လားရှိုးမြို့ ယနေ့ညနေပိုင်း စစ်ကောင်စီ ဗုံးကြဲ၊ ဆိုင်ကယ်မောင်းနေသည့် အရပ်သား သေဆုံး
SHAN -
သျှမ်းမြောက်၊ လားရှိုးမြို့ကို ယနေ့ (အောက်တိုဘာလ ၁၄ ရက်) ည ၆ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် အရပ်သား ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်-MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ရှိ အရပ်ဘက် ပစ်မှတ်များကို စစ်ကောင်စီက နေ့စဥ်...
သျှမ်းပြည် သီပေါမြို့နယ်ရှိ စစ်ကောင်စီလက်ကျန်တပ် ခြေလျင်တပ်ရင်း ခလရ(၂၃)မှ တပ်သားနှင့် မိသားစုဝင် (၄၀၀) ကျော်သည် မိုင်းရယ်မြို့သို့ လက်နက်အပြည့်အစုံဖြင့် တပ်ဆုတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်) ညနေပိုင်းတွင် သီပေါမြို့၌ နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃) မှ အရာရှိ...
ပြည်သူ့အသက်ကို ဝါးမြိုနေတဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု
လူအများ အိပ်မောကျချိန်တွင် လေယာဉ်သံက ခေါင်းပေါ်ကနေ ဖြတ်နေသကဲ့သို ခပ်နိမ့်နိမ့် ပျံဝဲလာသည့် အသံကြောင့် ဖျတ်ခနဲ လန့်နိုးလာသည်။ အဲ့ဒီဖြစ်ရပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ရက်ပါ။ မရှေးမနှောင်းတွင်ပင် အုန်းခနဲ ဗုံးပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လားရှိုးမြို့ ရပ်ကွက် (၂) ရှိ ဖူလီလိုက် ဟိုတယ်တွင် မီးခိုးတလူလူ...
သီပေါမြို့ TNLA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ် လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ထိန်းချုပ်နိုင်ပြီးနောက်တွင် စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသဖြင့် ပြည်သူများ ထပ်မံတိမ်းရှောင် နေရကြောင်း စုံစမ်းသိရသည်။ သီပေါမြို့တွင် စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်ဖြစ်သည့် အမှတ်(၂၃) ခြေလျင်တပ်ရင်း (ခလရ - ၂၃ )တပ်ကို ယမန်နေ့ (အောက်တိုဘာလ...
တာချီလိတ်မြို့တွင် ရွံ့နွံများကြောင့် ဆိုင်ကယ်တိမ်းမှောက်၊ အမျိုးသမီးတစ်ဉီးသေဆုံး
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ရေကြီးရေလျှံ ဖြစ်ပွားပြီးနောက် လမ်းပေါ် တင်ကျန်နေသေးသော ရွှံ့နွံများကြောင့် ဆိုင်ကယ်များ လမ်းချော်တိမ်းမှောက်ပြီး နောက်မှအရှိန်ဖြင့် မောင်းလာသည့် ကားမှ ထပ်ဆင့်ဝင်တိုက်ကာ အမျိုးသမီးတစ်ဉီး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ လွယ်စတုံးသွားသည့် လမ်းပေါ်တွင် အမျိုးသမီးနှစ်ဦး...
လားရှိုးမြို့ အီနိုင်းရွာကို စစ်ကောင်စီဗုံးထပ်ကြဲ၍ လူ ၃ ဦးသေဆုံး
သျှမ်းပြည် လာရှိုးမြို့အနီးရှိ အီနိုင်းရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံကြဲသဖြင့် လူ ၃ ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၄ )ရက် ညသန်းခေါင်ကျော်အချိန်တွင် လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို စစ်ကောင်စီတပ်မှ ပေါင် (၅၀၀) ဗုံးဖြင့် ထပ်မံကြဲသောကြောင့် အမျိုးသား ၃ ဦးသေဆုံးကာ...
ရွာငံ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ၎င်းဇနီး အသတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ၎င်း၏ဇနီး အသတ်ခံရကြောင်း ဒေသခံများ ပြောပြချက်အရသိရဿည်။ ယမန်နေ့ (အောက်တိုဘာလ ၁၂ ) ရက် ညနေ ၆ နာရီခွဲအချိန်တွင် အရပ်ဝတ်နှင့် အမည်မသိ လူ (၈) ဦးမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်...
“ပြည်သူတွေက ပြေးစရာမရှိတော့ လည်စင်းခံပေးနေသလို ဖြစ်တယ်”
သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ (၂၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ (၆)ပတ်တာ ကာလအတွင်း သီပေါ၊ ကျောက်မဲ၊...
ပင်လောင်းမြို့နယ် PNO နှင့်စစ်ကောင်စီအင်အားဖြည့် တိုက်ပွဲပြင်းထန်နေ
SHAN -
သျှမ်းပြည် ပင်လောင်းမြို့နယ် လဲလောင်းကျေးရွာအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ပအိုဝ်း ပြည်သူ့စစ် (PNO/PNA) က စစ်အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ရှိ လဲလောင်းကျေးရွာ၊ နောင်ဝိုးကျေးရွာ၊ နမ့်ဖာမူကျေးရွာ၊ လင်ခမ်းကျေးရွာ စသည့်ကျေးရွာများတွင် အောက်တိုဘာလ ပထမပတ်မှစကာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ပူးပေါင်းပြီး စစ်အင်အားဖြည့်ကာ စစ်ကြောင်းထပ်မံတိုးထားသဖြင့် ကရင်နီ...
ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ ရာသီဥတု ဖောက်ပြန်တာ ပိုပြီးများလာခဲ့ပြီး နွေရာသီတွင် အရမ်းပူပြင်းပြီး အပူလိုင်းဖြတ်တာကြောင့် လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။ အခု မိုးနှောင်းရာသီမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အပျက်အစီး များပြားတာ၊ လူထိခိုက် သေဆုံးတာတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်အတွင်း သဘာဝ...





