တရုတ်က ဖမ်းဝရမ်း ထုတ်ထားတဲ့ ကိုးကန့်စီးပွားရေးလုပ်ငန်းရှင် တစ်ဦး သေဆုံးဟု စစ်ကောင်စီ ထုတ်ပြန်

ကျားဖြန့် ခေါ် အွန်လိုင်း လိမ်လည်မှု သံသယ နဲ့ တရုတ်အစိုးရက အလိုရှိနေတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးမြီရှောက်ချန်း ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ချက်အရ ဦးမြီရှောက်ချန်းကို ဝင်ရောက်ဖမ်းဆီးစဥ် ကိုယ့်ကိုယ် သေနတ်နဲ့ အဆုံးစီရင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ဦးမြီရှောက်ချန်း

သေနတ်ဒဏ်ရာ နဲ့ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတယ်လို့လဲ ထုတ်ပြန်ထားပါတယ်။ ဦးမြီရှောက်ချန်းရဲ့ ရုပ်အလောင်းကို တရုတ်ထံ လွှဲပြောင်းပေးမှုမရှိပဲ လောက်ကိုင်မှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။


တရုတ်အစိုးရက ဦးမြီရှောက်ချန်း နဲ့ သားဖြစ်သူ မင်ကော်ဖျင်၊ သမီးဖြစ်သူ မင်ကျွီလန် နဲ့ မြေးဖြစ်သူ မင်ကျိန်းကျိန်း တို့ကို နိုဝင်ဘာ (၁၂) ရက်က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဦးမြီရှောက်ချန်း ရဲ့ သားဖြစ်သူ မင်ကော်ဖျင် နဲ့ မြေးဖြစ်သူ မင်ကျိန်းကျိန်းတို့ကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းစဥ်

နိုဝင်ဘာ (၁၆) ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်မှာ ဦးမြီရှောက်ချန်း ရဲ့ သားဖြစ်သူ မင်ကော်ဖျင် နဲ့ မြေးဖြစ်သူ မင်ကျိန်းကျိန်းတို့ကို မြန်မာ – တရုတ်နယ်စပ် ရန်လုံကျိုင်းနယ်စပ်မှ တစ်ဆင့် ယူနန်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဦးမြီရှောက်ချန်းဟာ ဦးသိန်းစိန် အစိုးရခေတ် လက်ထက်က ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင် လောက်ကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) သျှမ်းပြည်နယ်လွှတ်တော်အမတ် တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးမြီရှောက်ချန်းရဲ့ သားဖြစ်သူ မင်ကော်ဖျင် ကလည်း ကိုးကန့်ဒေသပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပညာရှင်ကို အသံတိတ်စေခြင်း – ဦးမင်းဇင် ဖမ်းဆီးခံရမှုနှင့် သျှမ်းမြောက်စစ်ပွဲကြားမှ ပေကျင်း၏ ခေတ်သစ်ဩဇာချဲ့ထွင်မှု

0
၂၀၂၆ ခုနှစ်၊ ဇွန်လအစောပိုင်း (ဇွန်လ ၃ ရက်) က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ခွန်မင်း (ကူမင်း) လေဆိပ်၌ အမေရိကန်အခြေစိုက် ပညာရှင်တစ်ဦးဖြစ်သည့် မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ ညွှန်ကြားရေးမှူးလည်းဖြစ်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်း ဖြစ်စဉ်သည် မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများအကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...