သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားနေသည့် ပြဿနာကို FPNCC မှ ကြားဝင် ထိန်းသိမ်းပေးရန် နှစ်ဘက်တပ်ဖွဲ့ စောင့်ဆိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၅) ရက်မှ စတင်ပြီး ကျောက်မဲမြို့နယ်...
တာချီလိတ် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းဝန်းထဲတွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် လောင်းကစားဆိုင်ခန်းပေါင်း ၈၀ ထက်မနည်း ရှိနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ ဇွန်လ ၁၈ ရက်မှစ၍ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ တော်ကော့ပြင် ဘုန်းကြီးကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားပြီး လိုင်းကြေးအနေဖြင့် ဆိုင်ခန်း ၁ ခန်းကို တစ်ညလျှင်...
တောတောင်ထဲရောက် ပင်လောင်း စစ်ရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ဆေးဝါးလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဘက်ရှိ တောတောင်ထဲတွင်ရှောင်နေရသော စစ်ဘးရှောင်များသည် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် မိုးကာများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ထိုစစ်ရှောင်များသည် ဆောင်းပြောင်း၊ နမ်းနိန်း၊ တောင်စလုံး၊ မြောက်စလုံး ဒေသခံများဖြစ်ပြီး၊ ယင်းစစ်ရှောင်များသည် တိုက်ပွဲမဖြစ်သည့်ကျေးရွာများတွင် ဆွေမျိုးများမရှိသည့်အပြင် ဘုန်းကြီးကျောင်းများတွင်လည်း ထပ်မံပြီး လက်မခံတော့သောကြောင်း တောထဲတွင်တဲထိုးပြီး ရှောင်နေရကြောင်း စစ်ရှောင်တစ်ဦးက...
ဆောင်းပြောင်း စစ်တပ်လက်နက်ကြီးနှင့် ဒရုန်းကြောင့်နှစ်ဦးသေဆုံး
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာတွင် စစ်တပ်လက်နက်ကြီးနှင့် ဒရုန်းကြောင့်ကလေးငယ်အပါအဝင်နှစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယခုလ ဇူလိူင်လ ၅ရက်တွင် စစ်ကောင်စီ လက်နက်ကြီးထိမှန်ခြင်းကြောင်း ဆောင်းပြောင်းရွာနေ အသက်၆နှစ်အရွယ် ခွန်ဗီနိုနှင့် ဘုရားတောင်အနီးတွင် စစ်ရှောင်နေသော နန်းထူလည်း ဒရုန်းဗုံးထိမှန်ခြင်းကြောင်းသေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ခွန်ဗီနိုက ဝမ်းဗိုက်ကိုထိတာ ။အဲဒဏ်ရာနဲ့ဘဲ ဆုံးတာ။သူကငယ်လည်းငယ်သေးတယ်။စိတ်မကောင်းဘူး။နန်းထူက သူက ခန္ဒာကိုယ်အနှံ့ဘဲ ဗုံးအစ စင်တာ...
စစ်တပ် လော်ဘီတယ်ဂရမ်ချယ်နယ်များ လှုံ့ဆော်မှုကြောင့် နေအိမ်ဗုံးကြဲခံရမှုဖြစ်စဉ်
စစ်တပ် အားပေးထောက်ခံသည့် တယ်လီဂရမ်ချယ်နယ်များမှ မည့်သည့်နေရာတွင် မည့််သည့်အဖွဲ့အစည်းရှိ နေကြောင်း ဗုံးကြဲရန် ဝါဒဖြန့်ပြီး လှုံ့ဆော်ခြင်း၊ သတင်းအမှားဖြန့်ချိခြင်းကြောင့် ပြည်သူနေအိမ်များ ဗုံးကြဲခံနေရသည်။ Subscribers ၁၂၀,၀၀၀ ကျော်ရှိသည့် စစ်တပ်ထောက်ခံတယ်လီဂရမ်ချယ်နယ် မှိုင်းဝေ ချယ်နယ်မှ လားရှိုးမြို့နယ် နမ့်ပေါင်ရွာနှင့် သံလွင်ရွာတွင် ရွာသားများမရှိတော့ဘဲ တော်လှန်ရေးအင်အားစုများသာ ခိုအောင်းနေသဖြင့် လေကြောင်းမှ...
နမ့်ခမ်း သတ္တုတင်ယာဉ်တိုက်မှုကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၁ ဦးဒဏ်ရာပြင်းထန်
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် သတ္တုတင်ဆောင်လာသည့် ကားမှ ကျောင်းသူ (၂) ဦးကို တိုက်မိခဲ့ရာ တစ်ဦး ပွဲချင်းပြီး သေဆုံး၍ ၁ဦး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ် နောင်တိန်ကျေးရွာတွင် သတ္တုတင်ဆောင်လာသော ကားကြီးသည် တရုတ်ကျောင်းမှ ပြန်လာသည့်...
ကျောက်မဲမြို့နယ် SSPP စခန်းချ နေရာကို TNLA ဒရုန်းဗုံးကြဲတိုက်ခိုက်
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၇ ရက်) ည ၉ နာရီကျော်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုရှိ...
မောက်မယ်မြို့ ဖုန်းဆိုင်ကို ဝင်ရောက်ဖောက်ထွင်းသည့် အမျိုးသားအား ဖမ်းဆီးရမိ
သျှမ်းပြည် မောက်မယ်မြို့ရှိ ဖုန်းဆိုင်တစ်ခုကို ဝင်ရောက်ဖောက်ထွင်းခဲ့သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၇ ရက်) ည ၁၀ နာရီခန့်တွင် မောက်မယ်မြို့ထဲရှိ ဖုန်းဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ဖောက်ထွင်းခဲ့သည့် အမျိုးသားတစ်ဦးကို တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “CCTV ကနေတဆင့် ဖုန်းကို...
မိုးမိတ် တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိ
သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF...
လားရှိုးမြို့ အထပ်မြင့် တိုက်များပေါ်တွင် စစ်ကောင်စီတပ် စနိုက်ပါများ ဖြန့်ကျက် ခံစစ်ပြင်
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အထပ်မြင့် တိုက်များနှင့် အမြင့်ပိုင်း တောင်ကြောများပေါ်တွင် စစ်ကောင်စီတပ်က စနိုက်ပါသမားများ ပါဝင်သည့် တပ်ဖွဲ့ငယ် အများအပြား ဖြန့်ကျက်ထားကြောင်း စစ်ရေးသတင်းရင်မြစ်က ယနေ့ (ဇူလိုင်လ ၈ ရက်) တွင်ပြောသည်။ ယမန်နေ့ ညပိုင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လာရှိုးမြို့စောင့်တပ်...






