Thursday, February 12, 2026

CATEGORY

သတင်း

မိုင်းဖြတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ငွေအဆမတန်ကောက်ခံနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးဝေးသို့ ဆက်သွားမည့် ကားများကိုသာ ငွေအဆမတန် ကောက်ခံနေသည်ဟု စုံစမ်းသိရသည်။ မိုင်းဖြတ်မြို့အဝင် ဟိုနား(စောမွန်)ရွာရှိ စစ်ဆေးရေးဂိတ်တွင် ခရီးဝေးသို့ ဆက်သွားမည့် ခရီးသည်တင် ကားများနှင့် လူမျိုးဘာသာကို စစ်မေးပြီး ငွေအဆမတန် ကောက်ခံနေသည်ဟု ယာဉ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံဆော်ဆင့်ကို ပြောသည်။ အဆိုပါ ကောက်ခံနေသည့်...

မိုးမောက် ခမရ-၄၃၇ ကို KIA သိမ်းပိုက်၊ မြို့ကို ထိန်းချုပ်နိုင်သော်လည်း အုပ်ချုပ်ရေးယန္တရား မချမှတ်နိုင်သေး

ကချင်ပြည်နယ် မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ကို ကချင်လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်သော်လည်း အုပ်ချုပ်ရေးယန္တရား မချမှတ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်က မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ကို ကချင်လွတ်လပ်ရေးတပ်...

မိုင်းတုံမြို့ တစ်ပတ်ကျော်ကြာ ရေကြီးရေလျှံ ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် တစ်ပတ်ကျော်ကြာ ရေကြီးရေလျှံ ဖြစ်နေပြီး ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ကြုံနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (သြဂုတ်လ ၁၄ ရက်) မှစတင်၍ မိုင်းတုံမြို့နယ်တွင် နေ့စဉ်နီးပါး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၁ ပတ်ကျော်ကြာ ရေကြီးရေလျှံမှု ဖြစ်ပွားကာ မိုင်းတုံမြို့နှင့် ဝမ်မိုင်ရွာတလျှောက်ရှိ...

သနပ်ဖက်တောင်သူများ အရှုံးဖြင့်ရင်ဆိုင်နေရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ သနပ်ဖက်စိုက်သည့် တောင်သူများသည် ကုန်ဈေးနူန်းအဆမတန်မြင့်တက်လာခြင်းကြောင့် အမြတ်မရသည့် အပြင် အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ အစတွင် သနပ်ဖက်ရာသီအစ ဖြစ်သော်လည်း သနပ်ဖက်ဈေးကွက် မရှိသည့်အတွက် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်ခဲ့ရပြီး ယခုကာလတွင်လည်း ဈေးကောင်းရရှိနေသော်လည်း ကုန်ဈေးနူန်းအဆမတန်မြင့်တက်လာတာကြောင့် တောင်သူများထပ်မံ၍ အရှုံးဖြင့်ရင်ဆိုင်နေကြရကြောင်းသိရသည်။ “ အခုကဈေးကောင်း...

နောင်ချိုမှာ TNLA နဲ့ PDF ပူးပေါင်းတပ်များ အလံဖြူထောင်ပြီး ဆုတ်ခွာခဲ့ရတယ်ဆိုတဲ့ သတင်းအမှား

20 August 2024 By (SHAN News+Kantarawaddy Times) ရှမ်းပြည် နောင်ချိုမြို့နယ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အလံဖြူထောင်ပြီး ဆုတ်ခွာဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်တောင်းခဲ့တယ်ဆိုပြီး ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် KO CHIT (MDY) ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး...

တောင်ကြီး တက္ကသိုလ်အနီး ယာဉ်တိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တောင်ကြီး တက္ကသိုလ် အနီးတွင် ယာဉ်တိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ရှိ ကျောင်းသူ တစ်ဦးကပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၁ ရက်) တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းမပေါ် တောင်ကြီး တက္ကသိုလ် နှင့် ဧရာဝတီ လက်ဖက်ရည်ဆိုင် အကြားတွင်...

တာချီလိတ် ရေပြန်ကျသော်လည်း ကိုယ်ထူကိုယ်ထ ရွှံ့နွံ ရှင်းနေရ

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ ပြန်ကျပြီးနောက် နေအိမ်အတွင်း ရွံ့နွံများ တင်ကျန်ခဲ့ရာ ပြည်သူများ ကိုယ်ထူကိုယ်ထ ပြန်လည်ရှင်းလင်းနေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ယမန်နေ့ (သြဂုတ် ၁၉ ရက်) ညပိုင်းတွင် မယ်ဆိုင်ချောင်းရေ ပြန်ကျကာ အချို့ရပ်ကွက်ရှိ ပြည်သူအိမ်ရှေ့ ဆိုင်ရှေ့တွင် ရွံ့နွံနှင့်...

MNDAA ထိန်းချုပ်ဒေသ တရုတ်ဘာသာစကား အဓိကအသုံးပြုနေ

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားနိုင်သည့် ဒေသများတွင် တရုတ်စာများကို အဓိက အသုံးပြုလာသည့်အတွက်ကြောင့် ဒေသခံများအတွက် အခက်အခဲ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းတွင်လည်း ကိုးကန့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များထဲတွင် တရုတ်ဘာသာဖြင့်သာ ထုတ်ပြန်လေ့ရှိသည်။ လက်ရှိ ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့်ဒေသများတွင် တရုတ်ဘာသာကိုသာ ရုံးသုံးဘာသာအဖြစ် အသုံးပြု နေသည့်အတွက်ကြောင့်...

စက်သုံးဆီ မှောင်ခိုရောင်းချသူကို ဖမ်းဆီးနေသော်လည်း စျေးကောင်းရသဖြင့် ဆက်ရောင်းနေ

သျှမ်းပြည် တောင်ပိုင်းတွင် စက်သုံးဆီ မှောင်ခိုရောင်းချသူများကို ဖမ်းဆီးမှုရှိသော်လည်း ဈေးကောင်းရသဖြင့် ဆက်လက်ရောင်းချနေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်းတွင် သြဂုတ်လ ပထမ ပတ်မှစတင်၍ စက်သုံးဆီများ ပြတ်လပ်ကာ တန်းစီဝယ်ယူ နေရပြီး တောင်ကြီး၊ အောင်ပန်း၊ ရွာငံ တို့တွင် စက်သုံးဆီ မှောင်ခိုရောင်းချသူများကို စစ်ကောင်စီ ဖမ်းဆီးမှုများကြားမှ...

သီပေါမြို့နယ်အတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် စဉ့်အင်တံတားနှင့် ဆွတ်လန်းတံတားကို ပြန်လည်တည်ဆောက်နေ

သျှမ်းပြည် သီပေါမြို့နယ်အတွင်း မိုင်းခွဲဖျက်ဆီးခံထားရသည့် စဉ့်အင်တံတားနှင့် ဆွတ်လန်းတံတားတို့ကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြင်ဆင် တည်ဆောက်နေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး သီပေါမြို့နယ်အတွင်း မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဆွတ်လန်းကျေးရွာအနီး ပန်စောက်တံတားနှင့် စဉ့်အင်တံတားတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့က...

Latest news