Friday, January 30, 2026

CATEGORY

သတင်း

သျှမ်းပြည်ထဲ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဟု စစ်ကော်မရှင်ကြေညာ

သျှမ်းပြည်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA နှင့် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်) တွင် UEC ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းလွှတ်တော်များအတွက်...

မဲခေါင်မြစ်မှတဆင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် Wiang Kaen မြို့နယ်နှင့် Chiang Khong မြို့နယ်ရှိ မဲခေါင်မြစ်မှတစ်ဆင့် ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ အဆိုပါမူးယစ်ဆေးဝါးများကို (စက်တင်ဘာလ ၁၂ ရက်)က ချင်းရိုင်ခရိုင် Chiang Khong မြို့နယ်တွင်...

စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဆိုသည့် သတင်းအမှား

သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဟု ဆိုကာ သတင်းအမှားဖြန့်ချိနေပါသည်။ အဆိုပါသတင်းအမှားကို “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” ဆိုသည့် စာမျက်နှာတစ်ခုမှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ဝေထားခြင်း ဖြစ်သည်။ ၎င်းက”သီပေါကနေ ကျောက်မဲဘက်ကို ထွက်လာတဲ့ TNLA ရဲ့...

တန့်ယန်းမြို့အတွင်း KTV နှင့် အနှိပ်ခန်း ပေါများလာ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် နှစ်နှစ်ကျော်ကာလအတွင်း ကေတီဗွီ (KTV)နှင့် အနှိပ်ခန်းများ ပေါများလာကြောင်း ဒေသခံပြောဆိုချက်အရ သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ပြီး ယခုလက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးတွဲထိန်းချုပ်ထားသည့် တန့်ယန်းမြို့တွင် ကေတီဗွီ KTV နှင့် အနှိပ်ခန်းများ ပေါများလာပြီး...

နောင်ပိန်ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းလုပ်၊ ရွာထဲ ပစ္စည်းဝင်ယူသူများကို ရိုက်နှက်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းပြုလုပ်နေပြီး နောင်ပိန်ရွာထဲ ပစ္စည်းဝင်ယူသည့် ရွာသားများကို ရိုက်နှက်မောင်းထုတ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့် စစ်ကော်မရှင်တပ်သည် ပြန်လည်ပြင်ဆင်ထားသည့် ဂုတ်တွင်းတံတားဘက်မှတဆင့် တပ်အချိန်းအပြောင်း ပြုလုပ်နေပြီး...

ဟဲဟိုးတွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွား

သျှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့တွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟဲဟိုးမြို့အနီးရှိ နဂါးချောင်း ရေလျှံလာပြီး လူနေရပ်ကွက်အချို့၊ သျှမ်းရွာရပ်ကွက်ရှိ လမ်းနှင့် နေအိမ်များတွင် ရေများဝင်ရောက်ပြီး အုတ်တံတိုင်းပြိုကျကာ ယနေ့ (စက်တင်ဘာ...

နမ့်ခမ်းမြို့ကို TNLA လက်လွတ်ရမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ၂၀၂၆ အတွက် အခွန်ကြိုတင်ကောက်နေ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းမျိုးစုံထံ အခွန်ကြိုတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့် လုပ်ငန်းအမျိုးမျိုးကို...

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယူနက်စကို (UNESCO) စာရင်းဝင် တင်သွင်းရန် ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ကမ္ဘာ့အမွေအနှစ် ယူနက်စကို (UNESCO) စားရင်းဝင် တင်သွင်းရန် ကြိုးစားနေကြောင်း သတင်းရရှိသည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေနှစ် စာရင်းဝင်နိုင်ရန်အတွက် ကြိုးစားလျှက်ရှိကြောင်းနှင့် ယခင်နှစ်များထက် ယခုနှစ်တန်ဆောင်တိုင် ပွဲတော်သည် ပို၍ စည်ကားလာနိုင်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက တာဝန်ရှိသူ...

ဘန်ကောက်တွင် တရားမဝင် E-cigarette ထုတ်လုပ်သည့် စက်ရုံတစ်ခုအတွင်း မြန်မာနိုင်ငံသား ၁၁ ဦးဖမ်းမိ

ဘန်ကောက်မြို့၊ Bang Khun Thain ခရိုင်၊ ဂိုထောင်တစ်ခုအတွင်း တရားမဝင် E-cigarette ထုတ်လုပ်သည့် နေရာတွင် တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁၁ ဦးဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Prawet ခရိုင်အတွင်း...

တောင်ကြီးမြို့ နေအိမ်တစ်လုံး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွား

သျှမ်းပြည် တောင်ကြီးမြို့ရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) နေ့လယ် ၁၂ နာရီခွဲဝန်းကျင်တွင် တောင်ကြီးမြို့၊ ညောင်ရွှေ ဟော်ကုန်းရပ်ကွက် နယ်မြေ (၃) ရှိ နေအိမ်တစ်လုံးတွင် လူမရှိချိန် လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ပွားမှုမှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း...

Latest news