နမ္မတူမြို့နယ်အတွင်း TNLA မှ တပ်သားသစ် စုဆောင်း ဒေသခံများ ထွက်ပြေးနေရ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ တပ်သားသစ်အတွက် လိုက်လံစုဆောင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေး နေရကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စု၊ ကောင်းဆာကျေးရွာအတွင်းသို့ စက်တင်ဘာလ (၁၉) ရက် နှင့် (၂၃) ရက်တို့သည် TNLA တပ်မှ တပ်သားသစ်အတွက် ဒေသခံများကို ဝင်ရောက်ဖမ်းဆီးခြင်း ပြုလုပ်ခဲ့ ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သားနှစ်ယောက်မရှိတဲ့ အိမ်ထောင်စုတွေဆို အဖေကို ခေါ်သွားတယ်၊ တချို့က သား ၂ နှစ်ယောက် ရှိပေမဲ့ အိမ်ထောက်ကျပြီး ခွဲနေကြလည်း သမီးဖြစ်သူ ဖခင်ဖြစ်သူကို ဖမ်းခေါ်သွားကြတာ၊ အဲ့တာတွေကြောင့် ကျန်တဲ့ အိမ်ထောင်စု တော်တော်များများက ထွက်ပြေးနေကြပြီ” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စက်တင်ဘာ ၂၃ ရက် ည ၉ နာရီဝန်းကျင်အချိန်တွင် ဆိုင်းခေါင်အုပ်စုမှ ကောင်းဆာကျေးရွာနေ နန်းအေးမွန်း၏ အမျိုးသားကို နေအိမ်၌ မတွေ့ရသည့် အတွက် နန်းအေးမွန်းကို TNLA တပ်ဖွဲ့က ဖမ်းခေါ် သွားခဲ့ကြောင်း သိရသည်။

အလားတူပင် စက်တင်ဘာလ ၁၉ ရက်၌ ကောင်းဆာကျေးရွာနေ အသက် (၅၀) ကျော်ရှိ လုံးယီကို စစ်သားလုပ်ရန် အတွက်ဟုဆိုကာ အင်အား (၁၀) ယောက်နီးပါး ရှိသည့် TNLA တပ်ဖွဲ့မှ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ TNLA တပ်မှ ဒေသခံများကို တပ်သားသစ်အတွက် ဖမ်းဆီးခေါ်ဆောင်ခြင်း နှင့် ပတ်သက်ပြီး ကျန်ရှိသည့် ဒေသခံများက စစ်မှုမထမ်းလိုသည့်အတွက် ထွက်ပြေးတိမ်းရှောင်ခြင်း ရှိနေကြောင်း အသက် (၄၀) ဝန်းကျင် တအာင်း အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျား ၂ ယောက်မရှိတဲ့ အိမ်ရော၊ သမီးနှစ်ယောက်ပဲ ရှိတဲ့ အိမ်ရော သူတို့လိုချင်တိုင်း ဖမ်းခေါ် သွားတော့ တခြားသူတွေလည်း ကြောက်ပြီး ထွက်ပြေးကြတာ၊ အဲ့လိုထွက်ပြေးတဲ့ အချိန်မှာဆိုရင် ကျောင်းနေတဲ့ ကလေးတွကိုပါ ခေါ်ပြီး သွားကြတော့ ကလေးတွေရဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးရတာပေါ့၊ နောက်တခုက သူတို့ ယာတွေ၊ ပြောင်းတွေဆိုလည်း ပစ်ပြီးသွားရတယ်” ဟု ဒေသတွင်းက တအာင်း အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆိုင်းခေါင်အုပ်စုမှ ကောင်းဆာကျေးရွာသည် တအာင်းလူမျိုး နှင့် သျှမ်းလူမျိုး အများစု နေထိုင်ကြသည့် အိမ်ခြေ ၅၀ နီးပါး၊ ကျား (၉၉) ဦး၊ မ (၁၂၃) ဦး စုစုပေါင်း လူဦးရေ ( ၂၂၂ ) ဦး ရှိနေသည့်ရွာ ဖြစ်နေကြောင်းလည်း သိရသည်။

ယင်းကိစ္စဖြစ်စဥ် နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပြောရေးဆိုခွင့်နှင့် ဆက်သွယ်မေးမြန်းခဲ့ရာ အသက် (၁၈) နှစ်ပြည့် တအာင်း အမျိုးသားများ စစ်မှုထမ်းရန် တပ်ဖွဲ့ ပေါ်လစီ ရှိနေကြောင်း TNLA ၏ ပြောရေးဆိုခွင့် ရှိသူ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသက် (၁၈) နှစ်ပြည့် သား နှစ်ယောက်ရှိတဲ့ ကျနော်တို့ တအာင်းလူမျိုး မိသားစုထဲက တစ်ယောက် ဟာ စစ်မှုထမ်းရမယ်ဆိုတဲ့ မူဝါဒ ရှိပါတယ်။ အမျိုးသမီးတွေကိုတော့ ကျနော်တို့ မယူပါဘူး။ သူတို့ စိတ်ဆန္ဒအရ လာလုပ်တာဆိုရင်တော့ ကျနော်တို့ လက်ခံပါတယ်၊ ခုပြောတဲ့ နမ္မတူမြို့နယ်ထဲက ကိစ္စ တော့ ကျနော်တို့ မသိဘူး” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ TNLA တပ်ဖွဲ့ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့နှင့်လည်း စစ်ရေး တင်းမာမှု ရှိနေသည့် အချိန်လည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...