သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေစဉ် သျှမ်းတပ်နှစ်တပ် အချင်းချင်း တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှု ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့အနီး ပါမဲနှင့် မားသဲကျေးရွာအုပ်စုအတွင်း...
လင်းခေးမြို့ အမျိုးသားတစ်ဦး လက်လုပ် သေနတ်ဖြင့် ပစ်သတ်ခံရ
သျှမ်းပြည် လင်းခေးမြို့တွင် ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူယစ်ဆေးဝါးသုံးစွဲသော အသက် ၃၀အရွယ်ရှိ အမျိုးသားတစ်ဦးသည် လက်လုပ် သေနက်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဦးသည် လက်လုပ်သေနတ်ဖြင့်...
မန်တုံမြို့ကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ တစ်ဦးထိမှန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မန်တုံမြို့ကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံကြဲတိုက်ခိုက်ပြီး၊ ဒေသခံတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ) ည (၁၁)နာရီဝန်းကျင်တွင် စစ်ကောင်စီမှ မန်တုံမြို့ ကို ဂျက်လေယာဉ်ဖြင့် ဗုံး ၂ လုံး လာရောက်တိုက်ခိုက်ခဲ့ပြီး၊ ဒေသခံတစ်ဦးဒဏ်ရာရရှိကာ...
တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...
၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်သူ ဖမ်းနေသည့်သတင်းကြောင့် လူငယ်များ မြဝတီတွင်ပိတ်မိနေ
SHAN -
ကရင်ပြည်နယ်၊ ဘားအံမြို့ စစ်ဆေးရေးဂိတ်တွင် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ဖမ်းနေသည်သတင်းကြောင့် မြဝတီနှင့် ရွှေကုက္ကိုလ်သို့ရောက်ရှိနေသော သျှမ်းပြည်မှ လူငယ်အများအပြား နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တွင်းမှ တိုက်ပွဲများကြောင့် သျှမ်းပြည် မှတ်ပုံတင်ကိုင်ဆောင်သူ ၁၃/ လူငယ်များကို ပြီးခဲ့သည့် (သြဂုတ်လ ၁၈ ရက်)...
ရွှေခေါင်းလောင်း ဆရာတော် စိုင်းအေးအား စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တံတား(၁)တံတားတွင် ရွှေခေါင်းလောင်း ဆရာတော် အမည်ခံ စိုင်းအေးကို စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ခရစ်ယာန်ဘာသာရေးအစွန်းရောက်သူဟု နာမည်ကြီးနေသည့် ရွှေခေါင်းလောင်းဆရာနော် စိုင်းအေးကို ယမန်နေ့ (စက်တင်ဘာလ ၂ရက်) နေ့တွင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ် တံတား (၁)တွင် စရဖ က...
စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက် အသက်၆၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အသက်၆၀ အရွယ် အမျိူးသမီးတစ်ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာလ ၃) ရက် နံနက် ၁၀ နာရီကျော်တွင် ကျောက်ဂူတိုက်နယ် ဝါးပြားကျေးရွာအတွင်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
မူဆယ်တွင် လူငယ်တစ်ဦး တစ်ခါသုံးကဒ်တန်းစီရင်း ဓားထိုးခံရ
SHAN -
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နန်းတော်ပေါက် ဂိတ်တွင် တစ်ခါသုံးကဒ် တန်းစီနေစဉ် လူငယ်တစ်ဦး ဓားထိုးခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာ ၃) ရက် နေ့လည် ၁၂ နာရီခွဲတွင် မူဆယ်မြို့ရှိ နယ်စပ်ဖြတ်သန်းရေးဂိတ်ဖြစ်သည့် နန်းတော်ပေါက်ဂိတ်တွင် တရုတ်ပြည်ထဲဝင်ရန် တစ်ခါသုံးကဒ်( တစ်ပတ်ကဒ်) ပြုလုပ်နေစဉ် နေရာရောင်းစားသူတစ်ဉီး နှင့်...
စံကား ဒေသ PNOမှ တစ်ဖက်သတ်ဖြင့် ပစ်ခတ်၊ နေအိမ်မီးရှို့
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသ၊ ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာအတွင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO)မှ တစ်ဖက်သတ်ပစ်ခတ်နေပြီး အရပ်သားနေအိမ်ကို မီးရှို့နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂ ရက်) နေ့လည် ၂ နာရီအချိန်မှ စပြီး PNO တပ်ဖွဲ့မှ လွယ်လုံကျေးရွာအတွင်းတွင် တစ်ဖက်သတ်ဝင်ရောက် ပစ်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ်များမီးလောင်ပျက်စီးနေကြောင်း ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ‘’ မနေ့က...
ဖောင်တော်ဦးဘုရားပွဲ ပြုလုပ်မည်ဟုဆိုကာ စစ်ရှောင်များကို နေရပ်ပြန်ခိုင်း
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသဘက်တွင် ဖောင်တော်ဦးဘုရားပွဲ ပြုပ်လုပ် မည်ဆိုသောကြောင့် စစ်ရှောင်များကို နေရပ်ပြန်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဖောင်တော်ဦးဘုရားပွဲကို ယခင်က နိုင်ငံရေးအခြေအနေအကြောင်းအမျိုးမျိုး ကြောင့် မကျင်းပဖြစ်သော်လည်း ဒုတိယအကြိမ်အစည်းဝေးတွင် အထက်လူကြီးများက ကျင်းပခိုင်းသည့်ဟုဆိုကာ အင်းလေးဒေသအကြီးအကဲနှင့် ပအိုဝ်းပြည်သူ့စစ် ( PNO) တို့ ဦးစီးကျင်းပမည်ဖြစ်သည်။ ထိုသို့ ဘုရားပွဲ ကျင်းပမည်ဆိုသောကြောင့်...






