ချင်းမိုင်တွင် အထောက်အထားမရှိသူများကို ထိုင်းရဲတပ်ဖွဲ့က တင်းကြပ်စစ်ဆေး ဖမ်းဆီးမည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲတပ်ဖွဲ့က တင်းကြပ် စစ်ဆေးပြီး အထောက်အထားမရှိသူများကိုဖမ်းဆီးမည်ဟု ထိုင်းအာဏာပိုင်များထံ စုံစမ်းသိရသည်။

ချင်းမိုင်မြို့ရှိ ဈေး၊ စက်ရုံ၊ အလုပ်ရုံနှင့် ဆောက်လုပ်ရေး နေရာများတွင် ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမရှိသူများနှင့် အထောက်အထားမပြည့်စုံသူများကို ဖမ်းဆီးသွားမည်ဟု ထိုင်းအာဏာပိုင်အဖွဲ့ဝင် တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုလည်းသူတို့စဖမ်းနေပါပြီ။ ဖြစ်နိုင်ရင်တောာ့ အထောက်အထားမရှိ၊ မပြည့်စုံတဲ့သူတွေ သတိထားဖို့လိုပါတယ်။ နောက်လာမယ့်လမှာလည်း သူတို့အတင်းအကြပ် ဖမ်းဆီးသွားမယ်လို့ ပြောတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်တွင်လည်း ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင် အသီးအရွက်ဈေးထဲ၌ အထောက်အထားမရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချန့်ဖိတ်ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးမိသူများမှာ အသက် ၁၉ နှစ် စိုင်းမြင့်၊ အသက် ၂၃ နှစ် စိုင်းဖတ်နှင့် အသက် ၂၄ နှစ် စိုင်းအောင်သိန်းတို့ ဖြစ်ကြပြီး ၎င်းတို့ကို ဥပဒေအရ စစ်ဆေးမေးမြန်းပြီးပါက နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အလားတူ ဘန်ကောက်မြို့အနီးရှိ နွန်ထဘူရီပြည်နယ်တွင် အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းချနေသော မြန်မာနိုင်ငံသားအလုပ်သမား ၁၀ ကို (စက်တင်ဘာ ၅ ရက်)က ဖမ်းဆီးခံရသည်။

ထို့အပြင်ကော့ဖငန်းကျွန်းတွင် အထောက်အထားမဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ပိုင်ခွင့်မရှိသော ဆံပင်ညှပ်သည့်အလုပ်ကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁ ဦးကို (စက်တင်ဘာလ ၁၅ ရက်)တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဆက်လက်ပြီး ဘန်ကောက်မြို့နှင့် မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသော မြန်မာဆိုင်များကို ယခုရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးနေသဖြင့် ဆိုင်အချို့ပိတ်ထားရသည်ဟု ဆိုင်ဖွင့်ရောင်းချသူများထံမှ သိရသည်။

” အဖမ်းအဆီးက တော်တော်ကြမ်းလာတယ်။ အွန်လိုင်းပေါ်ရောင်းလည်း ဖမ်းခံရတယ်။ နောက် ဘန်ကောက်မှာ ဆိုင်ဖွင့်တဲ့သူတွေလည်း ဖမ်းခံနေရတယ်။ လက်ရှိတော့ အွန်လိုင်းပေါ်တောင် စျေးမရောင်းရဲသေးဘူး” ဟု ဘန်ကောက်မြို့ နေ အွန်လိုင်းတွင် စျေးရောင်းနေသည့် အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိက္ခများ၊ စစ်မှုထမ်း ဥပဒေများကြောင့် ပြည်သူအများစုသည် ထိုင်းနိုင်ငံသို့ တရားဝင်လမ်းမှသော်လည်းကောင်း၊ တရားမဝင်လမ်းမှသော်လည်းကောင်း အများအပြားဝင်ရောက်လာကြသဖြင့် ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးဖမ်းဆီးနေခြင်း ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများအား မနှစ်သက်သည့် ထိုင်းနိုင်ငံအရပ်ဘက်မဟာမိတ် အဖွဲ့ဟုယူဆရသည့် အဖွဲ့အစည်းများကလည်း ရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်များနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာကို တောင်းဆိုစာပေးပို့ထားသည်ဟု သတင်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...