Wednesday, January 28, 2026

နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ

သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ကြောင့် လယ်လာမြေ ဧက ၅၀၀ ကျော် ပျက်စီး ဆုံးရှုံးမှုရှိပြီး၊ ဒေသခံ သေဆုံးမှုများလည်းရှိကြောင်း သတင်းရရှိသည်။

နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ

အောက်တိုဘာ ၁၂ရက် နံနက် ၉ နာရီတွင် တောင်ကျရေချောင်းရေကြောင့် နမ္မတူမြို့နယ် အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင့် လယ်ဧက ၅၀၀ ကျော် ပျက်စီးမှုရှိကြောင်း အသက် ၅၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့က ပိန်းလုံ နှင့် ကွန်ကျောင်းရွာမှာ တော်တော်လေးအခြေအနေဆိုးတယ်။ ပိန်းလုံရွာက အိမ် ၃လုံး ရေထဲပါသွားတယ်။ ပြောင်းတွေလည်း ရေတွေလွှမ်းမိုးတာရှိတယ်။ သိရသလောက်တော့ မိုင်းရင်းကျေးရွာဘက်မှာ လယ်ဧက ၅၀၀ကျော် ပျက်စီးတယ်” ဟု အသက် ၅၀ကျော် အမျိုးသား က ဆိုသည်။

ထိုပြင် ယမန့် (အောက်တိုဘာ ၁၂)ရက်တွင် နမ္မတူမြို့နယ် နားကျိုင်းကျေးရွာတွင် နေထိုင်သည့် ဒေသခံ ၃ဦးသည် ခြံထဲသွားနေစဥ် မြေပြိုမှုကြောင့် ကျောက်တုံးဖိကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ

“ မိသားစု ၃ယောက် က ခြံထဲသွားချိန် မိုးကလည်း အရမ်းရွာတယ်လေ။ အဲ့မှာ မြေအိပြီး ကျောက်တုံးလိမ့်လာလို့ ဖိမိတာ။ အမျိုးသား တစ်ယောက်တော့ သေသွားတယ်။ ကျန် ၂ယောက်ကတော့ လားရှိုးဆေးရုံကိုပို့လိုက်တယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

နမ္မတူမြို့နယ် အတွင်း မိုးဆက်တက်ရွာသွန်းမှုကြောင့် မန်ကန်ရွာ (ဝၢၼ်ႈပၢင်ႇ) ၊ ကုန်းမုံ(ၵုင်းမူင်ႈ) နှင့် အချို့ရွာများတွင် ချောင်းရေမြင့်တက်မှုကြောင့် အိမ်ခြေ ၂၄အိမ် ရေမြှုပ်သွားကြောင်း သိရသည်။

“ရေကတော့ ရင်ဘက်လောက်နက်တယ်။မိုးရွာတာလည်း ၃ ရက်ရှိပြီလေ တောင်ကျရေကြောင့်ပေါ့၊၊ဒီနေ့ထိတော့ ရေမကျသေးဘူး ရေကြီးနေတာတော့ ၂ရက် ရှိပြီ” ဟု မြို့ခံ တစ်ဦးကပြောသည်။

သျှမ်းပြည်အတွင်း သစ်တောဖြုန်းတီးမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ တနှစ်ထက် တနှစ် ပိုများလာပြီး၊ သဘာဝ သံယံဇာတ အလွန်အကျွံထုတ်မှုကြောင့် ရာသီဥတုဖောက်ပြန်မှုများ ပိုမိုဖြစ်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် အသိပေး

0
ထိုင်း-မြန်မာနယ်စပ် ကြားရှိ မယ်ဆိုင်ချောင်းရေသည် လာမည့် ၁၂ နာရီအတွင်း တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ (ဇူလိုင် ၄ )ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ပေါ်...

ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ်...

ချင်းရိုင်းတွင် ရုတ်တရက်ရေကြီးမှုကြောင့် ဆေးရုံများပိတ်ထားရပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်နေပြီး Wiang Chiang Dung ဆေးရုံအပါအဝင် လူနေအိမ်များ၊ လယ်စိုက်ခင်းများနှင့် အများပြည်သူအဆောက်အအုံများစွာ ထိခိုက်မှုများရှိခဲ့ကြောင်း The Nation Thailand သတင်းဌာနတွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇွန်လ ၁၆ ရက်) ညပိုင်းအချိန်မှ စတင်၍ ယနေ့ (ဇွန်လ ၂၇...

အင်းလေး ရေခမ်းခြောက်လာ သွားလာ ခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေခမ်းခြောက်မှု ပိုမိုဆိုးရွာလာသောကြောင့် ဒေသခံများ သွားလာမှု ခက်ခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်က လှေဖြင့်သွားလာရသော အင်းလေးဒေသ ရွာမ ရွာနှင့် မင်းချောင်းရွာ တွင် ယခုလမှ စတင်၍ အပူချိန်မြင့်တက် လာသည်နှင့် အမျှ ရေများခမ်းခြောက်လာပြီး ကုန်းနေရွာသဖွယ် လမ်းများတွင် နှုန်းမြေများဖြင့်...

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်မောက်မယ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက် ၃ နာရီခွဲကျော်စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မောက်မယ်မြို့တွင် ချောင်းရေမြင့်တက်ပြီး ကွန်ကိုင်းရပ်ကွက်၊ဈေးတန်းရပ်ကွက်၊မွှေတော်ရပ်ကွက် စသည့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရေတွေကတော့...