TNLA ထိန်းချုပ် နမ့်ခမ်း ရဲစခန်းရှေ့ ပိုင်ရှင်မဲ့အလောင်း တွေ့ရှိ
သျှမ်းပြည် နမ့်ခမ်းမြို့ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် ရဲစခန်းရှေ့တွင် ပိုင်ရှင်မဲ့အလောင်းတစ်ခု တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ရဲစခန်းရှေ့တွင် အသက် (၅၀)...
သျှမ်းနှစ်သစ်ကူးညတွင် ကျောက်မဲမြို့ကို စစ်ကောင်စီ ဗုံးကြဲ
သျှမ်းပြည် ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းဖြင့် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူအများအပြားထိခိုက်သေဆုံးမှုရှိ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၃၀ )ရက် ည ၇ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ရှိ အင်ကြင်းတောင် ရပ်ကွက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောသည်။ "ည ၇...
သျှမ်းပြည် ဆီဆိုင်-လွိုင်ကော်လမ်းမပေါ်ကြီးပေါ်တွင် သံဃာတော်များလိုက်ပါလာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ခဲ့သောကြောင့် ကျောင်းထိုင်ဆရာတော် ၁ ပျံလွန်သွားပြီး၊ ၂ ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) နေ့လယ် ၂ နာရီဝန်းကျင်က လွိုင်ကော်မြို့နယ် ထီးစဲခါးရေတံခွန်ကျောင်းမှ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော်များသည် ဆီဆိုင်မြို့သို့ ကားဖြင့်စီးလာစဉ်...
SHAN -
သိန္နီမြို့မှာ ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါး အကြောင်းပြပြီး အရပ်သားတွေကို ဖမ်းဆီးကာ ငွေကြေးနဲ့ ပြန်လည် ရွေးခိုင်းတဲ့ အထဲတွင် မကျော့(အမည်လွှဲ) ကလည်း ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။ “ကျမကို ရတဲ့ နည်းနဲ့ အပြင်ကို ထုတ်ပေးပါလို့ ပြောပေးပါရှင်”လို့ အပြင်မှာ ရှိနေတဲ့ တစ်စုံတစ်ဦးက...
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဂိတ်တွင် PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ယာယီပိတ်ပင်
SHAN -
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ နယ်စပ်ဂိတ်ပေါက်တွင် ထိုင်းနိုင်ငံသို့ PV (Passport Visit) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို လက်ရှိ ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ ၂၃ ရက်မှ စတင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့ နယ်စပ်ဂိတ်ပေါက်တွင် PV ပက်စပို့စ် နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများကို စတင်ပိတ်ပင်လိုက်ပြီး...
မူဆယ်မြို့ စက်သုံးဆီဝယ်ယူခွင့်စာအုပ် ပြုလုပ်ရန်ကြေညာ၊ နယ်စပ်ဂိတ်ဖြတ်ရန် မဲနှိုက်ပြီး ဝင်ခွင့်ပြု
သျှမ်းပြည် မူဆယ်မြို့တွင် ကိုယ်ပိုင်လုပ်ငန်းများအတွက် အသုံးပြုရန်နှင့် ကား၊ ဆိုင်ကယ်များကို သတ်မှတ်ဂါလန်အတိုင်း ခွင့်ပြုရန် စက်သုံးဆီ ဝယ်ယူခွင့်မှတ်တမ်းစာအုပ် ပြုလုပ်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ပြီး မူဆယ်မြို့ပေါ်ရှိ တရားဝင် လိုင်စင်ရယူထားသည့် ကိုယ်ပိုင်လုပ်ငန်းများ အသုံးပြုရန်နှင့် ကညနတွင် မှတ်ပုံတင်ထားသည့် ကား၊...
မိုင်းရယ်မြို့ စက်သုံးဆီများ စတင်ပြတ်လပ်၊ သယ်ယူသည့် ကုန်ပစ္စည်းများ ထောက်ခံစာပြရ
သျှမ်းပြည် မိုင်းရယ်မြို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်နေပြီး ကုန်ပစ္စည်းများကို ထောက်ခံစာပြ၍ သယ်ယူနေရကြောင်း စုံစမ်းသိရသည်။ မိုင်းရယ်မြို့တွင် နိုဝင်ဘာလ တတိယပတ်မှ စတင်၍ စက်သုံးဆီများ စတင်ပြတ်လပ်နေပြီး မြို့အတွင်းသို့ စက်သုံးဆီများ တင်သွင်းရန် ခက်ခဲနေကြောင်း အသက် (၄၀) နှစ်ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မိုင်းရယ်မှာတော့ လယ်ထွန်စက်တွေအတွက်...
SHAN -
ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်မြို့တွင် ရေကြီးရေလျှံမှုအတွင်း နုန်းမြေ တင်ကျန်မှုနှင့် မြေပြိုမှုများမှာ မိုင်းဆတ်မြို့နယ်ရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့်ဟု ထိုင်းအစိုးရ လေ့လာတွေ့ရှိမှုက ဖော်ပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာန၏ လေ့လာမှုတစ်ခုတွင် နယ်စပ်ဒေသတလျှောက်...
ဖယ်ခုံ စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်၊ ကလေးအပါအဝင် (၆) ဦးသေဆုံး
သျှမ်းပြည် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၄၂၁ တပ်မှ နှစ်ရက်ဆက်တိုက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ ( နိုဝင်ဘာလ ၂၈ ရက် ) မနက် ၇ နာရီခွဲ ဝန်းကျင်တွင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခက်မှုကြောင့် ကုန်းပေါရွာရှိ...
မောက်မယ်ဒေသရှိ PNLA တပ်စခန်းကို PNA/PNO မှ ဝင်ရောက်တိုက်ခိုက်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ၊ဟိုနမ့် ကျေးရွာဘက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)တပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ (၂၀) ရက်ကတည်းက စစ်ကောင်စီ၊နှင့် PNA/PNO တို့သည် PNLA တပ်စခန်းရှိသည့် ဟူနမ့် ကျေးရွာဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန့်နေ့ နိုဝင်ဘာလ...





