အင်းလေးဒေသခံ ၂ ဦး ဖမ်းဆီးခံရပြီးနောက် နေအိမ်ကို ချိတ်ပိတ်
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် လင်မယား ၂ ဦးသည် ၁ လကျော်ကြာသည်အထိ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရပြီး ၎င်းတို့၏ နေအိမ်ကိုပါ စစ်ကောင်စီက လာရောက် ချိတ်ပိတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုဖမ်းဆီးခံရသည့် လင်မယား (၂) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု...
ထိုင်းနိုင်ငံတွင်း မြန်မာလုပ်သား ၁ ဦး ဓားထိုးခံရပြီး သေဆုံး
ထိုင်းနိုင်ငံ စမွတ်ဆာခွမ်းခရိုင်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဦးကို အမည်မသိ လူတစ်စုမှ ဓားဖြင့် ဝိုင်းဝန်းထိုး၍ သေဆုံးသွားခဲ့ကြောင်း စုံစမ်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်း ၁ နာရီဝန်းကျင်တွင် အသက် ၂၀ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးသည် အိမ်သို့ ပြန်လာနေစဉ်...
မိုးဗြဲမြို့ စစ်ကောင်စီ ရေကာတာစောင့် တပ်စခန်းမှ လက်နက်ကြီး နေ့စဥ် ရမ်းသမ်းပစ်ခတ်နေ
သျှမ်း - ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ ရေကာတာ စောင့် တပ်စခန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရှိရသည်။ မိုးဗြဲမြို့ အခြေစိုက် ခမရ (၄၂၂) မိုးဗြဲဆည် အစောင့်တပ်စခန်းမှ (ရေကာတာအစောင့်တပ်) နေ၍ အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း နှင့်...
နမ္မတူမြို့နယ်အတွင်း TNLA မှ တပ်သားသစ် စုဆောင်း ဒေသခံများ ထွက်ပြေးနေရ
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ တပ်သားသစ်အတွက် လိုက်လံစုဆောင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေး နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စု၊ ကောင်းဆာကျေးရွာအတွင်းသို့ စက်တင်ဘာလ (၁၉) ရက် နှင့် (၂၃) ရက်တို့သည်...
ကျေးသီးမြို့နယ် ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီအသစ်တစ်ခု ထပ်တိုး
သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန်အတွက် ကုမ္ပဏီအသစ် တစ်ခု ထပ်မံရောက်ရှိလာကြေင်း စုံစမ်းသိရသည်။ လက်ရှိ စက်တင်ဘာလ စတုတ္တပတ်အတွင်း ကျေးသီးမြို့နယ်၊ မိုင်းကောင် (ဝ်) အုပ်စုအတွင်းတူးဖော်နေသည့် ကျောက်မီးသွေးတွင်း နေရာ၌ နောက်ထပ် ကုမ္ပဏီ အသစ် တစ်ခုရောက်လာနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
လားရှိုးမြို့ DENKO ဆီဆိုင် ဗုံးပေါက်ကွဲ၊ ၂ ဦးထက်မနည်း သေဆုံး ထိခိုက်ဒဏ်ရာရသူများပြား
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ DENKO ပန့်ဆီဆိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးထက် မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားနေကြောင်း သိရသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီ ၅၅ မိနစ်တွင် လားရှိုးမြို့ပြင် ခိုဆန်တန် ကျေးရွာ...
နမ့်ဖတ်ကာတိုက်ပွဲ အရပ်သား ၂ ဦး လက်နက်ကြီး ထိမှန်
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ လူနေအိမ်ရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တစ်ရက်တည်း အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်း ၁၁ နာရီအချိန်မှစပြီး နမ့်ဖတ်ကာ ရပ်ကွက် ၄ ထဲတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်...
တရုတ်၊ ရုရှား၊ မြောက်ကိုးရီးယား အကူအညီဖြင့် အာဏာသိမ်း စစ်အုပ်စု၏ နျူကလီးယားအိပ်မက်
SHAN -
နိဒါန်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမည်ဟု ထုတ်ဖော်ပြောဆိုထားသည့် အာဏာသိမ်းစစ်အုပ်စု သည် နျူကလီးယားစစ်လက်နက်အား မကြာခဏထုတ်ဖော်စမ်းသပ်နေတတ်သော မြောက်ကိုးရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးလမ်းကြောင်းကိုပါ ထုတ်ဖော်ပြသလာပြီဖြစ်သည်။ နျူကလီယားစွမ်းအင်အတွက် ရုရှား သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မကြာမီကာလအတွင်း နျူကလီးယားစွမ်အင်အား အသုံးချနိုင်ရန် ကြိုးပမ်းနေကြောင်း ပြောဆိုထားပါသည်။ ယခုတစ်ပတ် BNI-Myanmar Peace Monitor...
တရုတ်ပြည်တွင်း အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများ လုပ်အားခ လျှော့ချခံရ
တရုတ်ပြည် ရွှေလီမြို့ နှင့် မန်စီမြို့အတွင်း သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများသည် လုပ်အားခ လျှော့ချခံနေရကြောင်း စုံစမ်းသိရသည်။ မြန်မာလုပ်သားများသည် ယခင်က လုပ်အားခ တစ်လကို တရုတ်ယွမ်ငွေ ၂,၅၀၀ ကျော် (မြန်မာကျပ်ငွေ ၁၁ သိန်းကျော်) ရရှိခဲ့ရာ လက်ရှိတွင် လုပ်အားခ တစ်လကို ယွမ်ငွေ...
ကွတ်ခိုင်မြို့နယ်တွင်း TNLA တပ်စခန်း စစ်ကောင်စီ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်
သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအုပ်စုအတွင်းရှိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်စခန်း တစ်နေရာကို စစ်ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင် မိုင်းယုကျေးရွာအုပ်စု၊ ငေါ့ငါးရွာအနီးရှိ...





