ကျိုင်းတုံမြို့ လယ်စောင့်တဲတွင် သွားအိပ်စောင့်သည့် အမျိုးသား ဓားခုတ်ခံရပြီး သေဆုံး
SHAN -
သျှမ်းပြည် ကျိုင်းတုံမြို့နယ် မိုင်းခွန်အုပ်စု ဝမ်လင်ကျေးရွာရှိ လယ်စောင့်တဲတွင် သွားအိပ်စောင့်သည့် အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်(၁၀)နာရီ အချိန်ခန့်တွင် ကျိုင်းတုံမြို့နယ် မိုင်းခွန်အုပ်စု ဝမ်လင်ရွာနေ အမျိုးသားတစ်ဦး လယ်စောင့်တဲသို့ သွားအိပ်စောင့်ရင်း ဓားခုတ်ခံရပြီး သေဆုံးနေသည်ကို ဒေသခံများက...
ညိုမဲအောင် ရိုက်နှက်ခံရသည့် ကလေးငယ်ကို ဆရာမက ဆေးကုသစရိတ် ကျပ်သိန်း ၅၀ လာပေး
SHAN -
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် ညိုမဲအောင် ရိုက်ခံရသည့် ကလေးငယ်ကို ဆရာမက ဆေးကုသစရိတ်အတွက် ကျပ်သိန်း ၅၀ လာပေးသွားကြောင်း စုံစမ်းသိရပါသည်။ သျှမ်းပြည် မိုင်းရှူးမြို့နယ် ဟိုနမ့်ကျေးရွာတွင် ညိုမဲအောင် ရိုက်ခံရသည့် နန်းငင်းနွံ ကို ဆရာမက ဆေးကုသစရိတ်နှင့် လမ်းစရိတ်အတွက် ငွေကျပ်သိန်း ၅၀ လာပေးသွားကြောင်း မိသားစုဝင်တစ်ဦးက...
သျှမ်းမြောက် စစ်ကောင်စီနှင့် KIA တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲကြား ထိခိုက်သေဆုံးမှုများနေ
SHAN -
သျှမ်းမြောက် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်ဖွဲ့ ထိခိုက်သေဆုံးမှုများရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၉)ရက်တွင် မုံးပေါ် နှင့် မိုးကုံးကြားရှိ ဝိန်းလတောင်စခန်း (စစ်ကောင်စီစခန်း) တစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆...
ကျောက်မဲ နာမည်ကြီး“နတ်ဆေးရည်” သွားချိုးသည့် သက်ကြီးအဘွား ၁ ဦး ထပ်မံသေဆုံး
SHAN -
ကျောက်မဲမြို့နယ်တွင် “နတ်ဆေးရည်”ဟု နာမည်ကြီးနေသည့် တောင်ကျရေကို ဆွေမျိုးသွားလည်ရင်း ချိုးမိရာမှ မိုင်းတုံမြို့မှ သက်ကြီးအဘွား ၁ ဦး ထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၂ ရက် နေ့လည်ပိုင်းတွင် မိုင်းတုံမြို့မှလာသည့် အသက်(၆၄)နှစ်အရွယ် ဒေါ်ငင်းဆွယ်သည် ကျောက်မဲ-မိုင်းငေါ့ကားလမ်းရှိ တောင်ကျရေချိုးပြီး ဆွေမျိုးအိမ်အရောက်တွင် သေဆုံးသွားကြောင်း ကျောက်မဲဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
ရွာငံ – မန္တလေး လမ်းမကြီးပေါ် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်
SHAN -
ရွာငံ - မန္တလေး သွားသည့် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများက ယခင်ကထက် စစ်ဆေးမှု တင်းကြပ်နေကြောင်း ဒေသခံများထံ သတင်းသိရသည်။ သျှမ်းပြည် ရွာငံမြို့ နယ် ရေဦးကျေးရွာရှိ လမ်းမကြီးပေါ်တွင် အောက်တိုဘာလ ပထမပတ်လောက်မှ စ၍ ယခုချိန်ထိ စစ်ကောင်စီတပ်သားများက ယခင်ကထက် ကား၊ ဆိုင်ကယ် နှင့်...
ဖားကန့် တွင် အောက်တိန်း92 ဆီ ပြတ်လပ်ပြီး ဆီဆိုင်များပိတ်ထားရ
SHAN -
ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း အောက်တိန်း 92စက်သုံးဆီ ပြတ်လပ်နေ၍ စက်သုံးဆီ အရောင်းဆိုင်အချို့ ပိတ်ထားကြသောကြောင့် ဒေသခံများ အခက်တွေ့နေကြရကြောင်း ဖားကန့်မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလပိုင်းမှ စတင်ကာ ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း ခရီးသည်တင်ယာဥ်များမှ လွဲ၍ အခြားသော ကုန်တင်ယာဥ်နှင့် စက်သုံးဆီကားများကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်။ ထို့ကြောင့် စက်သုံးဆီ အရောင်းဆိုင်အချို့...
ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက်ငွေလိမ်လည်မှု ပြုလုပ်နေ
သျှမ်းပြည် လင်းခေးမြို့တွင် ယခုရက်ပိုင်း ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် ငွေလိမ်လည်မှု ပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ယခုရက်ပိုင်းအတွင်း လင်းခေးမြို့တွင် ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် အကြောင်းကြားလာရာ ငွေလိမ်လည်မှုပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ကျနော်ကို ဖုန်းဆက်လာပြီး ကံစမ်းမဲပေါက်တယ် ဘာညာပြောတယ်။ သူတို့ကုမ္ပဏီက...
အွန်လိုင်းဂိမ်း မက်လုံး ဖြားယောင်းမှုအောက် လူငယ်များသားကောင်ဖြစ်နေရ
SHAN -
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု မြင့်မားပြီး အလုပ်အကိုင် ရှားပါးလာသည်နှင့်အမျှ လွယ်လွယ်နဲ့ ပိုက်ဆံရမယ့် အလုပ်မျိုးကို လူအများစု စိတ်ဝင်စားလာကြသည်။ ထိုအထဲတွင် ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ် စသည့် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ကြော်ငြာများထည့်သွင်းလာသည့် အွန်လိုင်းဂိမ်းများက ပြည်သူလူထုအပေါ် သက်ရောက်မှုကြီးမားသည်။ အွန်လိုင်းဂိမ်းများ၏ ရိုက်ခတ်မှုကို ခံရသူများထဲတွင် သီပေါမြို့မှ အသက် ၁၉နှစ်အရွယ်...
မိုင်းဖြတ်မြို့နယ် ကျေးရွာအတွင်း စိတ်ကြွဆေးရည်သုံးစွဲပြီး ညအချိန်မတော် ဆူညံမှုပြုလုပ်နေ
သျှမ်းပြည် မိုင်းဖြတ်မြို့နယ် ကျေးရွာအတွင်း စိတ်ကြွဆေးရည်ဖြစ်သည့် K နှင့် Happy Water ကို အလွန်အကျွံသုံးစွဲပြီး သီချင်းကိုအသံချဲစက်ဖြင့် ဖွင့်ကာ ကခုန်နေကြကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။ Happy Water မူးယစ်ဆေးသည် ကော်ဖီအမှုန့်ပုံစံ ကော်ဖီနှင့် သစ်သီးအနံ့ အရသာ (၂) မျိုးရှိပြီး ကော့တေးခွက်...
တရုတ်နယ်စပ်ဒေသ အထည်ဆိုင်ရှင် သားအဖနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး သတ်ခံရ
SHAN -
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ် လွယ်အင်ကျေးရွာမှ အထည်ဆိုင်ရှင် သားအဖနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းကို စာလာအိတ်ထဲထည့်ကာ အမှိုက်ပုံသို့ စွန့်ပစ်ထားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့နယ် ကျင့်စန်ကျော့ သွားသည့်လမ်းရှိ...






