Thursday, January 29, 2026

စံကား ဒေသ PNOမှ တစ်ဖက်သတ်ဖြင့် ပစ်ခတ်၊ နေအိမ်မီးရှို့  

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသ၊ ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာအတွင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO)မှ တစ်ဖက်သတ်ပစ်ခတ်နေပြီး အရပ်သားနေအိမ်ကို မီးရှို့နေကြောင်း စုံစမ်းသိရသည်။ 

ယမန်နေ့ (စက်တင်ဘာလ ၂ ရက်) နေ့လည် ၂ နာရီအချိန်မှ စပြီး PNO တပ်ဖွဲ့မှ လွယ်လုံကျေးရွာအတွင်းတွင် တစ်ဖက်သတ်ဝင်ရောက် ပစ်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ်များမီးလောင်ပျက်စီးနေကြောင်း  ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

‘’ မနေ့က နေ့လည် ၂ နာရီမှာ PNO တပ်ဖွဲ့က ရွာထဲဝင်ပြီး ပစ်ခတ်တယ်။ သူတို့တစ်ဘက်ပဲပစ်နေတယ်။ အခုဆိုနေအိမ်မီးလောင်တာတွေ အများကြီးပဲ ‘’ဟု ၎င်းကပြောသည်။ 

PNOတပ်ဖွဲ့သည်လွန်ခဲ့သည့် (ဩဂုတ်လ) တွင်ကတည်းက ရွာထဲဝင်ရောက်ခြိမ်းခြောက်ခြင်းရှိပြီး ဒေသခံများ ထိတ်လန့်မှုဖြစ်နေကြောင်း ထိုအချိန်ကတည်းက အချို့ ဒေသခံများသည် စစ်ဘေးကြိုတင်ရှောင်နေကြောင်း ဒေသခံ အမျိူးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

‘’ အရင်လ ကတည်းက သူတို့လာပြီးခြိမ်းခြောက်တာရှိတယ်။ အဲ့ကတည်းက ရွာက လူတွေကြောက် ကြပြီလေ။ကြိုတင်စစ်ရှောင်တဲ့သူလည်းရှိတယ်။ အခုဆို တစ်ရွာလုံးရှောင်ကြပြီ ဘယ်သူမှမနေရဲ တော့ဘူး‘’ ဟု ၎င်းကပြောသည်။

PNO မှ နေအိမ်မီးရှို့ထားသည့်ပုံ

ထို့အပြင် PNOတပ်ဖွဲ့မှ တစ်ဖက်သတ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနီးတစ်ဝိုက်ရှိ ပြည်သူများ ထိတ်လန့်ကြပြီး သေနတ်ကျည်လာထိမှန်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။ 

လွန်ခဲ့သည့်ဇူလိုင် ၂၁ရက်တွင် PNO တပ်ဖွဲ့က ဦးမောင်ဆောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဆိုပြီး ရိုက်နှက်ကာ ဖမ်းဆီးခဲ့ရာ စစ်ကြောရေးတွင်လည်း ထပ်မံနှိပ်စက်ခံရသဖြင့် သြဂုုတ်လနောက်ဆုံးပတ်တွင် သေဆုံးသွားကြောင်း မိသားစုဝင်များကို အကြောင်းကြားလာသည်။ 

ရွာသားများကို ဖမ်းဆီးသွားသည့် အချိန်လည်း ရွာသားဆိုင်ကယ်၂၈စီး ကိုပါ သိမ်းဆည်းသွားပြီး ၂၂စီးကိုပြန်ပေးသော်လည်း ကျန်တန်ဖိုးကြီးသည့် ၆စီးကို ယခုထိ ပြန်မပေးသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိူင်လ၂၇ရက်တွင် လွယ်လုံရွာအနီး PNOဂိတ်စခန်းကို တော်လှန်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီး PNOဘက်၅ဦး ထက်မနည်း သေဆုံးခဲ့သေးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...