စစ်တပ် လော်ဘီတယ်ဂရမ်ချယ်နယ်များ လှုံ့ဆော်မှုကြောင့် နေအိမ်ဗုံးကြဲခံရမှုဖြစ်စဉ်

စစ်တပ် အားပေးထောက်ခံသည့် တယ်လီဂရမ်ချယ်နယ်များမှ မည့်သည့်နေရာတွင် မည့််သည့်အဖွဲ့အစည်းရှိ နေကြောင်း ဗုံးကြဲရန် ဝါဒဖြန့်ပြီး လှုံ့ဆော်ခြင်း၊ သတင်းအမှားဖြန့်ချိခြင်းကြောင့် ပြည်သူနေအိမ်များ ဗုံးကြဲခံနေရသည်။

Subscribers ၁၂၀,၀၀၀ ကျော်ရှိသည့် စစ်တပ်ထောက်ခံတယ်လီဂရမ်ချယ်နယ် မှိုင်းဝေ ချယ်နယ်မှ လားရှိုးမြို့နယ် နမ့်ပေါင်ရွာနှင့် သံလွင်ရွာတွင် ရွာသားများမရှိတော့ဘဲ တော်လှန်ရေးအင်အားစုများသာ ခိုအောင်းနေသဖြင့် လေကြောင်းမှ ဗုံးကြဲရန်လိုအပ်သည်ဟု ဇူလိုင် ၄ ရက် မနက်ပိုင်းက လှုံ့ဆော်ခဲ့သည်။

ထိုသို့ လှုံ့ဆော်အပြီး ၂၄ နာရီအတွင်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့သည်။

လားရှိုးမြို့နယ် နမ့်ပေါင်ရွာ၏ ဒေသခံများပြောပြချက်အရ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် တစ်စီးပြီးတစ်စီး လာရောက် ဗုံးကြဲခဲ့ကြောင်း၊ ကျေးရွာအတွင်း ရွာသားများရှိနေစဉ်မှာပင် ဗုံးကြဲခဲ့ကြောင်း ဆိုသည်။

သို့သော် စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်များကမှု ကျေးရွာအတွင်း ရွာသားများမရှိကြောင်း လှုံ့ဆော်ခဲ့ရာ
စစ်ကောင်စီတပ်မှ အမှန်တကယ် ဗုံးကြဲပြီးနောက် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိနေသည်။

အလားတူ Subscriber ငါးသော်ကျော်ရှိသည့် U Kyaw Soe Oo တယ်လီဂရမ်ချယ်နယ်မှ သိန္နီမြို့ကို ပေါင် ၅၀၀ ဗုံးဖြင့်ကြဲရန် ဇူလိုင် ၃ ရက် မနက်ပိုင်းက လှုံ့ဆော်ခဲ့သည်။

၎င်းက “သိန္နီမြို့ ရဲစခန်းထဲမှာ TNLA နဲ့ MNDAA အများကြီး နေရာယူထားတယ်လို့ သိရတယ်။ ပေါင် ၅၀၀ ဗုံး ၄ လုံးလောက်ကြဲရင် ပွဲပြီးပြီ” ဟု (မူရင်းအတိုင်း) လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လှုံ့ဆော်အပြီး ညတွင်းချင်းမှာ စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့သည်။ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံး ၃ လုံး လာရောက်ကြဲချပြီး ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း သိန္နီမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်စပ်ဖတ်ရှု့ရန် သတင်းလင့်ခ် – https://shorturl.at/50jIZ

ထိုနေ့တစ်ရက်တည်းတွင် သိန္နီ-လားရှိုးကြား၊ သိန္နီမြို့နှင့် ၁၁ မိုင်ကျော်ကွာဝေးသည့် မိုင်းလီကျေးရွာအုပ်စုရှိ စာသင်ကျောင်းအနီးကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သိန္နီမြို့ဗုံးကြဲအပြီး စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် နေပြည်တော်အခြေစိုက် People Media ကလည်း သိန္နီမြို့ပေါ်ရပ်ကွက် ၂ ရှိ ရဲစခန်းအနောက်ဘက်သို့ တပ်မတော်မှ ဂျက်လေယာဉ်ဖြင့် ဗုံး ၃ လုံး ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း ဇွန်လ ၄ ရက် မွန်းလွှဲပိုင်းက ဝမ်းသာအားရ ရေးသားဖြန့်ချိထားသည်။

မူရင်းလင့်ခ် – https://archive.ph/VIezp

ဇွန်လ ၂၅ ရက်ကစပြီး သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲတစ်ကျော့ပြန် ဖြစ်ပွား လာပြီးသည့်နောက် တိုက်ပွဲနှင့်ဆက်စပ်၍ သတင်းမှားဖြန့်ချိနေသည့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ် ပေါင်း ၁၀ ခုကျော်ကို သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများက စောင့်ကြည့်လေ့လာခဲ့သည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်များက “ပြည်သူများသည် အကြမ်းဖက်အားပေးသည့် NLD ထောက်ခံသူများ၊ PDFများ၏ အကြမ်းဖက်မှုများကြောင့် မိုးထဲရေထဲတွင် စစ်ဘေးရှောင်ပြီး ဒုက္ခရောက်နေကြရကြောင်း၊

သျှမ်းမြောက် စစ်မျက်နှာပြင်တွင် စစ်တပ်သည် စစ်နိုင်နေသော်လည်း တရားဝင် တပ်မတော်ဖြစ်၍ ပြည်တွင်းစစ် စည်းကမ်းများအား လိုက်နာရခြင်းကြောင့် တော်လှန်ရေး အင်းအားစုများ၏ ကျဆုံးနေသည့် ဓာတ်ပုံများရိုက်ခွင့်၊ ဆိုရှယ်မီဒီယာတွင် တန်ပြန်ဝါဒဖြန့်ချိခွင့်မရကြောင်း” စသည့်ဖြင့် သတင်းမှားများ ဖြန့်ချိနေသည်။

ကျောက်မဲမြို့ စစ်ဘေးရှောင် ၃ ဦး ပလောင်စကားမတတ်ဟုဆိုကာ TNLA ပစ်သတ်ခဲ့သည်ဆိုသည့် ဗီဒီယိုဖိုင်အမှားကိုလည်း သျှမ်းသံတော်ဆင့်မှ စီစစ်ခဲ့သည်။

သတင်းလင်ခ့် – https://burmese.shannews.org/archives/42471

ဇူလိုင် ၇ ရက် ညပိုင်းတွင်လည်း စစ်ကောင်စီကို ထောက်ခံရေးသားသည့် Ko Thet ချယ်နယ်က လားရှိုးမြို့ကို ဖျက်အားပြင်းဗုံးများဖြင့် လေကြောင်းမှ ဗုံးကြဲပေးရန် လှုံ့ဆော်ခဲ့နည်းတူ ကိုးကန့်သိမ်းပိုက်ထားသည့် လောက်ကိုင်ဒေသအား ဗုံးကြဲရှင်းလင်းရန် လှုံ့ဆော်ခဲ့သည်။

သို့ရာတွင် စစ်တပ်ထောက်ခံ ချယ်နယ်များက ပြည်သူမရှိကြောင်း ဝါဒဖြန့်၍ ဗုံးကြဲတိုက်ခိုက်မှုများ လှုံ့ဆော်သကဲ့သို့ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်နေ၍ မြေပြင်တွင် ပြည်သူသေဆုံးမှု မြင့်တက်လျက်ရှိသည်။

စစ်ကောင်စီတပ်သည် တစ်ကျော့ပြန် “၁၀၂၇ စစ်ဆင်ရေး” တွင် စစ်ရေးရှုံးနိမ့်မှုကို ရင်ဆိုင်နေရသဖြင့် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုအား အလွန်ကျွံ့သုံးစွဲခုခံလျက်ရှိပြီး၊ ၁၂ ရက်အတွင်းမှာတင် အရပ်သားသေဆုံးသူ ၄၄ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၆၀ ဝန်းကျင်ရှိကြောင်း TNLA က ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်၊ လှုမှုကွန်ရက်နှင့် မိုဘိုင်းအီလက်ထရွန်နစ် နည်းပညာအခြေခံ မီဒီယာမျိုးစုံမှ ဖယ်ရှားခံထားရသည့် စစ်ကောင်စီက တယ်လီဂရမ် (Telegram) တွင် ချယ်နယ်မျိုးဖွင့်၍ ဝါဒမှိုင်းတိုက်နေခြင်းပင်။

ထိုသို့လုပ်ဆောင်ရန်အတွက် စစ်ကောင်စီ တပ်တွင်း ညွှန်ကြားချက်များ ပေးထားသည်ဟု Myanmar Now သတင်းတစ်ခုတွင် ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှု့ရန် သတင်းလင့်ခ် – https://myanmar-now.org/mm/news/8813/

တယ်လီဂရမ်မှ စစ်တပ်လော်ဘီ ချယ်နယ်များသည် NUG ၊PDF နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ စစ်အာဏာရှင် ဆန့်ကျင်သူများနှင့် CDM ဝန်ထမ်းများကို အပုပ်ချရန်၊ တိုက်ခိုက်ရန်၊ ဖမ်းဆီးရန် ကွန်ရက်သဖွယ် ချိတ်ဆိတ် လုပ်ဆောင်နေသလို ဝါဒဖြန့်ချိမှုအတွက်ပါ စစ်ကောင်စီက အသုံးချခွင့် ရနေသည်။

ထို့အပြင် သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စများကို တော်လှန်ရေးနှင့် ချိတ်ပြီး အသရေဖျက်သည့် အကြောင်းအရာများ၊ မည်သူတစ်ဦးမှမသိသေးသည့် အတွင်းသတင်းများကို ထုတ်ပြန်ပေးသည့် ပုံစံမျိုးသာမက ၎င်းတို့ကို စစ်တပ်က အရေးပါသည့်ပုဂ္ဂိုလ်ဟု ထင်အောင် နာမည်ကအစ စစ်တပ်နှင့် ဆက်နွယ်သည့် နာမည်ပေးပြီး စစ်တပ်အားပေး အကြောင်းအရာ ဖန်တီးဖြန့်ဝေခြင်းများ လုပ်ကြသည်။

တယ်လီဂရမ်တွင် စစ်လော်ဘီများက မည်သို့လုပ်ဆောင်နေသလဲ၊ မည်သည့်နည်းစနစ်ဖြင့် ဝါဒဖြန့် ပုံဖျက်နေသလဲ စသည့်ဖြင့်အကြောင်းအရာကို Mizzima သတင်းဌာနမှ သုတေသနပြုလုပ်ပြီး ရေးသားဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှု့ရန် သတင်းလင့်ခ် – https://www.mizzimaburmese.com/article/94953

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများသို့ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...