ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။

ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဟိုပုံးမြို့ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်မှုထမ်းကြေး၊ ဆက်ကြေးများသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကော်မရှင်က ပြည်သူ့စစ်မှုထမ်းဉပဒေကို အတည်ပြု အသက်သွင်းပြီးနောက်ပိုင်း နှစ်ဖက်တပ်ဖွဲ့ အပြိုင်အဆိုင် စတင်ကောက်လာခဲ့သည်။

“အခုကာလမှာ ကုန်ဈေးနှုန်းတွေလည်း တက်၊ ငွေဈေးနှုန်းတွေလည်း တက်လိုက်ကျလိုက်နဲ့ မိသားစု တစ်စုမှာ အလုပ်အကိုင် သိပ်မရှိရင် ဝင်ငွေလည်း သိပ်ရှိမှာမှ မဟုတ်တာ။ တချို့က စားဖို့တောင်မှ အဆင်မပြေတဲ့ဟာ ဒါတွေကို မရှိရှိအောင် ရှာနေရတာ။ ဒုက္ခ မျိုးစုံ ကြုံတွေ့နေရတယ်၊ မပြောပြတတ်အောင်ပါပဲ”ဟု ဟိုပုံးဒေသခံ ၎င်းအမျိုးသားက ပြောဆိုသည်။

စစ်ကော်မရှင်တပ်နှင့် PNO တပ်ဖွဲ့ အနေဖြင့် ပြည်သူများ စီးပွားရေး ကြပ်တည်းပြီး စားဝတ်နေရေး အဆင်မပြေမှုကို ငဲ့ကြည့်ရန် လိုအပ်ကြောင်း၊ ၎င်းတို့ တပ်ဖွဲ့နှစ်ဖွဲ့ ကောက်ခံရရှိသည့် ငွေကြေးများသည် စားဝတ်နေရေး အဆင်မပြေမှုကြား လူထုမှ ရှာဖွေပေးဆောင်နေရသည်ကို သိရှိနားလည်ရန် လိုအပ်ကြောင်းလည်း ဟိုပုံးမြို့ ဒေသခံများက ပြောသည်။

“ဒီဆက်ကြေးတွေ၊ စစ်မှုထမ်းကြေးတွေကို ပေးနေရတာ ဘယ်လို အဆင်ပြေနိုင်မလဲ။ ဒီပြည်သူတွေ အရင်ကတည်းက မပေးနိုင်တဲ့ဟာကို ပေးနေကြရတာလေ။ စားဖို့ သောက်ဖို့တောင် အဆင်မပြေတဲ့ဟာ၊ စားဖို့ မရှိရင်တောင်မှ အဲ့ဒါတွေကို အဓိက ဦးစားပေး ရှာပေးနေရတယ်။ ဘာလို့လဲဆိုတော့ ကြောက်နေကြရတာကိုး”ဟု ဟိုပုံးမြို့နယ် ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

စစ်ကော်မရှင်တပ်နှင့် PNO တပ်မှ ဟိုပုံးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်မှုထမ်းကြေး တစ်အိမ်လျှင် ၃ သောင်းကျပ်မှ ၅ သောင်းကျပ်အထိ ကောက်ခံနေသည့်အပြင် ကျေးရွာများတွင် ဆက်ကြေးများကို ၅ သောင်း ဝန်းကျင် လစဉ် ထပ်မံပေးဆောင်နေရကြောင်း သိရသည်။

အလားတူ ပင်လောင်းမြို့နယ်တွင်လည်း စစ်မှုထမ်း လစဉ်ကြေးအပြင် ပအိုဝ်းပြည်သူ့စစ် PNO ၏ စစ်အသုံးစရိတ်အတွက်ပါ လစဉ်ကြေး ထည့်ပေးနေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကော်မရှင်ဘက်မှ စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် သျှမ်းပြည်အတွင်းရှိ လူငယ်များသည် နိုင်ငံခြားတို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးတွင် စစ်မှုထမ်းကြေးများ၊ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေများတွင်လည်း ဆက်ကြေးများ လစဉ် ထည့်ဝင်နေကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...