လားရှိုး တစ်လတွင်း ယာဉ်တိုက်မှု ၂၀ ဖြစ်၊ ကလေးငယ်တစ်ဦး အပါအဝင် ၂ ဦး သေဆုံး၊ ၃၀ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့တွင် ဧပြီလ တစ်လအတွင်း ယာဉ်တိုက်မှု ၂၀ ကြိမ်ဖြစ်ပွားပြီး ကလေးငယ် တစ်ဦးအပါအဝင် လူ ၂ ဦး သေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယာဥ်တိုက်မှု

ပြီးခဲ့သည့် ဧပြီလ ၄ ရက်မှ မေလ ၂ ရက်နေ့အထိ လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆ ယာဉ်တိုက်မှုများကို လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့သည့် မှတ်တမ်းအရ တစ်လအတွင်း ယာဉ်တိုက်မှု ၂၀ ကြိမ်ဖြစ်ပွားပြီး ကလေးငယ်တစ်ဦး အပါအဝင် လူ ၂ ဦးသေဆုံးကာ ၃၀ ဦးထိခိုက်ဒဏ်ရာ ရရှိသည်ဟု သျှမ်းသံတော်ဆင့်သတင်းဌာနမှ ကောက်ယူထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများ၊ လူထူထပ်များပြား လာသည့်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းလာခြင်းကြောင့် မတော်တဆ ယာဉ်တိုက်မှုမှာ ပိုမိုဖြစ်ပွားလာနေကြောင်း ၎င်း ယာဉ်တိုက်မှုများတွင် သွားရောက်ကူညီခဲ့သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ယာဉ်တိုက်မှုကတော့ များသောအားဖြင့် ဆိုင်ကယ်တွေ ပိုဖြစ်များတယ်။ ဦးထုပ်မဆောင်းဘူး။ တချို့ကလည်း လမ်းအခြေအနေကို မသိတာရယ်၊ မူးရူးပြီး ဆိုင်ကယ်ကို ဖြစ်သလို မောင်းတာရယ်ကြောင့် ဖြစ်တာ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လည်းနားမလည်တော့ ယာဉ်တိုက်မှုက ပိုဖြစ်လာတာပေါ့။ ဖြစ်ရင်လည်း ဒီကနယ်ခံတွေ မဟုတ်ဘူး တခြားနယ်ခံကလာတဲ့သူတွေ အဖြစ်များတာ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ယာဥ်တိုက်မှု

အဆိုပါ ယာဉ်တိုက်မှုများ လျှော့နည်းသွားစေရန် လားရှိုးမြို့နယ် ရဲတပ်ဖွဲ့ နှင့် ယာဉ်ထိန်းရဲများက စုပေါင်းပြီး (မတ်လ) အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောပွဲများကို ပြုလုပ်ပေးပေမယ့် ထိရောက်မှု မရှိကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့နယ် ရဲတပ်ဖွဲ့ နှင့် ယာဉ်ထိန်းရဲများက လမ်းသွားလမ်းလာ ပြည်သူများကို မှတ်ပုံတင်နှင့် ယာဉ်လိုင်စင်များကို အကြောင်းပြပြီး အဆမတန် ငွေတောင်းခံနေလျက်ရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ထပ်လောင်းပြောသည်။

“ သူတို့ လုပ်စားနေကြတာ။ ရရင်ရသလိုပဲ တောင်းတယ်။ မပေးရင်လည်း ကားသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့ကို ကြောက်နေရတာနဲ့ တောင်းသလောက် ပေးရတယ် “ ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း သျှမ်းပြည်တစ်ဝှမ်းလုံးရှိ ပြည်ထောင်စု ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေးဂိတ် တိုးချဲ့ ဆောက်လုပ်ပြီး ခရီးသွားပြည်သူများကို ငွေအဆမတန် တောင်းခံနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...