နမ္မတူ ဒေသခံများကို TNLA တပ်ဖွဲ့ ခေါင်းဆောင်များ သွားရောက်တွေ့ဆုံ

သျှမ်းပြည် နမ္မတူမြို့နယ် ဒေသခံများကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ခေါင်းဆောင်များက သွားရောက်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် TNLA တပ်ဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း နမ္မတူဒေသခံများက ပြောသည်။

“အခြေအနေ မတည်ငြိမ်သေးတဲ့ အချိန်တော့ စစ်အုပ်ချုပ်ရေး ပုံစံနဲ့ပဲ အုပ်ချုပ်သွားဦးမယ်။ ၂၀၂၅ ကျရင် ဒေသခံပြည်သူတွေ ကိုယ်တိုင်အုပ်ချုပ်နိုင်အောင် ပြင်ဆင်သွားမယ်လို့ ပြောတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေမေးတော့ စစ်ကောင်စီဘက်က တိုက်ပွဲမစရင် သူတို့ဘက်ကတော့ မဖြစ်ဘူး၊ နောက်ပိုင်းလည်း ဆက်ဆွေးနွေးဖို့ ရှိသေးတယ်လို့ ပြောတယ်”ဟု လူထုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် နမ္မတူဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့တွင် ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲသို့ ဒေသခံ ပြည်သူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များမှ လူဦးရေ (၃၀၀)ခန့် တက်ရောက်ခဲ့ကြောင်း နမ္မတူဒေသခံများထံမှ သိရသည်။

ထို့အပြင် TNLA တပ်ဖွဲ့က နမ္မတူမြို့နယ်တွင် ဖော်ဆောင်နေသည့် အုပ်ချုပ်ရေးယန္တရားများကို ရှင်းပြပြီး မတ်လ (၄)ရက်နေ့က စစ်ကောင်စီမှ နမ္မတူမြို့နယ် အပါအဝင် နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းနှင့် ပတ်သက်ပြီး ဖြစ်လာနိုင်သည့် အခြေအနေများကို သတိထား၍ ဂရုစိုက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“နမ္မတူမှာတော့ ရပ်ကွက်နာမည်တွေ ပြန်ပြောင်းထားတယ်။ CDM ဆရာဝန်တွေနဲ့ နမ္မတူဆေးရုံကိုလည်း ပြန်ဖွင့်ထားပေးတယ်။ နမ္မတူမှာ မနိုင်တာကျတော့ နမ့်ဆန်ဆေးရုံကြီးမှာ အထူးကု ထားပေးမယ်။ ဒီလကုန်ရင် နမ့်ဆန်မှာလည်း အထူးကု ဆရာဝန် ရောက်မယ် ပြောတယ်”ဟု နမ္မတူမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် TNLA တပ်ဖွဲ့က ထိန်းချုပ်ထားသည့် နမ္မတူမြို့ရှိ ပြည်သူ့‌ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်း (၁၈)ဦးဖြင့် ပြန်လည်ပတ်နေပြီး ၎င်းတို့အထဲတွင် CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDM ပြုလုပ်ထားသည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ ပါဝင်ကြောင်း မတ်လ(၁၆)ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အလားတူ မတ်လ ဒုတိယပတ်က နမ္မတူမြို့နယ်အတွင်း မန်စံကျေးရွာရှိ လျှပ်စစ်ရုံး၊ မီးသတ်ရုံး၊ ဆေးရုံနှင့် ကျောင်း စသည့် ဌာနဆိုင်ရာရုံးများကိုလည်း TNLA တပ်ဖွဲ့မှ မြေယာအဆောက်အဦ အကျယ်အဝန်းများ တိုင်းထွာသတ်မှတ်ခြင်းများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း နမ္မတူဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...