ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်း၏ မိသားစုဝင်များမှ လိုက်လံရှာဖွေခဲ့ရာ ဇန်နဝါရီလ ၂၂ နံနက်ပိုင်းတွင် မြေနီကုန်းကျေးရွာမှ လူးကျေးရွာသို့ သွားသည့်လမ်းပေါ်တွင် ဦးမြင့်ဌေးကို ဓားဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိ ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ရာအိမ်မှူးအသတ်ခံရခြင်းနှင့် ပတ်သက်၍ PDF အဖွဲ့ဝင် ၈ ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ရွာငံမြို့နယ်အခြေစိုက် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော် (DSNDA) ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုကျားပျံကတော့ “ပြည်သူအပေါ် ထိခိုက်လာတာများလာရင်တော့ တော်လှန်ရေးအဖွဲ့အနေနဲ့ အခုလိုပဲ သတ်ဖြတ်နေကြရအုံးမှာပဲ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

သို့သော် မည့်သည့် လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

ထိုသို့ ရာအိမ်မှူးတစ်ဦး အသတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက မြို့အဝင်၊ အထွက် လမ်းများအားလုံးကို စစ်ဆေးတင်းကြပ်နေလျက်ရှိရာ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်က မြေနီကုန်းကျေးရွာမှ အလယ်ချောင်ကျေးရွာသို့ သွားသည့်လမ်းပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွာငံမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ရာအိမ်မှူးအသတ်ခံရပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲခဏဖြစ်သေးတယ်။ လက်နက်ကြီးတွေနဲ့ရော အပြန်အလှန် ပစ်ခတ်နေကြတယ်။ အခုအချိန်ထိတော့ သူတို့စစ်ဆေးတင်းကြပ်နေတုန်းပဲ။ ကားတွေ၊ ဆိုင်ကယ်တွေ ပေးမဖြတ်သေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများသည် စစ်တပ်သတင်းပေး သို့မဟုတ် ဒဟန်ဟုစွပ်စွဲပြီး မကြာခဏဆိုသလို အသတ်ခံရနေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူထားသည့် စာရင်းအရ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ ရွာငံမြို့နယ်အတွင်းရှိ အရပ်သားနှင့် အုပ်ချုပ်ရေးမှူးများကို ဒလန်ဟုစွပ်စွဲကာ အသတ်ခံရသူ စုစုပေါင်း ၁၃ ဦးအထိ ရှိကြောင်း သိရသည်။

လက်ရှိ ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) အပါအဝင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)၊ ၎င်းနှင့်ပူးပေါင်း လှုပ်ရှားနေသည့် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF)နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော် (DSNDA) တို့ လှုပ်ရှားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်အတွင်း လေပြင်းတိုက် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၆)ရက်နှင့် (၇)ရက်တွင် ရွာငံမြို့နယ်အတွင်း မိုးသီးကြွေကာ လေပြင်းတိုက်ခဲ့သောကြောင့် ဒေသခံစိုက်ခင်းများအပြင် နေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားသည့်အပြင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး ယနေ့အထိ မီးမလာသေးကြောင်း သိရသည်။ “မိုးတွေအရမ်းရွာတယ်...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

ရွာငံမြို့နယ် စစ်တပ်က တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် ကျောက်ငှက်ကျေးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ငါးဦးသည် ဆွေအမျိုးအိမ်သို့ အလည်သွားရာမှ အပြန် ကျောက်ငှက်ကျေးရွာနှင့် အုတ်တွင်းကျေးရွာ လမ်းတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး ငွေကျပ်သိန်း(၅၀)ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း...

လားရှိုးမြို့အဝင်အထွက် MNDAA စစ်ဆေးမှုတင်းကြပ်၊ စစ်တပ်ဘက်မှ လမ်းပိုင်းအချို့ ပိတ်ထား

0
သျှမ်းပြည် လားရှိုးမြို့အထွက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ထဲမှ သိန္နီဘက်ထွက်သည့် အေတီတံတားထိပ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး ကားအဝင်အထွက် စစ်ဆေးတင်းကြပ်နေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း...

သီလရှင်များ လိုက်ပါလာသည့်ယာဉ် ရွာငံမြို့နယ်အတွင်း တိမ်မှောက် ဒဏ်ရာအများအပြားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် သီလရှင်များ လိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး သီလရှင် (၁၀)ပါးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် တောင်ကြီးမြို့နယ် ၊ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်မှ သီလရှင်များသည် စစ်ကိုင်းမြို့သို့ သွားစဉ် ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် ဘရိတ်ပေါက်တာ...