သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား
စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော်...
အင်းလေးဒေသခံများ ငလျင်ထောက်ပံ့ကြေး အပြည့်မရ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ပေးအပ်သည့် ငလျင်ထောက်ပံ့ကြေးကို ဒေသခံများ အပြည့်အဝ မရရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်သန်းပေါင်း ငါးထောင်ကျော် လာရောက်ထောက်ပံ့ခဲ့ကြောင်း...
ပင်လောင်းမြို့နယ်ထဲ စစ်ကော်မရှင်တပ်နှင့် PNO စစ်အင်အားဖြည့်
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အားဖြည့်တင်းခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ တတိယပတ် အတွင်း ပင်လောင်းမြို့ဘက်မှ ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်ကားများဖြင့် စစ်အင်အား အများအပြား ဖြည့်တင်းခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ပင်လောင်းဒေသခံ...
တရုတ်နိုင်ငံရောက် စစ်ကော်မရှင်ဝန်ကြီး ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးကိစ္စဆွေးနွေး
စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးသည် တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ တရုတ်နိုင်ငံတွင် စွမ်းအင်အသွင်ကူးပြောင်းရေးဖိုရမ် တက်ရောက်နေသည့် စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာလ (၂၁) ရက်တွင် တရုတ်နိုင်ငံပိုင် China...
လူသုံးကုန်ပစ္စည်း တင်ဆောင်ခွင့်ပိတ်ပြီးနောက် ကားသမားများ အလုပ်အကိုင် ကြပ်တည်းလား
စစ်ကော်မရှင်တပ်မှ လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် လက်ဆက် ပိတ်ပင်ထားခြင်းကြောင့် သျှမ်းပြည် အရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ သွားလာနေသည့် ကားသမားများ အလုပ်အကိုင် ကြပ်တည်းမှု ကြုံတွေ့လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊...
ရွာငံစစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားပြီး ဆေးဝါးအကူညီများလိုအပ်နေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှ စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားပြီး ဆေးဝါးအကူညီများစွာ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် ရနဲကျေးရွာ အုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ် ၂၃ လုံးနှင့် စပါးကျီတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားလွတ်မြောက်ရေး တပ် DSNDA က...
AAC မဟာမိတ်အဖွဲ့ ကိုရဲမင်းမှ ခေါ်ဆောင်လာသော တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၃၀ ကျော် ဖမ်းဆီးခံရပြီးနောက် ပန်းရောင်ကတ် လျှောက်ထားခွင့်များလည်း ပိတ်သိမ်းလိုက်ရကြောင်း သတင်းအမှား ဖြန့်ချိနေသည်။ အဆိုပါအကြောင်းအရာကို အောက်တိုဘာလ ၁၇ ရက်နေ့က စစ်တပ်ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တစ်ခု ဖြစ်သည့် နေပြည်တော် ချန်နယ်မှ ဖြန့်ဝေခဲ့ပြီး...
မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...
သက်တမ်းကုန်ဆုံးသည့် စားသုံးကုန်များကို ရက်စွဲပြုပြင်ရောင်းချမှုရှိနေ
သျှမ်းပြည် တောင်ကြီးမြို့တွင် သက်တမ်းကုန်ဆုံးသည့် စားသောက်ကုန်များကို ရက်စွဲပြန်လည်ပြင်ဆင်ပြီး ရောင်းချနေကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် စျေးဝယ်သူများက ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့်အတူ စစ်ကော်မရှင်က နယ်စပ်ဒေသမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်ခြင်း၊ ပိတ်ပင်ထားခြင်းတို့ကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် ကုန်ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်လာသည်။ ထိုသို့ ကုန်ပစ္စည်းပြတ်လပ်ခြင်းများ ကြုံလာသည့်အခါ ကျန်ရှိနေသည့်...
သင်္ကန်းဝတ်ဖြင့် အမုန်းတရားဖြန့်နေသော ပေါက်ကိုယ်တော်
ပျူစောထီးလက်နက်ကိုင်အဖွဲ့၏ သင်္ကန်းဝတ်ခေါင်းဆောင် ပေါက်ကိုယ်တော် (ခေါ်) အရိယဝံသသည် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ ရောက်လာပြီးနောက် မြေပြင်ရှိ စစ်သည်များနှင့် တွေ့ဆုံကာ သျှမ်းနှင့် ပလောင် (တအာင်း) အကြား အမုန်းတရားပွားအောင် သွေးထိုးစကားများ ပြုလုပ်ခဲ့သည်။ တအာင်း(ပလောင်)အမျိုးသားများလွတ်မြောက်ရေးတပ်မတော် TNLA မှ တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...





