မိုးဗြဲမြို့ စစ်ကောင်စီ ရေကာတာစောင့် တပ်စခန်းမှ လက်နက်ကြီး နေ့စဥ် ရမ်းသမ်းပစ်ခတ်နေ

သျှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ ရေကာတာ စောင့် တပ်စခန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရှိရသည်။

မိုးဗြဲမြို့ အခြေစိုက် ခမရ (၄၂၂) မိုးဗြဲဆည် အစောင့်တပ်စခန်းမှ (ရေကာတာအစောင့်တပ်) နေ၍ အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း နှင့် အနီးတဝိုက်ရှိ ကျေးရွာများကို တာဝေးပစ် လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေကြောင်း မိုးဗြဲမြို့ အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲကတော့ ငြိမ်နေတယ်။ ဒါပေမယ့် လက်နက်ကြီးတွေ နဲ့ နေ့တိုင်းလိုလို ရမ်းသမ်း ပစ်နေတယ်။ ဗိုးဗြဲမြို့ ရေကာတာကုန်းပေါ်ကနေ လှမ်းပစ်တာ။ နေအိမ်ထိတာ၊ လူမှန်တာတွေ ရှိတယ်။ ပြီးခဲ့တဲ့ ၄ ရက်လောက်ကလည်း တစ်ယောက်ထိသေးတယ် “ ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများနှင့် စစ်ရှောင်များသည် နေအိမ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

လက်ရှိ မိုးဗြဲမြို့နယ်တွင် တိုက်ပွဲငြိမ်သက်လာချိန် ၄ လ ဝန်းကျင်ရှိပြီး ဖြစ်သော်လည်း လယ်ယာအတွင်း လူစုဝေးခြင်း၊ သွားလာလှုပ်ရှားခြင်း ရှိပါက စစ်ကောင်စီသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် ခြိမ်းခြောက်နေကြောင်း မိုးဗြဲမြို့ဒေသခံ တစ်ဦးကဆိုသည်။

“ ဒီဆည်အောက်မှာ စပါးတွေ လက်လှမ်းမှီသလောက် တောင်သူတွေ စပါးစိုက်တာရှိတယ်။ လူတွေအရမ်းအုံလာပြီဆိုရင် လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ။ ပုံမှန်လို့တောင် ပြောလို့ရတယ်။ တစ်နေ့ကို အနည်းဆုံး ၁၀ လုံးလောက်ပစ်နေတာ။ မနက် နဲ့ ညနေပိုင်းမှာ ပစ်တာရှိတယ်။ ညနေပိုင်းတော့ သူတို့ပိုပစ်တယ် “ ဟု ၎င်းဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ယင်းကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူများအနေဖြင့် သတိထား သွားလာရန်၊ လုံခြုံရေး ဂရုပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် မိုးဗြဲမြို့ပေါ်ရှိ ညောင်ဝိုင်းရပ်ကွက်၊ စည်ကား ရပ်ကွက် (၁) နှင့် (၂) တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေထိုင်လျက်ရှိသောကြောင့် စစ်ရှောင်များ နေရပ်ပြန်လည်နေရာ ချထားရေး မရသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူဦးရေ သောင်းနှင့်ချီ ထွက်ပြေးနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...