စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။

စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊ ဟိုပုံး၊ နမ့်စန်၊ ကွန်ဟိန်း၊ ကာလိ၊ ပင်လောင်းနှင့် မိုင်းတုံ မြို့နယ်များတွင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နမ့်စန်၊ ကွန်ဟိန်းနှင့် ကာလိ မြို့နယ်များတွင် စစ်မှုထမ်းရန် လူငယ်များ မရှိသဖြင့် မြို့နယ် ဦးစီးမှု၊ လဝက ဦးစီးမှုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင်က ပွဲစားများမှတစ်ဆင့် ချိတ်ဆက်ဝယ်ယူနေရကြောင်း နမ့်စန်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ဝယ်ယူရာတွင် တစ်ဉီးလျှင် ကျပ် သိန်း ၅၀၊ ၆၀ ဝန်းကျင်သာ ရှိသော်လည်း ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များက သိန်း ၁၀၀ မှ ၁၁၀ အထိ တိုးမြှင့်ကောက်ခံကာ ကိုယ်ကျိုးရှာနေကြောင်း ဆိုသည်။

“တစ်မြို့နယ်ကို ၁၅ ယောက်လောက် တောင်းတယ်။ အတတ်နိုင်ဆုံးကတော့ တစ်ဝက်ပေါ့။ ဗမာပြည်ကကို ခေါ်ရင် ပွဲစားကနေတစ်ဆင့် ခေါ်ပေးတာရှိတယ်။ လူစားထိုးခေါ်ရင် သိန်း ၅၀၊ ၆၀ ရှိတယ်။ ဒါပေမယ့် အုပ်ကြီးတွေက သိန်း ၁၀၀ အထိ တောင်းတယ်။ တချို့ရပ်ကွက်တွေဆိုရင် သိန်း ၁၁၀ အထိ ပေးရတယ်” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကွန်ဟိန်းနှင့် ကာလိမြို့တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ထွေအုပ်ရုံးမှ မြို့ပေါ် ရပ်ကွင်းအတွင်း နေထိုင်သည့် ပြည်သူများ နေအိမ်သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းစာထဲတွင် စစ်မှုထမ်းအပတ်စဉ် (၂၁) အတွက် လူစားထိုးရန် တစ်အိမ်ထောင်လျှင် (၅၀,၀၀၀) ကျပ်ဖြင့် ကောက်ခံရန်ပါရှိကြောင်း ဒေသခံများက ပြောသည်။

“ရပ်ကွက် တစ်ခုနဲ့တစ်ခု မတူဘူး။ သူတို့ အုပ်စုခွဲပြီး တောင်းတာ။ ဥပမာ – ချမ်းသာတဲ့အိမ်ဆိုရင် ငါးသောင်း၊ အလယ်အလတ်ဆိုရင် သုံးသောင်း၊ အနိမ့်ဆုံးကတော့ နှစ်သောင်းအထိ ကောက်တယ်။ အထက်ကအမိန့်ကို မလွန်ဆန်နိုင်လို့ဆိုပြီး ထင်းရောင်းစားပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေကိုလည်း အကုန်ကောက်တယ်” ဟု အထက်ပါ ဒေသခံတစ်ဦးက ထပ်လောင်း ပြောသည်။

အလားတူ မိုင်းတုံမြို့နယ်တွင်လည်း စစ်မှုထမ်းလစဉ်ကြေး သုံးလစာအတွက် ထည့်ပြီးပြီဖြစ်သော်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ထပ်မံကောက်ယူနေကြောင်း မိုင်းတုံမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တကယ်တမ်း သုံးလစာအတွက် ထည့်ပြီးပြီ။ အဲ့ဒါကို အုပ်ချုပ်ရေးမှူးက ဘာမှမသိဘူး၊ အထက်က အမိန့်အတိုင်း ကောက်တယ်လို့ပဲ ပြောတယ်။ ဒီတိုင်းဆက်သွားမယ်ဆိုရင် အခွန်လိုမျိုး ဆောင်နေရမှာပေါ့။ စားဝတ်နေရေး ခက်ခဲနေတဲ့ကြားထဲက ဒီလိုလာကောက်တော့ ဘယ်လိုဖြေရှင်းရမှန်း မသိဘူး။ ဘယ်သူ့ကို အကူအညီခေါ်ရမှန်းလည်း မသိဘူး” ဟု မိုင်းတုံမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ပင်လောင်းနှင့် ဟိုပုံးမြို့နယ်တွင်လည်း စစ်ကော်မရှင်၏ စစ်မှုထမ်း လစဉ်ကြေးအပြင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA)၏ စစ်အသုံးစရိတ်နှင့် အခွန်ပါ ဆောင်နေရသဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီ ဖြစ်ကြောင်း ပင်လောင်းမြို့ခံတစ်ဦးက ပြောသည်။

“အနည်းဆုံး တစ်လကို ငါးသောင်းထည့်ရတယ်။ စစ်မှုထမ်း လစဉ်ကြေးရော၊ စစ်အသုံးစရိတ်ရော၊ အခွန်ရော ထည့်ရတယ်။ ပိုက်ဆံမရှိရင်လည်း ရှိတဲ့ဟာတွေရောင်းပြီး ထည့်ပေးနေရတာ။ ကြာလာတော့ လူတွေလည်း အရမ်းပင်ပန်းနေပြီ” ဟု ပင်လောင်းမြို့ခံတစ်ဦးက ပြောသည်။

ပင်လောင်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်မှုထမ်း လစဉ်ကြေးအတွက် တစ်အိမ်ထောင်လျှင် ၁၀,၀၀၀ ကျပ် ကောက်ခံနေပြီး ပအိုဝ်းပြည်သူ့စစ် (PNO/PNA)၏ စစ်အသုံးစရိတ်အတွက် တစ်အိမ်ထောင်လျှင် ၃၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ အကျပ်အထိ ကောက်ခံနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ကားဘီးလိမ့်ခွန်အတွက် ငွေကျပ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)ထံ အခွန်ဆောင်ရသေးကြောင်း ဆိုသည်။ ဟိုပုံးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင်မူ စစ်မှုထမ်း လစဉ်ကြေးအတွက် တစ်အိမ်ထောင်လျှင် ၃၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ အကျပ်အထိ ကောက်ခံနေကြောင်း သိရသည်။

တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်း ခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။

ထိုဥပဒေကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥပဒေပြုခဲ့ခြင်း ဖြစ်ပြီး အရပ်သားအစိုးရများ လက်ထက်တွင် ကျင့်သုံးခြင်း မရှိသော်လည်း ယခုအခါ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ကာ အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် မပြည့်မီအထိ သတ်မှတ်ထားပြီး အမျိုးသမီးများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ သတ်မှတ်ထားသည်။

စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် သင်တန်သား ၅,၀၀၀ နှုန်းဖြင့် ၂၀၂၅ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ စစ်မှုထမ်း အပတ်စဉ် ၂၀ ကြိမ် ဖွင့်လှစ်ထားပြီး ဖြစ်သည်။ အဆိုပါ ကိန်းဂဏန်းအတိုင်းသာဆိုလျှင် စစ်တပ်က ၂ နှစ်နီးပါးအတွင်း စစ်သားသစ် ၁၀၀,၀၀၀ (တစ်သိန်း) စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...