PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ် FPTP နှင့် အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စာရင်းများကို ထုတ်ပြန်ခဲ့သည်။

ထိုထဲတွင် အရေးပေါ်အခြေအနေ ကြေညာခံထားရသည့် မြို့နယ် (၁၇) နှင့် စစ်အစိုးရအဆက်ဆက် တစ်ကြိမ်တစ်ခါမျှ ရွေးကောက်ပွဲ မကျင်းပဖူးသည့်‘ဝ’ဒေသ အပါအဝင် သျှမ်းပြည်ရှိ မြို့နယ်အားလုံးအတွက် အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် တစ်မြို့နယ်လျှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျ ရွေးကောက်တင်မြှောက်ထားသည်။

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ‘ဝ’ဒေသသည် အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်မည့် သျှမ်းပြည် မဲဆန္ဒနယ် အမှတ်(၆) တွင် ပါဝင်သည်။

‘ဝ’ဒေသရှိ ပန်ဆန်း(ပန်ခမ်း)၊ ဟိုပန်၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းမောမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည NUP) တို့မှ PR စနစ်ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွဲတမ်းရရှိထားသည်။

အလားတူ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့ ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်များတွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း PR စနစ်ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ထားသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းရှိ ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ်များတွင်လည်း ကြံ့ခိုင်ရေးပါတီ USDP ၊ ကျားဖြူပါတီ SNDP ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ INLP ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ DNDP တို့မှ PR စနစ်ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အသီးသီး ခွဲတမ်းရရှိကြသည်။

သျှမ်းပြည်နယ်လွှတ်တော်အတွက် မြို့နယ်/ခရိုင်များကို စုပေါင်း၍ အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် (၆) ခု သတ်မှတ်ထားပြီး လွှတ်တော်ကိုယ်စားလှယ် (၅၅) ဦးကို ရွေးကောက်တင်မြှောက်မည်ဟု ၂၀၂၅ ဩဂုတ်လ ၁၅ ရက်တွင် UEC မှ ကြေညာထားသည်။

သျှမ်းပြည်ရှိ ၅၅ မြို့နယ်အနက် ၃၈ မြို့နယ်၌သာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး မြောက်ပိုင်းမဟာမိတ်တပ်များ (TNLA ၊ MNDAA ၊ KIA ၊ UWSA) ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပကြောင်း စစ်ကော်မရှင်လက်အောက်ခံ UEC က ယမန်နှစ် ၂၀၂၅ စက်တင်ဘာလ (၁၄) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်နယ်/တိုင်း လွှတ်တော်များအတွက် တစ်မြို့နယ်လျှင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကျ ရွေးကောက်တင်မြှောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းကြောင့် စစ်ကော်မရှင် ပြောင်းလဲလိုက်သည့် ရွေးကောက်ပွဲစနစ်တွင် တစ်ဦးကို FPTP စနစ်နှင့် ကျန်တစ်ဦးကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် USDP ပါတီမှ စိုင်းလုံကျော် ဖြစ်လာ

0
သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ်တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံခဲ့ရသည့် စိုင်းလုံကျော်ကို တင်မြှောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို စတင်ခေါ်ယူ ကျင်းပခဲ့သည်။ အဆိုပါ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...