သီပေါမြို့ ရေကြီးရေလျှံ ဒုဋ္ဌဝတီမြစ်ဘေးရှိ နေအိမ်အချို့ ရွှေ့ပြောင်းနေရ

သျှမ်းပြည် သီပေါမြို့ မြစ်ငယ်မြစ်(ခေါ်) ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ဘေးတွင်နေထိုင်သည့် နေအိမ်အချို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သတင်းရရှိသည်။

သီပေါမြို့ ရေကြီးရေလျှံ ဒုဋ္ဌဝတီမြစ်ဘေးရှိ နေအိမ်အချို့ ရွှေ့ပြောင်းနေရ

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ( အောက်တိုဘာ ၁၂ ရက်) ညနေ ၆ နာရီခန့်မှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာကာ မြစ်ကမ်းဘေး ပန်းတိမ်တောင်ရပ်ကွက်နှင့် စျေးရပ်ကွက်တွင် နေထိုင်သည့် နေအိမ်အချို့ ရွှေ့နေရကြောင်း သီပေါမြို့ခံတစ်ဦးက ပြောသည်။

“အခု သီပေါမြို့ ဈေးရပ်ကွက်နဲ့ ပန်းတိမ်တောင်ရပ်ကွက်ပေါ့နော်၊ မြစ်ကမ်းနားကပ်လျက် အိမ်ခြေတွေ ရေနစ်မြှုပ်နေတယ်၊ အိမ်အောက်ခြေလောက်ထိ မြှုပ်နေတဲ့ အိမ်အချို့ကို လောလောဆယ် ဓမ္မာရုံမှာ ယာယီ ထားပေးထားပါတယ်”ဟု ရေနစ်မြှုပ်သည့် ပြည်သူတွေကို ကူညီပေးနေတဲ့ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့ ရေကြီးရေလျှံ ဒုဋ္ဌဝတီမြစ်ဘေးရှိ နေအိမ်အချို့ ရွှေ့ပြောင်းနေရ

ရေနစ်မြှုပ်နေသည့် မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးရှိအိမ်များကို ပရဟိတ လူမှုကူညီရေးအသင်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးလွတ်ရာ ဓမ္မာရုံသို့ ကူညီ ရွှေ့ပြောင်းပေးနေသည်ဟု ဆက်ပြောသည်။

သီပေါမြို့ ဈေးရပ်ကွက်တွင် ယမန်နေ့ ညအချိန်၌ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်ပြည်သူများ စုပေါင်းပြီး မြစ်ကမ်းတစ်လျှောက် သဲအိတ်တွေ ကာရံထားရသည်ဟု သိရသည်။

ဒုဋ္ဌဝတီမြစ် စိုးရိမ်ရေမှတ်သည် ၆၀၀ စင်တီမီတာဖြစ်ပြီး မြေနိမ့်ပိုင်းရပ်ကွက်နှင့် မြစ်ချောင်းဘေးရှိ နေအိမ်များ ကြိုတင်ရွှေ့ပြောင်းထားရန် သီပေါမြို့ မိုး/ဇလစခန်းမှ အကြံပြုထားသည်။

“အရင်က သီပေါမြို့မှာ ဒီလိုဖြစ်တာ မကြားဖူးဘူး၊ သီပေါအပေါ်ဘက် နမ္မတူရေကာတာ ဆောက်တာနဲ့လည်း ဆိုင်မယ်ထင်တယ်၊ တာလုံဘက်က ရေကာတာဆောက်ပြီးရင်လည်း မြစ်ရေအမှတ်က ဒီထက် ပိုတက်လာဖို့ပဲရှိတယ်။ ဆည်တွေဆောက်တယ်ဆိုရင် ပြည်သူတွေ ပိုသတိထားရတယ်”ဟု ဒုဋ္ဌဝတီမြစ်ပေါ်မှာ ရေကာတာတည်ဆောက်မှုကို လေ့လာနေတဲ့ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့အထက်ပိုင်း မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်ပေါ်မှာ တည်ဆောက်နေသော နမ္မတူ(သီပေါ)ရေကာတာသည် ရေအားလျှပ်စစ် (၂၁၀) မဂ္ဂါဝပ် ထုတ်လုပ်မှာဖြစ်ပြီး ရေကာတာအမြင့် ၁၁၄ မီတာ၊ ရေလွှမ်းမိုးခံရမည့် ဧရိယာ ၈၆၆.၆၉ ဟက်တာရှိကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် အသိပေး

0
ထိုင်း-မြန်မာနယ်စပ် ကြားရှိ မယ်ဆိုင်ချောင်းရေသည် လာမည့် ၁၂ နာရီအတွင်း တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ (ဇူလိုင် ၄ )ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ပေါ်...

ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ်...