Thursday, February 19, 2026

CATEGORY

သတင်း

ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် နေအိမ်ကို စစ်တပ် ၀င်ရောက် ရှာဖွေစစ်ဆေး

သျှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီ ၏ ကလောမြို့ အမှတ် (၅) ရပ်ကွက်၊ မြို့မလမ်းရှိ နေအိမ်သို့ ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) နံနက် ၁၀ နာရီခန့်တွင် လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်ကောင်စီ...

ပန်ဆိုင်း မြို့မဈေး လျှပ်စစ်မီးဝါယာရှောခ့်ကြောင့် ဆိုင်ခန်း (၄၀)ကျော် မီးလောင်ပျက်စီး

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ မြို့မဈေးကြီး မီးလောင်ခြင်းကြောင့် ဈေးအတွင်း ဆိုင်တန်း ၂ တန်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) နံနက် ၂ နာရီခန့်မှ စတင်၍ ပန်ဆိုင်းမြို့မဈေးကြီး မီးလောင်ကျွမ်းခဲ့ပြီး ဈေးအတွင်းရှိ ဆိုင်တန်း ၂ တန်း...

နှစ်ပတ်အတွင်း ဆီဆိုင် စစ်ရှောင် ၄သောင်းကျော်ထိရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PNLO/PNLA) တို့တိုက်ပွဲများကြောင့် နှစ်ပတ်အတွင် စစ်ဘေးရှောင် လူဦးရေ ၄ သောင်းကျော်ထိရှိနေကြောင်း Pa-o Youth Organization က ပြောဆိုလိုက်သည်။ ထိုတိုက်ပွဲများကြောင့် ကယား (ကရင်နီ)ပြည်နယ်မှ...

ကရင်နီစစ်ရှောင် ထပ်မံစစ်ပြေး နေရာထိုင်ခင်းအခဲဖြစ်

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းမှ ညောင်ရွှေမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသူများအတွက် နေရာထိုင်ခင်း အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ကရင်ပြည်တွင် “၁၁.၁၁ စစ်ဆင်ရေး" ကြောင့် ဆီဆိုင်မြို့နယ်သို့ရောက်ရှိလာသော ကရင်နီစစ်ဘေးရှောင် များသည် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့တိုက်ပွဲများကြောင့် ညောင်ရွှေမြို့သို့...

အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်တိုး၊ သျှမ်းဝန်ကြီးချုပ် အစားထိုးခန့်

အာဏာသိမ်းစစ်ကောင်စီသည် အုပ်ချုပ်ရေးကာလကို နောက်ထပ်(၆)လ သက်တမ်းတိုး အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၁ ရက်)တွင် နေပြည်တော်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အရေးပေါ်ကာလသက်တမ်းကို ၅ ကြိမ်မြောက်အဖြစ် ထပ်မံတိုးမြှင့်ခဲ့ပြီး ပြည်ထောင်စုအစိုးရကိုလည်း ပြင်ဆင်ဖွဲ့စည်းကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်လာသည်။ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းနှင့်...

မိုးမိတ်စစ်ကောင်စီတပ်က ရိက္ခာပြန်ယူသည့် စစ်ရှောင်များကို သေနတ်ပစ်

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်က ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင်များကို သေနတ်ပစ်ခတ်ပြီး ပြည်သူနေအိမ်များထဲသို့ ပစ္စည်းဝင်ရောက်ခိုးယူကာ မီးရှို့ဖျက်ဆီးနေကြောင်း စုံစမ်းသိရသည်။ မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၇ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်သို့ ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင်များကို သေနတ်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားများက လက်ခုပ်တန်းနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ပြည်သူနေအိမ်များထဲသို့...

ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီ အလောင်း ၅၀ တွေ့၊ လက်နက် ၅၀ သိမ်းပိုက်ရရှိ

သျှမ်းပြည် ဆီဆိုင်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ အလောင်း ၅၀ တွေ့ပြီး လက်နက် ၅၀ ခန့်သိမ်းပိုက်ခဲ့ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ပြောဆိုလိုက်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်)တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLAမှ ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စကို...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားကြောင်း သိရသည်။ မူဆယ်မြို့နယ်၊စယ်လန့်ကျေးရွာ၊နောင်မိုရွာ သင်္ချိုင်းကုန်အနီးတွင် အမျိုးသားတစ်ဦး တံမြတ်စည်းပင် သွားခုတ်ရာမှ မိုင်းနင်းမိကာ ခြေထောက်ပြတ်သည်အထိ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူအိမ်အပြန်လမ်းမှာ မိုင်းနင်းမိတာ။မနေ့ညနေ ၅ နာရီလောက်က ဖြစ်သွားတာ”ဟု အသက် ၃၀ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်...

တရုတ် ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များကို စစ်ကောင်စီ လွှဲပြောင်းပေး

သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းကျားဖြန့်လုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ကိုးကန့်ခေါင်းဆောင်ဟောင်းနှင့် လုပ်ငန်းရှင် (၁၀)ဦးတို့ကို စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်) တွင် စစ်ကောင်စီသည် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းနှင့် လုပ်ငန်းရှင်များ အပါအဝင် အွန်လိုင်းကျားဖြန့်လုပ်ငန်း အဓိကလုပ်ကိုင်သူ...

လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၃ အတွင်းရှိ ဆိုင်ခန်းရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်) မွန်းလွှဲ ၂ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၃ ၊ သီရိလမ်းပေါ်ရှိ...

Latest news