SHAN -
အင်းလေးဖောင်တော်ဦးဘုရားပွဲကို လာရောက်ကြမည့် ဧည့်သည်များအနေဖြင့် စစ်တပ်ကျောထောက်နောက်ခံ မရဏဟိုတယ်တွေမှာ မတည်းခိုကြဖို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အင်းလေးဖောင်တော်ဦး ဘုရားပွဲသည် ယမန်နေ့ (အောက်တိုဘာ ၁၅)ရက်တွင် စတင်ကျင်းပကြောင်း သိရသည်။ "အိပ်စက်ခြင်းကနေ လက်နက်တွေ၊ ကျည်ဆံတွေ မဖြစ်ဖို့ မရဏဟိုတယ်များကို ငြင်းပယ်ကြပြီး ခရီးသွားနဲ့ ဟိုတယ်လုပ်ငန်းကို မီးခိုးမထွက်တဲ့ စက်ရုံလို့ခေါ်ရင် မီးခိုးမထွက်စက်ရုံနဲ့...
(၈) နှစ် ကြာမြင့်သည့်တိုင် NCA ကိုအကောင်အထည် မဖော်ဆောင်နိုင်ခဲ့ဟု RCSS ခေါင်းဆောင်ပြော
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ် တိုင် ကြာမြင့်ခဲ့သော်လည်း အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။ အောက်တိုဘာလ (၁၅) ရက်နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း...
အင်းလေး ဖမ်းခံရသည့် ဒေသခံ ၆ ဦးမှ ၄ ဦးပြန်လွှတ်လာ၊ ၂ ဦးသတင်းမရ ပျောက်ဆုံးနေ
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ လင်းကင်းကျေးရွာအုပ်စု ကံရွာကျေးရွာမှ လောင်းကစားဝိုင်းအနီး ဗုံးကွဲမှုကြောင့် ဖမ်းဆီးခံရသည့် ဒေသခံ ၆ ဦးထဲမှ ၄ ဦးပြန်လည်လွှတ်မြောက်လာပြီး၊ ၂ ဦးမှာ အဆက်အသွယ်ပြတ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် အင်းလေးဒေသ ကံရွာရှိ လောင်းကစားဝိုင်းအနီးတွင် ဗုံးပေါက်ကွဲမှုဟုဆိုပြီး...
မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှု
SHAN -
နိဒါန်း “လေယာဉ်နဲ့ပဲ ကြဲချကြဲချ ၊ အဝေးကပဲ လှမ်းပစ်လှမ်းပစ် ၊အမှန်တရားဟာ အိပ်မောကျနေတဲ့ အရပ်သားပြည်သူတွေရဲ့ အသက်တွေကို နှုတ်ယူသွားခဲ့တယ်။ ဘဝတွေကို ဖြိုဖျက်ပစ်ခဲ့တယ်။ သေဆုံးသူတွေအထဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေက အများဆုံး”။ ယခုတစ်ပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် လိုင်ဇာမြို့အနီးရှိ...
ကလေး “စာမရတာ” ညိုမဲထိ ရိုက်နှက်ခွင့်ရှိလား
ကျောင်း ဝတ်စုံ အဖြူ၊ အစိမ်း ဝတ်ဆင်ပြီး ကုတင်ပေါ်မှာ လဲလှောင်းကာ နာကျင်တဲ့ ဝေဒနာကို ကြိတ်ခံရင်း နှုတ်ကနေ တချက်ချက် တိုးတိတ်စွာ ငြီးငြူနေပါတယ်။ အဲ့ဒီ နာကျင်မှုတွေနဲ့ ငြီးငြူနေတဲ့သူကတော့ အသက် ၇ နှစ်အရွယ် သာရှိပြီး မိုင်းရှူးမြို့နယ် ဟိုနမ့်ကျေးရွာက အခြေခံ မူလတန်းကျောင်းမှာ ပထမတန်းကျောင်းတက်နေသူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာ ၉ရက်မှာ ကျောင်းမှာ...
NCA (၈) နှစ်ပြည့် အခမ်းအနားတက်ရန် RCSS ဥက္ကဌ နေပြည်တော်ရောက်ရှိ
SHAN -
NCA (၈) နှစ်ပြည့် အခမ်းအနားတက်ရန် အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ယနေ့ (အောက်တိုဘာ ၁၃)ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်...
ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ
သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ဒေသခံများသည် အရေပြားရောဂါ ကူးစက်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်. ထို အရေပြားရောဂါ ကူးစက်ခံရသူအများစုသည် လသားအရွယ် ကလေးငယ်များ ဖြစ်ကြပြီး၊ ကူးစက်မှုသည် လနှင့်ချီကြာမြင့်လာပြီ ဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ဖြစ်တာကတော့...
နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ
SHAN -
သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ကြောင့် လယ်လာမြေ ဧက ၅၀၀ ကျော် ပျက်စီး ဆုံးရှုံးမှုရှိပြီး၊ ဒေသခံ သေဆုံးမှုများလည်းရှိကြောင်း သတင်းရရှိသည်။ နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ အောက်တိုဘာ ၁၂ရက် နံနက် ၉ နာရီတွင် တောင်ကျရေချောင်းရေကြောင့် နမ္မတူမြို့နယ် အတွင်း ရေကြီးရေလျှံမှု...
သီပေါမြို့ ရေကြီးရေလျှံ ဒုဋ္ဌဝတီမြစ်ဘေးရှိ နေအိမ်အချို့ ရွှေ့ပြောင်းနေရ
SHAN -
သျှမ်းပြည် သီပေါမြို့ မြစ်ငယ်မြစ်(ခေါ်) ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ဘေးတွင်နေထိုင်သည့် နေအိမ်အချို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သတင်းရရှိသည်။ သီပေါမြို့ ရေကြီးရေလျှံ ဒုဋ္ဌဝတီမြစ်ဘေးရှိ နေအိမ်အချို့ ရွှေ့ပြောင်းနေရ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ( အောက်တိုဘာ ၁၂ ရက်) ညနေ ၆ နာရီခန့်မှ...
လားရှိုးမြို့ နိုင်ငံကူးလက်မှတ် ကို ၁၀ သိန်းအထက်ဈေးပေါက်
SHAN -
သျှမ်းပြည် မြောက်ဘက် လားရှိုးမြို့ တွင် နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာ၌ ၁၀ သိန်းအထက် ဈေးပေါက်နေကြောင်း ပြည်သူများက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပထွက် အလုပ်လုပ် မည့်သူ များပြားလာသဖြင့် နိုင်ငံကူးလက်မှတ်များကို အလုအယက်ပြုလုပ်နေကြသည်။ ထို့ကြောင့်လားရှိုးမြို့ပေါ်တွင် နိုင်ငံကူးလက်မှတ်များကို ပွဲစားများနှင့် ပြုလုပ်ရာတွင် ၁၀...





