Wednesday, January 28, 2026

စယ်လန့်ကျေးရွာ TNLA နှင့် စစ်ကောင်စီ တိုက်ပွဲကြား ပြည်သူ့စစ် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ အနီး ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွင် ပြည်သူ့စစ် ၁ ဦးသေ ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။

တိုက်ပွဲကြောင့် ပျက်စီးသွားသည့် ထော်လာဂျီ

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းအချိန်တွင် စယ်လန့်ကျေးရွာ နမ့်မွမ်းကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ပြည်သူ့စစ်များ ထိခိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပုံက TNLA တပ်ဖွဲ့ အခွန်ကောက်နေတဲ့ နမ့်မွမ်းတံတားကို ပြည်သူ့စစ်ကားက ဖြတ်မလို့ ကပ်လာတာ ပေါ့။ ဒါပေမဲ့ TNLA က ကြိုပစ်လိုက်တာ။ အဲ့ကနေ စစ်ကောင်စီတပ်ကလည်း ဝင်ပစ်တယ်။ အဲ့ကြောင့် တိုက်ပွဲ ဖြစ်တာ။ ပြည်သူ့စစ် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရသွားတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယင်းတိုက်ပွဲကြောင့် စယ်လန့်မှ ဒေသခံ နေအိမ်များလည်း ထိခိုက်ပျက်စီးရကြောင်းလည်း သိရသည်။

တိုက်ပွဲကြောင့် ပျက်စီးသွားသည့် ထော်လာဂျီ

“စယ်လန့်ကျေးရွာမှာ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးတယ်။ မှန်ပြတင်းပေါက်တွေဆို အကုန်ကွဲတာ၊ အိမ်နံရံတွေ ကိုလည်း ထိတယ်။ ကားတွေကိုလည်း ထိတယ်။ တော်တော်များများ ထိခိုက်ပျက်စီးသွားတယ်” ဟု စယ်လန့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့် အတွက် စယ်လန့်မှ နမ့်ခမ်းတက်လာသည့် ကားသမားလည်း လမ်းဘေးတွင် ထိုးရပ်ထားရသေးကြောင်း သိရသည်။

အဆိုပါ နမ့်မွမ်းတံတားသည် TNLA တပ်ဖွဲ့မှ အခွန်ကောက်ရန် လာစောင့်သည့် နေရာဖြစ်ပြီး နေ့စဥ်ရက်ဆက် ကောက်ယူတောင်းခံမှုကြောင့် ဒေသခံများ သွားရေးလာရေးအတွက်လည်း ခက်ခဲကြောင်း သိရသည်။

ထို ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့ အပြင်၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကလည်း သွားလာ လှုပ်ရှားလေ့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...