယူခိုင်းရာမှာ ဒေသခံများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ပေးမည်ဟု ဆိုသည့် စိုးရိမ်ချက်၊ အကြောင်းပြချက်ကြောင့် လွတ်လွတ်လပ်လပ် သယ်ယူခွင့်မပေးကြောင်း ဒေသခံများ၏ ပြောချက်အရ သိရသည်။

ထို့ကြောင့် ပင်လောင်းမြို့ပေါ်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း ဆန်၊ ဆီ၊ ဆား နှင့် ဆေးဝါးများ ယခင်ထက် ဈေးနှုန်းပိုမြင့်တက်လာနေသလို စားသုံးသူများအတွက် အခက်ခဲ ကြုံတွေ့နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...