ပင်လောင်းမြို့နယ်အတွင်း အရပ်သား သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် လယ်ခြားကျေးရွာထဲတွင် အရပ်သားတစ်ဦး မျက်လုံးဖောက်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

သတ်ဖြတ်ခံရသည့် အရပ်သား

ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် ပင်လောင်းမြို့နယ် တောင်စလုံး နှင့် မြောက်စလုံးကျေးရွာကြား လယ်ခြားကျေးရွာထဲကို KNDF/BO 11 တပ်ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေး ပြုလုပ်ရာတွင် ဂိုဒေါင်ထဲတွင် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“ အဲ့အမျိုးသား အလောင်းက ရက်ရက်စက်စက် သတ်ခံထားရတာ။ မျက်လုံးကို ဖောက်ထုတ်ခံထားရတယ်။ လက်ကိုလည်း နောက်ပြန်ကြိုးတုပ်ထားတယ်။ တော်တော် ရက်ရက်စက်စက် သတ်ခံထားရတာ။ ဘယ်သူလဲတော့ ကျနော်တို့တော့ မသိရသေးဘူး။ ကျနော်တို့ အဲ့နေ့က မဟာမိတ်တပ်ဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေးသွားရင်းတွေ့တာ” ဟု ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ PNDF က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် အဆိုပါ လယ်ခြားကျေးရွာထဲတွင် ဧပြီ ၂၅ ရက်ထိ တပ်စွဲနေထိုင်ခဲ့ပြီး ဒေသခံများကိုလည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခဲ့သည်။

အလားတူ KNDF/BO 11 ကလည်း စစ်ကောင်စီတပ်ဖွဲ့သည် လယ်ခြားကျေးရွာထဲတွင် ဧပြီ ၂၅ ရက်နေ့ထိ နေထိုင်ခဲ့ပြီး ညအချိန်တွင် တပ်ဆုတ်သွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို စစ်ကောင်စီက သတ်ဖြတ်ထားသည့် ရုပ်အလောင်းဖြစ်ကြောင်း ထိုနယ်မြေတွင်း လှုပ်ရှားနေသည့် PDF က ဆိုသည်။

ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်ထဲတွင် ယနေ့အချိန်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

“ ကျနော်တို့က အခုချိန်ထိတော့ တိုက်ပွဲဖြစ်နေပါတယ်။ ဒေသခံတွေလည်း နေရပ် မပြန်လာနိုင်ပါဘူး။ စစ်ကောင်စီကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ သတ်ခံရတဲ့ အရပ်သားကလည်း သူတို့ လူသားဒိုင်းအဖြစ် ဖမ်းသွားတဲ့သူလားမသိဘူး။ ၂၅ ရက်ကလည်း သူတို့ အရပ်သား ဖမ်းသွားတာရှိတယ်။ သူတို့ကို လမ်းပြတွေလုပ်ခိုင်းတာမလုပ်လို့လားမသိဘူး” ဟု အထက်ပါ PNDF က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ် အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲကြောင့် ဒေသခံ ၆,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း ပင်လောင်းမြို့နယ် နန်းနိမ်းကျေးရွာထဲတွင် စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်ခဲ့သည့် အတွက်ကြောင့် အရပ်သား ၁၉ ဦး နှင့် သံဃာတော် ၃ပါး တို့ သတ်ဖြတ်ခံခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...