လားရှိုးမြို့ အထပ်မြင့် တိုက်များပေါ်တွင် စစ်ကောင်စီတပ် စနိုက်ပါများ ဖြန့်ကျက် ခံစစ်ပြင်

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အထပ်မြင့် တိုက်များနှင့် အမြင့်ပိုင်း တောင်ကြောများပေါ်တွင် စစ်ကောင်စီတပ်က စနိုက်ပါသမားများ ပါဝင်သည့် တပ်ဖွဲ့ငယ် အများအပြား ဖြန့်ကျက်ထားကြောင်း စစ်ရေးသတင်းရင်မြစ်က ယနေ့ (ဇူလိုင်လ ၈ ရက်) တွင်ပြောသည်။

ယမန်နေ့ ညပိုင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လာရှိုးမြို့စောင့်တပ် ဖြစ်သည့် ခမရ (၅၀၇) တပ်ရင်းကို MNDAA သိမ်းပိုက်နိုင်ပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြို့အခြေပြု ခံစစ်သေဖြင့် ခုခံရန် စနိုက်ပါသမားများ ပါဝင်သည့် တပ်ဖွဲ့ငယ် အများအပြား ဖြန့်ကျက် ပြင်ဆင်နေခြင်း ဖြစ်သည်။

လားရှိုးမြို့

“ခမရ (၅၀၇) ကိုရပြီလို့ ဆိုနိုင်ပေမယ့် အဓိက နေရာတွေ ကျန်ပါသေးတယ်။ လားရှိုးကို ဝိုင်းပတ်ထားတဲ့ ခံစစ်နေရာ ၂၂ ခုလည်း ကျန်နေပါသေးတယ်။ ကိုးကန့်တပ်ကလည်း မြို့ဆင်ခြေဖုံးနေရာတွေ စဝင်နေပြီ ဆိုတော့ မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်နိုင်ပါတယ်။ ပြည်သူတွေ အနေနဲ့ စနိုက်ပါတွေ ရှိနေတယ်ဆိုတာကို သတိပြုကြပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တပ် အနေဖြင့် တပ်ဖွဲ့ငယ်များစွာ ဖြန့်ခွဲ၍ မြို့တွင်း ပြောက်ကျား နည်းဗျူဟာ အသုံးပြု ခံစစ်ဆင်ရန် ပြင်ဆင်နေပြီး အထပ်မြင့် အဆောက်အအုံများနှင့် မြို့ကိုစိုးမိုးထားသည့် တောင်ကြောများတွင် စနိုက်ပါများဖြင့် နေရာယူထားကြောင်း ၎င်းကဆက်ပြောသည်။

ယနေ့ မနက်ပိုင်း လားရှို့မြို့စွန် နေရာတချို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားနေပြီး မယ်ဟန်ဂိတ်တွင်လည်း အစီးရေ ရာနှင့်ချီသည့် ကားများ မြို့မှထွက်ခွာခွင့်ရရန် တန်းစီ ကြိုးစားနေသည်ဟု မြို့ခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က ခလရ (၂၉၁) တွင် ခံစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်များ အကျအဆုံးများစွာဖြင့် တပ်ရင်းကို စွန့်ခွာ၍ လားရှိုးမြို့သို့ ဆုတ်ခွာသွားပြီးနောက် ယခု ခမရ (၅၀၆) တပ်ရင်း ထပ်မံ ကျဆုံးခြင်း ဖြစ်သည်။

ယင်းနောက် လားရှိုးမြို့တွင်း ဝင်ရောက်နိုင်ရေး ညီနောင်မဟာမိတ်တပ်များ တိုက်စစ်အရှိန်မြှင့်နေသည့် နည်းတူ စစ်ကောင်စီတပ်က ခံစစ်သေဖြင့် မြို့တွင်းမှ ခုခံရန် ပြင်ဆင်နေသဖြင့် မြို့တွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့ကြေမွ ပျက်စီးမည့် အရေး ကြုံတွေ့နေရခြင်း ဖြစ်သည်။

ယမန်နေ့ညက မြို့ပတ်ဝန်းကျင် တိုက်ပွဲများ အတွင်း အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ်သဖြင့် လူနေရပ်ကွက်များ အတွင်း လက်နက်ကြီးကျည် ကျရောက်ပြီး ရပ်ကွက် (၅)၊ ရပ်ကွက်(၇) နှင့် ရပ်ကွက် (၁၂) ရှိ တရုတ်ဘုရားကျောင်း ထိခိုက် ပျက်စီးခဲ့သည့်နည်းတူ လူနေအိမ်များ ပျက်စီးပြီး လူထိခိုက်မှုများ ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...