ဖောင်တော်ဦးဘုရားပွဲ ပြုလုပ်မည်ဟုဆိုကာ စစ်ရှောင်များကို နေရပ်ပြန်ခိုင်း

သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသဘက်တွင် ဖောင်တော်ဦးဘုရားပွဲ ပြုပ်လုပ် မည်ဆိုသောကြောင့် စစ်ရှောင်များကို နေရပ်ပြန်ခိုင်းကြောင်း စုံစမ်းသိရသည်။

ဖောင်တော်ဦးဘုရားပွဲကို ယခင်က နိုင်ငံရေးအခြေအနေအကြောင်းအမျိုးမျိုး ကြောင့် မကျင်းပဖြစ်သော်လည်း ဒုတိယအကြိမ်အစည်းဝေးတွင် အထက်လူကြီးများက ကျင်းပခိုင်းသည့်ဟုဆိုကာ အင်းလေးဒေသအကြီးအကဲနှင့် ပအိုဝ်းပြည်သူ့စစ် ( PNO) တို့ ဦးစီးကျင်းပမည်ဖြစ်သည်။

ထိုသို့ ဘုရားပွဲ ကျင်းပမည်ဆိုသောကြောင့် အင်းလေးဒေသ အကြီးကဲ ဥက္ကဌနှင့် ဆရာတော်များ တိုင်ပင်ဆွေးနွေးကာ ဖောင်တော်ဦးဘုရား စံမည့် မိုင်းပျိုးကျောင်းနှင့် နောင်တောဘုန်းကြီးကျောင်းတွင် ရှိသော စစ်ရှောင်များကို နေရပ်ပြန်ခိုင်းထားကြောင်း သိရသည်။

“ တချို့ကျတော့လည်း ဘုန်းကြီးကျောင်းမှာ ရေတက်လာလို့ နေရာပြောင်းခိုင်းတာ။ မိုင်းပျိုးဘုန်းကြီးကျောင်းဖက်တော့ ဘုရားစံမဲ့ နေရာဆိုတော့ နေရာဖယ်ခိုင်းတာ။ စစ်ရှောင်တွေတော့ ပြန်လို့ရတဲ့သူက နေရပ်ပြန်ကုန်ပီ၊ ပြန်မရတဲ့သူကတော့ အမျိုးအိမ်တွေမှာ နေတယ်။ အိမ်ငှားနေကြတယ်။”ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နိုင်ငံရေးအခြေနေနှင့် စားဝတ်နေရေး အခက်ခဲကြောင့် အင်းလေးဘုရားပွဲကို မလုပ်စေချင်ကြောင်းနှင့် ကုန်ကျစရိတ်များ များစွာကုန်ကျကာ ဒေသခံများအတွက် ပို၍ဝန်ထုတ်ဝန်ပိုးဖြစ်စေကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောင်းသည်။

စစ်ရှောင်အများစုမှာ လွိုင်ကော်၊ မိုးဗြဲနှင့် ဒီးမော့ဆို့ ဖက်မှ အများဆုံးဖြစ်ပြီး မိုင်းပျိုးကျောင်းနှင့် နောင်တော ကျောင်းတွင် စစ်ရှောင်ဦးရေမှာ ၅၀၀ နီးပါးခန့်ရှိပြီး အင်းလေးဒေသတစ်ခုလုံးတွင် စစ်ရှောင် တစ်ထောင်နီးပါးခန့် ရှိကြောင်းသိရသည်။

ထိုသို့ စစ်ရှောင်များကို နေရာရွှေ့ပြောင်းခိုင်းကာ နေရပ်ပြန်ခိုင်းတာကြောင့် စစ်ရှောင်များအနေဖြင့် နေစရာနှင့် စားစရာအတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။

“ ဘုရားကြွတာလည်း ကြွတာပေါ့လေ။တကယ်ဆို ပြန်လို့မရတဲ့သူဆိုရင် နေခိုင်းလို့ရနေတာပဲ၊ ငြိမ်းချမ်းပြီ ဆိုပြီးပြန်ခိုင်းတာလားမသိဘူး။ အိမ်ငှားမယ်ဆိုလည်း အလုပ်မရှိရင် အဆင်မပြေဘူးလေ။ ခုတောင် စားဖို့တောင်အခက်ခဲရှိတာ။ “ဟု စစ်ရှောင်အမျိုုးသမီးတစ်ဦးမှ သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် စစ်ရှောင်များမှာ သက်ကြီးရွယ်အိုနှင့် ကလေးအရွယ် ပိုများတာကြောင့် အလုပ်ကိုင်ရှားပါးကာ အလှူရှင်နည်းပါးတာကြောင့် စားဝတ်နေရေးအတွက် ဆရာတော်များက ညောင်ရွှေတွင် ခရမ်းချဉ်းသီးနှင့် အခြားသော အသီးအရွက်များကို အလှူခံ၍ ကျွေးမွေးထားကြောင်းသိရသည်။

လက်ရှိအင်းလေးဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဖောင်တော်ဦးဘုရားရင်ပြင်တော်အထိ ရေများဝင်ရောက်နေလျှက်ရှိပြီး သွားရေးလာရေးအတွက်ပါ ခက်ခဲနေကာ စပါးစိုက်ခင်း ဧက ထောင်ချီရေမြုပ်သွားကြောင်းသိရသည်။

ဖောင်တော်ဦးဘုရားပွဲကို အောက်တိုဘာလ ၃ ရက်မှ ၂၀ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး (PNO) မှ လုံခြုံရေးယူကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...