CATEGORY

သတင်း

တောင်လေးလုံး အနီး ကားတစ်စီး သေနတ်ပစ်ခံရ တစ်ဦးသေဆုံးသွား

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ တောင်လေးလုံးအနီး ရေပယ်ကျေးရွာ နှင့် မြဘုရင် သကြားစက်ရုံအကြားတွင် ကားတစ်စီးကို စစ်ကောင်စီက လိုက်လံ ပစ်ခတ်ပြီး တစ်ဦးသေဆုံးကာ ၊ နှစ်ဦးက ထိခိုက်ဒဏ်ရာဖြင့် လွတ်မြောက်သွားကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၃) ရက် မွန်းလွဲပိုင်းတွင် ရေပယ်ကျေးရွာ မှ...

သျှမ်းပြည်အတွင်း ကုန်စုံဆိုင်တစ်ချို့ အရောင်းဝယ် ရပ်ဆိုင်းထား

စစ်ကောင်စီသည် ဇူလိုင်လကုန် ၂ သောင်းတန် အသစ်ကို ထုတ်ဝေသွားမည်ဟု ကြေညာပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ဆေးဆိုင်၊ ကုန်စုံဆိုင်အချို့က အရောင်း၊ အဝယ် ရပ်တန့်ထားကြောင်း စုံစမ်း သိရှိရသည်။ လက်ရှိ သျှမ်းပြည် တောင်ကြီးမြို့နယ်အတွင်း ဆေးကုမ္ပဏီ ၊ အချိုရည်ကုမ္ပဏီ ၊ ကုန်စုံဆိုင်များ ကုန်တင်ပို့မှုမရှိတော့ဘဲ ဆိုင်များလည်း...

စစ်အုပ်စု၏ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့သတ်ဖြတ်မှုများ ပိုများလာနေ

နိဒါန်း “ပြစ်မှု” ကျူးလွန်ကြောင်း တစုံတရာမပြနိုင်ဘဲ မြန်မာပြည်သူများကို လူထုလူတန်းစားမရွေး၊ ကျားမ မရွေး၊ ကလေးလူကြီး မရွေး ဖမ်းဆီးချုပ်နှောင်ကာ နီးစပ်ရာ ရဲစခန်း၊ အချုပ်ခန်းများထံ ခေါ်ဆောင်သွားခြင်း၊ ထိုမှတဆင့် အမှုပြင်ဆင်ခြင်း၊ အမှုဖွင့်ခြင်းနှင့် တရားစွဲခြင်းတို့ကို အကန့်အသတ်မဲ့ ပြုလုပ်လျက်ရှိသော အာဏာသိမ်းစစ်အုပ်စုသည် အကျဉ်းထောင်များအတွင်း ၎င်းတို့အဓမ္မ ဖမ်းဆီးထားသည့်...

စယ်လန့်ကျေးရွာ TNLA နှင့် စစ်ကောင်စီ တိုက်ပွဲကြား ပြည်သူ့စစ် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ အနီး ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွင် ပြည်သူ့စစ် ၁ ဦးသေ ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း...

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ အရာရှိ နှင့် တပ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင် ကွတ်ခိုင်မြို့နယ်ရှိ တိုးဂိတ်အနီးတွင် စစ်ကောင်စီ လက်အောက်ခံ အရာရှိ တစ်ဦး နှင့် တပ်သားတို့က အရက်တူတူသောက်ရာမှ စကားများပြီး အချင်းချင်း သေနတ်ပစ်ခတ်မှု...

စယ်လန့်ကျေးရွာအနီး TNLA နဲ့ စကစ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေ

သျှမ်းပြည် မူဆယ်ခရိုင်၊ စယ်လန့်ကျေးရွာအနီးရှိ နမ့်မွမ်းတံတားအနီးတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၃ ) ရက် ညနေပိုင်း ၅...

ကျပ် နှစ်သောင်းတန် စစ်ကောင်စီ ထုတ်မည်ဟု တရားဝင်ကြေညာ

အာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်း စစ်ကောင်စီမှ နှစ်သောင်းကျပ်တန် ငွေစက္ကူကို ယခုလကုန်ပိုင်း ဇူလိုင် ၃၁ရက်တွင် ထုတ်မည်ဟု တရားဝင်ကြေညာလိုက်သည်။ လက်ရှိအခြေအနေမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန် မြန်မာကျပ်ငွေ တန်ဖိုး ထိုကျဆင်းနေချိန်ကာလအတွင်း စစ်ကောင်စီမှ နှစ်သောင်းကျပ်တန် ထုတ်မည်ဟု ကြေညာလိုက်ခြင်းသည် ငွေကြေးဖောင်းပွမှုကို ပိုပြီးဖြစ်လာနိုင်ကြောင်း ပြည်သူများက သုံးသပ်ပြောဆိုလိုက်သည်။ ထို...

မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦးကို PNO မှဖမ်းဆီးရိုက်နှိက် ငွေတောင်းပြီး ပြန်လွတ်ပေး

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းစံကား အနောက်ခြမ်းရှိ ကျေးရွာမှ မူးယစ်ဆေးဝါး သုံးစွဲသူ လူ ၃ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ဖမ်းဆီးရိုက်နှိက် ငွေတောင်းယူခဲ့ပြီး တစ်ရက်အတွင်း ပြန်လွတ်ပေးခဲ့ကြောင်း သတင်း သိရသည်။ လက်ရှိ ဇူလိုင် ပထမပတ်အတွင်း ညောင်ရွှေမြို့နယ် အင်းစံကား အနောက်ခြမ်းရှိ...

“မိုးဗြဲ – ပင်လောင်းတွေဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ချေရှိတယ်”

သျှမ်း - ကရင်နီ နယ်စပ်မှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ ကရင်နီ မယ်စဲ့မြို့ ၊ ဘောလခဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကရင်နီပြည်တွင်း တိုက်ပွဲ အခြေနေ ဘယ်လိုရှိနေလဲ။ သျှမ်းပြည် ဖယ်ခုံမြို့နယ် နဲ့ ပင်လောင်းမြို့နယ်ဘက်မှာကော...

လင်းခေးမြို့နယ်အတွင်း မိုးကြီး ရေကြီးမှုကြောင့် တံတားတစ်စင်း ပျက်

သျှမ်းပြည် လင်းခေးမြို့နယ်အတွင်း မိုးကြီးရေကြီးမှုကြောင့် တံတားတစ်စင်း ပျက်စီးရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်း ၁ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ ချောင်းရေများ မြင့်တက်လာရာ လင်းခေးမြို့နယ်မှ မက်ကျန်းမွန်းကျေးရွာ နှင့် နမ့်ဆိုင်းကျေးရွာကြားရှိ ပန်နမ့်ဟူးချောင်းကူး တံတား ပျက်စီးရကြောင်း...

Latest news