Tuesday, February 10, 2026

CATEGORY

သတင်း

ပင်လောင်းမြို့နယ် PNO နှင့်စစ်ကောင်စီအင်အားဖြည့် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ် လဲလောင်းကျေးရွာအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ပအိုဝ်း ပြည်သူ့စစ် (PNO/PNA) က စစ်အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ရှိ လဲလောင်းကျေးရွာ၊ နောင်ဝိုးကျေးရွာ၊ နမ့်ဖာမူကျေးရွာ၊ လင်ခမ်းကျေးရွာ စသည့်ကျေးရွာများတွင် အောက်တိုဘာလ ပထမပတ်မှစကာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ပူးပေါင်းပြီး စစ်အင်အားဖြည့်ကာ စစ်ကြောင်းထပ်မံတိုးထားသဖြင့် ကရင်နီ...

“သစ်ပင်တွေ ခုတ်ပဲခုတ်နေမယ်၊ ရောင်းပဲရောင်းနေမယ် ဆိုရင် ပြသာနာ ပိုပြီးတက်လာနိုင်တယ်။ တစ်နှစ်ပြီးတစ်နှစ် ပိုဆိုးရွားလာနိုင်တယ်”

ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ ရာသီဥတု ဖောက်ပြန်တာ ပိုပြီးများလာခဲ့ပြီး နွေရာသီတွင် အရမ်းပူပြင်းပြီး အပူလိုင်းဖြတ်တာကြောင့် လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။ အခု မိုးနှောင်းရာသီမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အပျက်အစီး များပြားတာ၊ လူထိခိုက် သေဆုံးတာတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်အတွင်း သဘာဝ...

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို အာဆီယံက ဘာလို့ခေါ်တွေ့တာလဲ

မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်းသုံးရက်တာ အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ, သျှမ်းပြည်တပ်မတော်...

လာအိုနိုင်ငံတွင် ကျင်းပနေသည့် နိုင်ငံခြားဝန်းကြီးများအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပနေသည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ပါ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၁) ရက်တွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ပြုလုပ်နေသည့် ထိုဆွေးနွေးပွဲများတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဘရော့ဒ်တို့ တက်ရောက်ခဲ့သလိုပင်...

စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ရာတွင် ပိုင်ဆိုင်မှုကို အလွန်အကျွံမေးမြန်း လူထုစိုးရိမ်နေ

အာဏာသိမ်း စစ်ကောင်စီဦးဆောင်ပြီး သန်းခေါင်စာရင်းကောက်ယူမှုပြုလုပ်ရာတွင် မိသားစု ပိုင်ဆိုင်မှုကိစ္စကို အလွန်အကျွံမေးမြန်းမှုကြောင့် လူထုများက စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး ၃နှစ်ကျော်ကာလအတွင်း ၂၀၂၄ ခုနစ် အောက်တိုဘာလတွင် သန်းခေါင်စာရင်းကို ကောက်ယူရန် စစ်ကောင်စီက ကြေညာခဲ့သော်လည်း လက်ရှိမှာ မြန်မာပြည်တဝှမ်း စစ်ရေးပဋိပက္ခ မတည်ငြိမ်ချိန် သန်းခေါင်စာရင်းကို ကောက်ယူနေပြီး စစ်မှန်သည့်...

မိုင်းဆတ်မြို့ ကုန်သွယ်ရေးခက်ခဲ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် တစ်လကျော်ကြာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ကုန်သွယ်ရေးခက်ခဲကာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့်လ (စက်တင်ဘာ ၁၀ ရက်) တွင် မိုးရွာသွန်းမှုကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် ဆိုက်ခေါင်တံတားသည် တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး မိုင်းဆတ်-တာချီလိတ်ကို ဆက်သွယ်သော လမ်း၊ တံတားများ...

ထိုင်းနိုင်ငံမြောက်ပိုင်း ရေကြီးမှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အခက်အခဲများစွာ ရင်ဆိုင်နေရ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်းခရိုင်အတွင်း ရေကြီးမှု ရုတ်တရက် ဖြစ်ပွားသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ ၂၄ရက်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းကာ ချင်းမိုင်မြို့တွင် နမ့်ပင်ချောင်းရေ မြင့်တက်လာပြီး အောက်တိုဘာ (၄)ရက်တွင် အနိမ့်ပိုင်းမြို့နယ်တွင်နေထိုင်သူများ ရေကြီးမှုကို ရုတ်တရက် ကြုံလာရသည်။ ထိုရေကြီးမှုကြောင့်...

သိန္နီမြို့ သုံးလအကြာ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ၊ အရပ်သား (၁) ဦး ဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်(၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန်...

သီပေါ စစ်ကောင်စီ ဗုံးကြဲ သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး၊ နှစ်ပါးထိခိုက်ဒဏ်ရာရ ပရဟိတအဖွဲ့မှ ဆေးကုသပေးနေ

သျှမ်းပြည်နယ်မြောက်ပိုင်း ၊သီပေါမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စစ်ကောင်စီမှ လေယာဉ် လေးစီးနှင့် ဗုံးလာရောက် ကြဲချခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် သီလရှင်နှစ်ပါးကို ပရဟိတအဖွဲ့မှ ဆေးကုသပေးနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၃နာရီအချိန်တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ရွှေကျောင်းရပ်ကွက်နှင့် ပန်းတိမ်တောင် ရပ်ကွက်အတွင်း...

သျှမ်းမြောက်တွင် MNDAA နှင့် TNLA တို့ လိုင်းဖြတ်ပြီး ပြည်သူတွေကို ဒလန်ဟုစွပ်စွဲသတ်ဖြတ် အယောက် ၅၀ ရှိဟု သတင်းအမှားဖြန့်

စစ်ကောင်စီတပ်၏ ဗုံးကြဲခံရမှုများကြောင့် အထိနာနေသည့် MNDAA နှင့် TNLA တို့သည် ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက်၍ ပြည်သူများ၊ အထူးသဖြင့် ဗမာလူမျိုးအများစုအား “ဒလန်” ဟုစွပ်စွဲကာ သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ဖြန့်ချိနေပါသည်။ Subscribers ၁၆,၀၀၀ ကျော်ရှိသည့် View of Sue ချန်နယ်မှ...

Latest news