Saturday, May 4, 2024

ကျပ် နှစ်သောင်းတန် စစ်ကောင်စီ ထုတ်မည်ဟု တရားဝင်ကြေညာ

Must read

အာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်း စစ်ကောင်စီမှ နှစ်သောင်းကျပ်တန် ငွေစက္ကူကို ယခုလကုန်ပိုင်း ဇူလိုင် ၃၁ရက်တွင် ထုတ်မည်ဟု တရားဝင်ကြေညာလိုက်သည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူ

လက်ရှိအခြေအနေမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန် မြန်မာကျပ်ငွေ တန်ဖိုး ထိုကျဆင်းနေချိန်ကာလအတွင်း စစ်ကောင်စီမှ နှစ်သောင်းကျပ်တန် ထုတ်မည်ဟု ကြေညာလိုက်ခြင်းသည် ငွေကြေးဖောင်းပွမှုကို ပိုပြီးဖြစ်လာနိုင်ကြောင်း ပြည်သူများက သုံးသပ်ပြောဆိုလိုက်သည်။

ထို ကျပ်နှစ်သောင်းတန် ကို ထုတ်ရခြင်းမှာ စစ်ကောင်စီခေါင်းဆောင် နေပြည်တော်တွင် တည်ထားသည့် ဇာရဝီဇယ ရုပ်ပွားတော်မြတ်တည်ဆောက်ပြီးခြင်းနှင့် ဆင်ဖြူတော် တနှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက်ကြောင့် ထုတ်ဝေရခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။

လက်ရှိ ထုတ်မည် ကျပ်နှစ်သောင်းတန် သည် အစိမ်းနုရောင်ဖြစ်ပြီး အရှေ့မျက်နှာတွင် ဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားကာ ကျောဘက်တွင် စစ်ကိုင်းတံတားပုံနှင့် ဧရာဝတီတံတား (ရတနာပုံ) ပါရှိကြောင်း သိရသည်။

အဆိုပါ ကျပ် နှစ်သောင်းတန်ကို အရေအတွက် အကန့်အသတ်နှင့်သာ ထုတ်ဝေ မည်ဖြစ်ကြောင်း ဟောင်းနွမ်းငွေစက္ကူများကိုလည်း တန်ဖိုးတူလှဲလှယ်ပေးသွားမည်ဟု စစ်ကောင်စီ က ကြေညာထားသည်။

Leave a Comments

- Advertisement -spot_img

Latest article