စံကား ဒေသ PNOမှ တစ်ဖက်သတ်ဖြင့် ပစ်ခတ်၊ နေအိမ်မီးရှို့  

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသ၊ ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာအတွင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO)မှ တစ်ဖက်သတ်ပစ်ခတ်နေပြီး အရပ်သားနေအိမ်ကို မီးရှို့နေကြောင်း စုံစမ်းသိရသည်။ 

ယမန်နေ့ (စက်တင်ဘာလ ၂ ရက်) နေ့လည် ၂ နာရီအချိန်မှ စပြီး PNO တပ်ဖွဲ့မှ လွယ်လုံကျေးရွာအတွင်းတွင် တစ်ဖက်သတ်ဝင်ရောက် ပစ်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ်များမီးလောင်ပျက်စီးနေကြောင်း  ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

‘’ မနေ့က နေ့လည် ၂ နာရီမှာ PNO တပ်ဖွဲ့က ရွာထဲဝင်ပြီး ပစ်ခတ်တယ်။ သူတို့တစ်ဘက်ပဲပစ်နေတယ်။ အခုဆိုနေအိမ်မီးလောင်တာတွေ အများကြီးပဲ ‘’ဟု ၎င်းကပြောသည်။ 

PNOတပ်ဖွဲ့သည်လွန်ခဲ့သည့် (ဩဂုတ်လ) တွင်ကတည်းက ရွာထဲဝင်ရောက်ခြိမ်းခြောက်ခြင်းရှိပြီး ဒေသခံများ ထိတ်လန့်မှုဖြစ်နေကြောင်း ထိုအချိန်ကတည်းက အချို့ ဒေသခံများသည် စစ်ဘေးကြိုတင်ရှောင်နေကြောင်း ဒေသခံ အမျိူးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

‘’ အရင်လ ကတည်းက သူတို့လာပြီးခြိမ်းခြောက်တာရှိတယ်။ အဲ့ကတည်းက ရွာက လူတွေကြောက် ကြပြီလေ။ကြိုတင်စစ်ရှောင်တဲ့သူလည်းရှိတယ်။ အခုဆို တစ်ရွာလုံးရှောင်ကြပြီ ဘယ်သူမှမနေရဲ တော့ဘူး‘’ ဟု ၎င်းကပြောသည်။

PNO မှ နေအိမ်မီးရှို့ထားသည့်ပုံ

ထို့အပြင် PNOတပ်ဖွဲ့မှ တစ်ဖက်သတ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနီးတစ်ဝိုက်ရှိ ပြည်သူများ ထိတ်လန့်ကြပြီး သေနတ်ကျည်လာထိမှန်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။ 

လွန်ခဲ့သည့်ဇူလိုင် ၂၁ရက်တွင် PNO တပ်ဖွဲ့က ဦးမောင်ဆောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဆိုပြီး ရိုက်နှက်ကာ ဖမ်းဆီးခဲ့ရာ စစ်ကြောရေးတွင်လည်း ထပ်မံနှိပ်စက်ခံရသဖြင့် သြဂုုတ်လနောက်ဆုံးပတ်တွင် သေဆုံးသွားကြောင်း မိသားစုဝင်များကို အကြောင်းကြားလာသည်။ 

ရွာသားများကို ဖမ်းဆီးသွားသည့် အချိန်လည်း ရွာသားဆိုင်ကယ်၂၈စီး ကိုပါ သိမ်းဆည်းသွားပြီး ၂၂စီးကိုပြန်ပေးသော်လည်း ကျန်တန်ဖိုးကြီးသည့် ၆စီးကို ယခုထိ ပြန်မပေးသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိူင်လ၂၇ရက်တွင် လွယ်လုံရွာအနီး PNOဂိတ်စခန်းကို တော်လှန်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီး PNOဘက်၅ဦး ထက်မနည်း သေဆုံးခဲ့သေးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...