မောက်မယ်မြို့ ဖုန်းဆိုင်ကို ဝင်ရောက်ဖောက်ထွင်းသည့် အမျိုးသားအား ဖမ်းဆီးရမိ

သျှမ်းပြည် မောက်မယ်မြို့ရှိ ဖုန်းဆိုင်တစ်ခုကို ဝင်ရောက်ဖောက်ထွင်းခဲ့သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင်လ ၇ ရက်) ည ၁၀ နာရီခန့်တွင် မောက်မယ်မြို့ထဲရှိ ဖုန်းဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ဖောက်ထွင်းခဲ့သည့် အမျိုးသားတစ်ဦးကို တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“CCTV ကနေတဆင့် ဖုန်းကို အသံပေးတော့ သူသော့ဖျက်ဝင်နေတာကို ချက်ချင်းမြင်တာပေါ့။ ဆိုင်တစ်ခုလုံးကို မွှေနှောက်ထားတာပေါ့။ အဲ့တာနဲ့ ရဲတွေကို တိုင်ပြီး ဆိုင်ကိုသွားပြီးတော့ ချက်ချင်းဝင်ဖမ်းတာပေါ့။ ရဲတွေက ဖမ်းပြီးတော့ သူ့ကိုယ်မှာ ရှာတာပေါ့၊ ဖုန်းနဲ့ ဘေကဒ်တွေကို အိတ်ထဲမှာ ထည့်ထားတာ”ဟု မောက်မယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းဖုန်းဆိုင်သို့ ဝင်ရောက်ဖောက်ထွင်းခဲ့သော အမျိုးသားသည် အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိပြီး ယမန်နေ့တွင် တာဝန်ရှိသူများ၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း မောက်မယ်ဒေသခံများထံမှ သိရသည်။

“အရင်ကလည်း ဖောက်ခံရဖူးတယ်။ ပထမတစ်ခေါက်တော့ မဟုတ်လောက်တော့ပါဘူး။ အသက်တော့ ငယ်သေးတယ်။ မောက်မယ်ကတော့ ဒီလို ဆိုင်ဖောက်ခံရတာတော့ မကြာခဏ ဖြစ်တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

စစ်တပ်မှ အရပ်သားအစိုးရထံ နိုင်ငံတော်အာဏာကို အဓမ္မ သိမ်းယူပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ၊ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားလာပြီး အချို့နေရာဒေသများတွင် ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အတွက်ကြောင့် ပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့်...

သျှမ်းပြည် မြို့နယ်အချို့တွင် မဲပေးစက် ချို့ယွင်းမှုဖြစ်၊ မဲပေးစက် အသစ်လှဲရ

0
သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁) ရက် နံနက်ပိုင်းမှစ၍ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံတွင် မဲသွားပေးကြရာ အချို့မြို့နယ်ရှိ မဲရုံတွင် မဲပေးစက်များ ချို့ယွင်းမှု ဖြစ်နေကြောင်း ကိုယ်တိုင်မဲထည့်ခဲ့ကြသူအချို့က ပြောသည်။ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်...

ပင်လုံ ဖုန်းဆိုင် တစ်ဆိုင် အမည်မသိ လက်နက်ကိုင် တစ်စု ဝင်ရောက်ပစ်ခတ်  (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့ စျေးအရှေ့ဘက်ရှိ လျှပ်စစ်ပစ္စည်း နှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင် တစ်ဆိုင်မှာ အမည်မသိ လူတစ်စုက ဝင်ရောက်ပစ်ခတ်ပြီး ဆိုင်ရှင်အပါအဝင် (၄) ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာ (၂၇) ရက် ည (၇) နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး...

မောက်မယ် ကဒူးကြီး အမျိုးသားတစ်ဦး တောင်ယာသွားနေစဉ် မိုင်းနင်းမိ သေဆုံး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ နမ့်ပါတက်ကျေးရွာတွင် အမျိုးသားတစ်ဦး တောင်ယာ သွားနေစဉ် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်း ၁၂ နာရီတွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နမ့်ပါတက်ကျေးရွာ၏ အနောက်ဘက်ရှိ တောင်ယာသို့ အသက် ၃၂ နှစ်အရွယ်...

မောက်မယ်မြို့နယ်အတွင်းမှာ RCSS/SSA နှင့် PNLO/PNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်းတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တို့အကြေား တိုက်ပွဲ ထပ်မံဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၀) ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်မှ စတင်ကာ...