Wednesday, January 28, 2026

လားရှိုး တစ်လတွင်း ယာဉ်တိုက်မှု ၂၀ ဖြစ်၊ ကလေးငယ်တစ်ဦး အပါအဝင် ၂ ဦး သေဆုံး၊ ၃၀ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့တွင် ဧပြီလ တစ်လအတွင်း ယာဉ်တိုက်မှု ၂၀ ကြိမ်ဖြစ်ပွားပြီး ကလေးငယ် တစ်ဦးအပါအဝင် လူ ၂ ဦး သေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယာဥ်တိုက်မှု

ပြီးခဲ့သည့် ဧပြီလ ၄ ရက်မှ မေလ ၂ ရက်နေ့အထိ လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆ ယာဉ်တိုက်မှုများကို လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့သည့် မှတ်တမ်းအရ တစ်လအတွင်း ယာဉ်တိုက်မှု ၂၀ ကြိမ်ဖြစ်ပွားပြီး ကလေးငယ်တစ်ဦး အပါအဝင် လူ ၂ ဦးသေဆုံးကာ ၃၀ ဦးထိခိုက်ဒဏ်ရာ ရရှိသည်ဟု သျှမ်းသံတော်ဆင့်သတင်းဌာနမှ ကောက်ယူထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများ၊ လူထူထပ်များပြား လာသည့်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းလာခြင်းကြောင့် မတော်တဆ ယာဉ်တိုက်မှုမှာ ပိုမိုဖြစ်ပွားလာနေကြောင်း ၎င်း ယာဉ်တိုက်မှုများတွင် သွားရောက်ကူညီခဲ့သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ယာဉ်တိုက်မှုကတော့ များသောအားဖြင့် ဆိုင်ကယ်တွေ ပိုဖြစ်များတယ်။ ဦးထုပ်မဆောင်းဘူး။ တချို့ကလည်း လမ်းအခြေအနေကို မသိတာရယ်၊ မူးရူးပြီး ဆိုင်ကယ်ကို ဖြစ်သလို မောင်းတာရယ်ကြောင့် ဖြစ်တာ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လည်းနားမလည်တော့ ယာဉ်တိုက်မှုက ပိုဖြစ်လာတာပေါ့။ ဖြစ်ရင်လည်း ဒီကနယ်ခံတွေ မဟုတ်ဘူး တခြားနယ်ခံကလာတဲ့သူတွေ အဖြစ်များတာ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ယာဥ်တိုက်မှု

အဆိုပါ ယာဉ်တိုက်မှုများ လျှော့နည်းသွားစေရန် လားရှိုးမြို့နယ် ရဲတပ်ဖွဲ့ နှင့် ယာဉ်ထိန်းရဲများက စုပေါင်းပြီး (မတ်လ) အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောပွဲများကို ပြုလုပ်ပေးပေမယ့် ထိရောက်မှု မရှိကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့နယ် ရဲတပ်ဖွဲ့ နှင့် ယာဉ်ထိန်းရဲများက လမ်းသွားလမ်းလာ ပြည်သူများကို မှတ်ပုံတင်နှင့် ယာဉ်လိုင်စင်များကို အကြောင်းပြပြီး အဆမတန် ငွေတောင်းခံနေလျက်ရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ထပ်လောင်းပြောသည်။

“ သူတို့ လုပ်စားနေကြတာ။ ရရင်ရသလိုပဲ တောင်းတယ်။ မပေးရင်လည်း ကားသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့ကို ကြောက်နေရတာနဲ့ တောင်းသလောက် ပေးရတယ် “ ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း သျှမ်းပြည်တစ်ဝှမ်းလုံးရှိ ပြည်ထောင်စု ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေးဂိတ် တိုးချဲ့ ဆောက်လုပ်ပြီး ခရီးသွားပြည်သူများကို ငွေအဆမတန် တောင်းခံနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...