သိန္နီမြို့မှ ကယ်တင်လာသည့် စစ်ဘေးရှောင်များ လားရှိုးမြို့တွင်း ဝင်ခွင့်မရ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် သိန္နီမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များသည် လားရှိုးမြို့တွင်းသို့ ဝင်ရောက်ခွင့်မရကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့မှ လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှ ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်)မှစ၍ ဟိုပိတ်တိုးဂိတ်မှ မြို့တွင်းသို့ ဝင်ရောက်ခြင်းကို ကန့်သတ်လိုက်ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ဟုတ်တယ်။ စစ်ကောင်စီတပ်က သိန္နီကနေ စစ်ဘေးရှောင်လာတဲ့လူတွေကို မနေ့က ၁၆ ရက်နေ့ကတည်းက လားရှိုးမြို့ထဲ အဝင်မခံတော့ဘူး။ သူတို့ပြောတာတော့ အပြင်က စစ်သားတွေပါ စစ်ဘေးရှောင်အနေနဲ့ အယောင်ဆောင်ပြီး ဝင်လာမှာ စိုးရိမ်တယ်လို့ အဲ့လိုပြောတယ်။ နောက်ပြီး လားရှိုးမြို့ထဲမှာလဲ စစ်ရှောင်တွေ အများကြီးရှိတော့ ကျွေးလို့မလောက်ဘူးပေါ့။ သူတို့အဲ့လိုပြောတာပဲ”ဟု လားရှိုး‌ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့မှ စစ်ဘေးရှောင်များကို သွားရောက်သယ်ဆောင်လာသည့် ယာဉ်တန်းကို စစ်ကောင်စီတပ်မှ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာရှိ တိုးဂိတ်တွင် တားမြစ်ခဲ့ပြီး မြို့တွင်းသို့ မဝင်ရောက်ရန် ကန့်သတ်လိုက်ခြင်းကြောင့် လားရှိုးမြို့ပြင်ရှိ ဘုန်းကြီးကျောင်းများတွင်သာ တည်းခိုနေရကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

“အခက်အခဲကတော့ အများကြီးရှိတယ်။ အဝတ်အထည်၊ အစားအသောက်၊ တည်းခိုရတဲ့နေရာ ဒီဟာတွေပေါ့။ အခုအခြေအနေမှာ အရမ်းအခက်အခဲ ဖြစ်နေတာက စစ်ရှောင်တွေထားမယ့် နေရာပေါ့။ မနေ့က သိန္နီကနေ လားရှိုးကို စစ်ဘေးရှောင်လာတဲ့ လူတွေဆိုရင် စစ်ကောင်စီက မြို့ထဲ ပေးမဝင်တော့ မြို့ပြင်က ဘုန်းကြီးကျောင်းတွေမှာပဲ တည်းရတာမျိုးတွေ ရှိတယ်”ဟု လားရှိုးမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ သျှမ်း-ကရင်နီနယ်စပ် တလျှောက်တွင် နိုဝင်ဘာ ဒုတိယပတ်မှစ၍ စစ်ရေးပြင်းထန်နေပြီး ထိုဒေသမှ ထွက်ပြေးတိမ်းရှောင်လာသူများကို တောင်ကြီး၊ အောင်ပန်း၊ ညောင်ရွှေ မြို့ များတွင် ဖြတ်သန်းခွင့်မပြုသည့်အပြင် ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးနီးစပ်ရာ နေအိမ်များတွင်လည်း ခိုလှုံခွင့်မပြုရန် စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်တွင် ညွှန်ကြားထားကြောင်း သိရသည်။


လက်ရှိတွင် လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒရုန်းဖြင့် ခြိမ်းခြောက်တိုက်ခိုက်မှုများ ရှိနေပြီး “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာ ၂၇ ရက်မှစ၍ ယနေ့ နိုဝင်ဘာ ၁၇ ရက်အထိ လားရှိုးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၆၅၀၀ ကျော် နှင့် သိန္နီမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၁၅၀၀ ဦးခန့်၊ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၉၀၀၀ ကျော်မှာ စားနပ်ရိက္ခာနှင့် စစ်ရှောင်နေရာ အခက်အခဲများ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...