နမ့်ခမ်း TNLA က ကြံကားများကို နယ်စပ်သွားခွင့်မပြု

သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ မန်ဟောင်းနှင့် နောင်တောင်း ကူးတို့ဆိပ်သို့ သွားမည့် ကြံကားများကို TNLA က ကမ်းကူးခွင့် ပိတ်ထားသဖြင့် ကြံတောင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်မှ စတင်ပြီး နမ့်ခမ်းမြို့နယ်မှ တရုတ်ပြည်သို့ သွားမည့် ကြံကားများကို မန်ဟောင်း နှင့် နောင်တောင်း ကူးတို့ဆိပ် (စက်လှေဆိပ်)ဂိတ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ အကြောင်းပြချက် မရှိဘဲ ဖြတ်သန်းခွင့်မပြုခဲ့ကြောင်း ကြံတောင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကြံကားများသည် နောင်တောင်း-ပိန်းမိုင် နယ်စပ်ဂိတ်ကို ဖြတ်၍ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကြံကားများဖြစ်သည်။

“ကြံပို့လို့မရတာ တစ်ပတ်ကျော်ရှိပြီ။ နမ့်ခမ်းက TNLA ကို သွားမေးတော့လည်း သူတို့အထက်လူကြီးက ပိတ်ခိုင်းလို့ ပိတ်ရတာ လို့ပဲ ပြန်ပြောတယ်။ နောင်တောင်း စက်လှေဆိပ်ကနေ ကမ်းမကူးရတော့ ကြံကားလည်း အဲ့ဒီမှာပဲ ရပ်ထားရတာ၊ တရုတ်ဘက်ကို ဝင်ဖို့ စောင့်နေတာ”ဟု နမ့်ခမ်းမြို့ဒေသခံ ကြံတောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်ဖွဲ့မှ စက်လှေဆိပ်ကို ရုတ်တရက် ပိတ်လိုက်ခြင်းကြောင့် တရုတ်ဘက်သို့ တင်ပို့မည့် ကြံကားများလည်း နောင်တောင်း စက်လှေဆိပ်တွင် ၁၅ စီးထက်မနည်း ရပ်ထားရသည့်အပြင် ကြံခင်းများထဲတွင် ခုတ်ထားသည့် ကြံချောင်းများလည်း ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

“အခုလို ရုတ်တရက်ကြီး လှေဆိပ်ပေးမဖြတ်တော့ ခုတ်ထားတဲ့ ကြံချောင်းတွေက ကြံခင်းထဲမှာ ပုံထားရတာ အများကြီး။ ကြံချောင်းက ခုတ်ထားပြီး ချက်ချင်းမပို့ရတော့ ဒီတိုင်းထားရင် ခြောက်သွားတယ်၊ အလေးချိန် လျော့သွားတာပေါ့။ ကုမ္ပဏီရောက်သွားရင်လည်း ကြံက မလှတော့တာရယ်၊ တန်လျော့တာနဲ့ဆို ငွေအပြည့် မရတော့ဘူး”ဟု နမ့်ခမ်းမြို့မှ ၎င်းကြံတောင်သူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယခုကဲ့သို့ နမ့်ခမ်းမြို့နယ်ရှိ စက်လှေဆိပ်များကို TNLA တပ်ဖွဲ့က ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ပင်ထားခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA တပ်ဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

နမ့်ခမ်းမြို့နယ်ကို ထိန်းချုပ်ထားသည့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ မန်ဟောင်းနှင့် နောင်တောင်း စက်လှေဂိတ်များကို ကြိုတင်အသိပေးခြင်း မရှိဘဲ ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဟိုဆိုင်း၊ မန်ခမ်း၊ နောင်မွန်းနှင့် နောင်ခိုရွာများမှ ကြံတောင်သူများမှာ အခက်အခဲဖြစ်နေကြောင်း နမ့်ခမ်းမြို့နယ် ကြံတောင်သူများက ပြောသည်။

“အခုက ဒီကြံရောင်းရမှ ဝင်ငွေရှိမှာဆိုတော့ အခက်အခဲကတော့ အများကြီးရှိတယ်။ ကြံရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ပဲ တစ်နှစ်လုံး စားဝတ်နေရေး ဖြေရှင်းသွားရတာ။ ကြံစိုက်တုန်းကလည်း အရင်းအနှီးက ကုမ္ပဏီဆီက ယူထားရတာဆိုတော့ အဲ့ဒီအကြွေးတွေလည်း ပြန်ဆပ်ရမှာ။ မြေဩဇာဖိုး၊ အလုပ်သမားဖိုး ဒီဟာတွေလည်း ရှင်းရဦးမှာ”ဟု နမ့်ခမ်းဒေသခံ ကြံတောင်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နမ့်ခမ်းမြို့နယ်မှ ကြံများကို တရုတ်ကုမ္ပဏီမှ ၎င်းတို့၏ ၁၂ ဘီးကားဖြင့် လာရောက်သယ်ယူကာ ကားတစ်စီးလျှင် ၃၀ မှ ၃၅ တန်အထိ တင်ဆောင်နိုင်ပြီး ကြံတစ်တန်လျှင် တရုတ်ငွေ ၃၀၉ ယွမ် ပေါက်ဈေးရှိကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

နမ့်ခမ်းမြို့နယ်မှ ထွက်ရှိသည့် ကြံများကို ဇန်နဝါရီလမှ စတင်၍ နောင်တောင်း-ပိန်းမိုင် နယ်စပ်ဂိတ်ရှိ ကုန်အဝင်အထွက် သီးသန့်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေပြီး ၎င်းဂိတ်အနီးတွင် သျှမ်းတပ် SSPP/SSA နှင့် တအာင်း(ပ‌လောင်)တပ်ဖွဲ့ TNLA တို့ နေရာယူထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...