အင်းလေးဒေသခံ ၂ ဦး ဖမ်းဆီးခံရပြီးနောက် နေအိမ်ကို ချိတ်ပိတ်

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် လင်မယား ၂ ဦးသည် ၁ လကျော်ကြာသည်အထိ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရပြီး ၎င်းတို့၏ နေအိမ်ကိုပါ စစ်ကောင်စီက လာရောက် ချိတ်ပိတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုဖမ်းဆီးခံရသည့် လင်မယား (၂) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်၌ စစ်ကောင်စီက အိမ်တွင်းဝင်ရောက် ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ နေအိမ်ကို စက်တင်ဘာ (၂၇) ရက်တွင် စစ်ကောင်စီက နေအိမ်ချိတ်ပိတ်သွားခဲ့ကြောင်း အင်းလေးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အိမ်ကို ချိတ်မပိတ်ခင် ၃ ရက်လောက်က ပစ္စည်းသိမ်းဖို့လာပြောသွားတယ်။ ပစ္စည်းသိမ်းပြီး နောက်ရက်တော့ သူတို့လာပြီး နေအိမ်ကို ချိတ်ပိတ်လိုက်တာပဲ။ အဲ့အိမ်က ကလေး ၂ ယောက်တော့ သူတို့အဖိုးဆီမှာ သွားနေရတယ် “ ဟု ၎င်းဒေသခံက ပြောသည်။

လက်ရှိ ဖမ်းဆီးချုပ်နှောင်ထားသည့် လင်မယား ၂ ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင် တစ်ကြိမ်ရုံးထုတ်ခဲ့ပြီး လာမည့် အောက်တိုဘာလ ၅ ရက်၌ နောက်တစ်ကြိမ် ရုံးချိန်း စီစဉ်ထားကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဖမ်းဆီးခံထားရသည့် လင်မယား ၂ ဦးကို မည့်သည့် ပုဒ်မဖြင့် တရားစွဲဆိုထားသည်ကို မသိရှိရသေးပေ။

စစ်ကောင်စီသည် ၎င်းတို့ထင်မြင်သလို ခိုင်မာသည့် သက်သေအထောက်အထားမရှိဘဲ ပြည်သူများကို အကြောင်းပြချက် အမျိုးမျိုးဖြင့် စွပ်စွဲပြီး လိုက်လံဖမ်းဆီးဆောင်ရွက်နေခြင်းသည် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC – Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောသည်။

“စစ်ကောင်စီတွေဘက်က သူတို့မှာ သက်သေ အထောက်အထား၊ အခိုင်အမာ မရှိဘဲနဲ့ လူတွေကို နိုင်ထက်စီးနင်း အရင်ဖမ်းတယ်။ ဖမ်းပြီးရင်သူတို့မိသားစုတွေ နဲ့ လုံးဝ အဆက်သွယ်ပေးမလုပ်ဘူး။ ပြီးရင်သူတို့ ညှင်းပန်းနှိပ်စက်မှု အမျိုးမျိုးလုပ်တယ်။ သူတို့ လိုချင်တဲ့ အဖြေကို ဝန်ခံခိုင်းတယ်။ ဒါက လူ့အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်နေတယ် “ ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသူ ၂၄,၈၅၆ ဦးရှိပြီး သတ်ဖြတ်ခံရသူ ၄,၁၂၆ ဦးရှိကာ ထိန်းသိမ်းခံထားရသူ စုစုပေါင်း ၁၉,၂၈၄ ရှိပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောင်ရေးအသင်းမှ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...