ဖယ်ခုံမြို့နယ်ရောက် စစ်ရှောင်များ ရာသီအကူးအပြောင်း ဖျားနာမှုဖြစ် ဆေးကုသရန်ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိ ကျေးရွာဖက်ရှိ ဘန်ကောက်စစ်ရှောင်စခန်းတွင် စစ်ရှောင်အများစု အအေးမိခြင်းကြောင်း ဖျားနာမှုရှိနေကြောင်း စစ်ရှောင်ကူညီနေသူ ထံမှ သိရသည်။

လက်ရှိအချိန်သည် ရာသီအကူးပြောင်းကာလဖြစ်သဖြင့် အအေးမိဖျားနာခြင်း၊ ငှက်ဖျားရောဂါနှင့် အရေပြားရောဂါများ အဖြစ်များနေပြီး စစ်ကောင်စီဘက်မှ ဆေးဝါးများနှင့် စားသောက်ကုန် တင်သွင်းခွင့် ပိတ်ထားတာကြောင့် ဆေးကုသရန်ခက်ခဲနေကြောင်း စစ်ရှောင် ကူညီနေသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရာသီအကူးပြောင်းဆိုတော့ အရမ်းအေးတယ်။ စောင်တွေ အဓိကလိုအပ်တယ်။ နေရာထိုင်ခင်းကတော့ မိုးကာတွေနဲ့ တဲတွေဆောက်ပြီးနေကြရတော့ လေမလုံတော့ အအေးမိတာတွေ ဖြစ်တယ်။ငှက်ဖျားတွေ ဖြစ်ကြတယ်။ စစ်ကောင်စီကလည်း ဆေးဝါးတွေ စားသောက်ကုန်တွေကို ပေးမသယ်ပဲ ဖြတ်ထားတော့ ဆေးဝါးလည်း အရေးပေါ်လိုအပ်နေတယ်။”ဟု စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဘန်ကောက်စစ်ရှောင်စခန်းပုံ

စစ်ကောင်စီသည် စစ်ဘေးရှောင်စခန်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေသည့်အတွက် စစ်ရှောင်များကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနှင့်ပတ်သက်ပြီး လိုအပ်နေကြောင်း၊ ထို့ပြင် လေကြောင်းဖြင့် နေ့စဉ်တိုက်ခိုက်မှုကြောင့် ကလေးများလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေကြောင်း ၎င်းအမျိုးသားက ဆိုသည်။

စစ်ရှောင်အများစုသည် မိုးဗြဲ ၊ဖယ်ခုံဘက်မှ လာရောက်ရှောင်တိမ်းနေသူများ ဖြစ်ပြီး စစ်ရှောင်ဦးရေ နှစ် ထောင်ဝန်းကျင်ရှိသည်။

စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့် အခြားနေရာသို့ ထပ်မံရှောင်တိမ်းသွားကြသူများလည်း ရှိသည်ဟု သိရသည်။

“စစ်ရှောင်တွေတော့ ဖယ်ခုံတို့ မိုးဗြဲတို့ဘက် ပိုများတယ်။ စစ်ရှောင်က နှစ်ထောင် လောက်ရှိမယ်။ ဟိုနေ့က ဗုံးကြဲခံရတော့ နေရာထပ်ရွှေ့ကုန်တယ်။ တချို့ကြတော့လဲ ကျန်နေသေးတယ်။ အများစုက အမျိုးတွေရှိတဲ့ဖက် သွားရှောင်ကြတာ။ အခြေနေကတော့ တော်တော်မလွယ်ဘူး။” ဟု အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

စားသောက်ကုန်များကို စစ်ကောင်စီက သယ်ဆောင်ခွင့် မပေးသောကြောင့် စားနပ်ရိက္ခာမျာလည်း အကူညီလိုအပ်နေကြောင်း အဆိုပါ အမျိုးသားက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ( ၁)ရက်တွင် စစ်ကောင်စီမှ ဘန်ကောက်စစ်ရှောင်စခန်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက်( ၅၆ )နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွား ပြီး အဆောက်ဦးများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...