Wednesday, February 18, 2026

CATEGORY

သတင်း

ဆီဆိုင်မြို့ စစ်ဘေးရှောင်များကို အကြောင်းပြုပြီး ငွေလိမ်လည်မှုရှိနေ

တိုက်ပွဲကြောင့် ဆီဆိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပုံများအား အသုံးပြု၍ လူမှုကွန်ရက် စာမျက်နှာများပေါ်မှတစ်ဆင့် အလှူခံကာ ငွေလိမ်လည်နေလျက်ရှိသည်။ အများပြည်သူဒုက္ခရောက်နေချိန်တွင် အခွင့်ကောင်းယူပြီး အလှူခံကာ ငွေလိမ်လည်နေသဖြင့် သတိပြုရန် လိုအပ်သည်။ ယခုရက်ပိုင်းအတွင်း လှုမှုကွန်ရက်စာမျက်နှာပေါ်တွင် Khain Zar Lwin ဆိုသည့်အကောင့်နာမည်ဖြင့် “ အလှူခံ Post လေးပါ။ စစ်စံထွန်း...

စစ်မှုထမ်းရန် အသက်ကျော်လွန်သည့် အမျိုးသားများအား ပြည်သူ့စစ်အဖြစ် ပစ်မှတ်ထား စုဆောင်းဖို့ စစ်ကောင်စီ ညွှန်ကြား

စစ်ကောင်စီ အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက်ကျော်လွန် အကျုံးမဝင်တော့သည့် အမျိုးသားများအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်အဖြစ် ပစ်မှတ်ထား ဦးစားပေး စုဆောင်းရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စစ်ရေး သတင်းရင်းမြစ်က ယနေ့ (ဖေဖော်ဝါရီ ၂၉ ရက်) တွင် ပြောသည်။ “ပြည်သူ့စစ်မှုထမ်း...

တပတ်ကြာ ပိတ်မိနေသည့် ကားသမားများ စားဝတ်နေရေးခက်ခဲနေ

သျှမ်းပြည် တောင်ပိုင်း လမ်းများပိတ်ထားသည့်အတွက်ကြောင့် မိုင်းပွန်မြို့တွင် တပတ်ကျော်ကြာ ပိတ်မိနေသောကားသမားများ စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - မိုင်းပွန်ကြား စစ်ကောင်စီ၊ ပြည်သူ့စစ် PNO နှင့် PNLA တို့တိုက်ပွဲများကြောင့် မိုင်းပွန်မြို့တွင် လမ်းများကို ယနေ့ (ဖေဖော်ဝါရီလ...

လက်နက်သံကြား ပင်လုံမြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်တွင် မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲ ပြုလုပ်ကြောင်း သိရသည်။ သျှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ပင်လုံမြို့တွင် ယနေ့ ‌ဖေဖော်ဝါရီလ ၂၂ ရက်၌ (၃၈) ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်လှူပွဲ ပြုလုပ်နေသည်။ “ဒါတွေက အစကတည်းက စီစဉ်ထားတာပါ။တိုက်ပွဲတွေ အသံတွေ လက်နက်ကြီးသံတွေတော့ မနေ့က ညအသံတွေကြားရတယ်။နှစ်စဥ်လုပ်လာတဲ့ ဆွမ်းဆန်တော်လောင်းလှူပွဲပါ ”‌ဒေသခံ...

ဟိုပုံး-မိုင်းပွန် ကားလမ်းပေါ် အိမ်စီးကား ပစ်ခံရ၊အမျိုးသား၂ဦးထိမှန်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး-မိုင်းပွန် ကားလမ်း‌ပေါ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး မိုင်ပွန်ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်း သိရသည်။ ဟိုပုံးနှင့်မိုင်းပွန်ကြား ထမ်စမ်းဂူအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ )ရက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ဂိတ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းပွန်မြို့‌ဒေသခံ...

ကျိုင်းတုံမြို့နယ် ဆယ်အိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည် ကျိုင်းတုံမြို့နယ်မှ ဆယ်အိမ်မှူး တစ်ဦးသည် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကျိုင်းတုံမြို့၊ ပန်ယောင်းကျေးရွာမှ အသက် (၃၅) နှစ် ဆယ်အိမ်မှူး တစ်ဦးသည် အမျိုးသမီးဖြစ်သူ နှင့်...

တောင်ကြီး – လွိုင်လင်တကြော တိုက်ပွဲပြင်းထန်၊ ကားလမ်းယာယီပိတ်ထား

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောဖြစ်သည့် ဟိုပုန်း၊ မိုင်းပွန်၊ လွိုင်လင် အဝင်အထွက် ဂိတ်များ ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောရှိ ဟိုပုန်း၊မိုင်းပွန်၊လွိုင်လင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက်အထိ မိုင်းပွန်မြို့ရှိ တံတားတွင် ကားလမ်းများ ယာယီပိတ်ထားပြီး လက်နက်ကြီး သံများလည်း ကြားနေရကြောင်း...

ဆီဆိုင်မြို့တိုက်ပွဲကြား ပိတ်မိသူများ လက်နက်ကြီးကြောင့် နေ့စဉ်ထိခိုက်ဒဏ်ရာရနေ 

သျှမ်းပြည် ဆီဆိုင်မြို့သို့ အတွင်း တိုက်ပွဲကြားပိတ်မိနေသည့် အရပ်သားများနေ့စဥ်နှင့် အမျှ ကျည်ထိမှန်ကြောင်း စုံစမ်းသိရသည်။  ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်ပိုင်းမှစပြီး ဆီဆိုင်မြို့မှ ထွက်ပြေးလာကြသော စစ်ဘေးရှောင် ကလေးငယ်အပါအဝင် အမျိုးသား ၂ ဦးစစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီးထိမှန်ခဲ့သည်။ ထို့ပြင် စစ်ဘေးရှောင် ၂၀ ကျော်သည်...

ပင်လုံမြို့ ဒေသခံများ ညအချိန် လက်နက်ကြီး ပစ်ခတ်သံ စတင်ကြားရ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်သံကို ညအချိန်၌ စတင်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) ညအချိန်က လွိုင်လင်ခရိုင် ပင်လုံမြို့ အနောက်ဘက်တွင် နေထိုင်သည့် ပြည်သူများမှ မိုင်းပွန်မြို့အဝင် တပ်ကုန်းရှိ စစ်ကောင်စီတပ် ခမရ-၅၁၇ က ရမ်းသမ်းပစ်ခတ်သည့်...

တာချီလိတ်မြို့ ကားအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တာချီလိတ်မြို့၌ ကားတစ်စီးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကားအတွင်း ရှိနေသည့် အမျိုးသား တစ်ဦးမှ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင် အချိန်၌ တာချီလိတ်မြို့ ဝန်းကျာက်ရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး၊...

Latest news