TNLA ထိန်းချုပ် နမ့်ခမ်း ရဲစခန်းရှေ့ ပိုင်ရှင်မဲ့အလောင်း တွေ့ရှိ

သျှမ်းပြည် နမ့်ခမ်းမြို့ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် ရဲစခန်းရှေ့တွင် ပိုင်ရှင်မဲ့အလောင်းတစ်ခု တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ရဲစခန်းရှေ့တွင် အသက် (၅၀) ကျော်အရွယ် အမည်မသိ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး မြို့ပေါ်ရှိ ပရဟိတအဖွဲ့မှ သယ်ဆောင်ကာ သုဿာန်တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“အပြင်မှာတော့ ဘယ်သူမှ မသိလိုက်ဘူး။ ဘာကြောင့် သေတယ်၊ ဘယ်ဇာတိလည်း ဆိုတာ မသိလိုက်ရဘူး။ ပရဟိတအဖွဲ့ကပဲ သယ်သွားပေးတာဆိုတော့ ရပ်ကွက်ထဲ မသိလိုက်ဘူး။ ပုံမှန်ဆိုရင် ရဲစခန်းထဲ လူနေတာလည်း မရှိတော့ တိုက်ပွဲတွေ ဖြစ်ပြီး အဲ့ဘက်အသွားအလာ နည်းတယ်”ဟု နမ့်ခမ်းဒေသခံ အသက် (၃၀) ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့တွင် ယခုကဲ့သို့ ပိုင်ရှင်မဲ့အလောင်း တွေ့ရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သေဆုံးသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၉) ရက်တွင်လည်း နမ့်ခမ်းမြို့ မန်ခမ်းရပ်ကွက်တွင် အမျိုးသားတစ်ဦးသည် ယာမဆေးကြောင်ပြီး ဇနီးဖြစ်သူကို နေအိမ်တွင် ဓားထိုးမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးဖြစ်သူ သေဆုံးသွားခဲ့ပြီး ကျူးလွန်သူကို ရပ်ကွက်နေပြည်သူများနှင့် TNLA မှဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

နမ့်ခမ်းမြို့ကို TNLA ထိန်းချုပ်ထားသော်လည်း လက်ရှိအချိန်ထိ ယာမဆေးပြား ကဲ့သို့ မူးယစ်ဆေးဝါးများသည် လျော့ကျမှု မရှိသကဲ့သို့ KTV နှင့် ဘား (အရက်)ဆိုင်များလည်း ပိုများလာကြောင်း နမ့်ခမ်းဒေသခံများ ပြောဆိုသည်။

အလားတူ စစ်ကောင်စီတပ် ထိန်းချုပ်ထားဆဲဖြစ်သည့် မူဆယ်မြို့ပေါ်နှင့် ရွှေလီမြစ် အနီးတဝိုက်တွင် နိုဝင်ဘာလအတွင်း ပိုင်ရှင်မဲ့အလောင်း (၁၀) လောင်းထက်မနည်း တွေ့ရှိခဲ့ပြီး ၎င်းတို့ကို မီးသင်္ဂြိုဟ်ပေးခဲ့ရကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သစ်ပင်တွေဆီက ပေးစာ”

0
ကျနော်ရဲ့ နာမည်က "သစ်ပင်" ပါ။ ကျနော် ဒီနေရာမှာ အခြေချနေထိုင်လာတာ လူတွေရဲ့ သက်တမ်းနဲ့ဆိုရင်တော့ နှစ် ၁၀၀ ကျော်ရှိနေပြီ။ လူတွေက ကျနော်ကို ငြိမ်သက်နေပြီး စကားမပြောတက်၊ အသံမထွက်တက်တော့ သက်မဲ့လို့ ထင်ကောင်းထင်ကြမယ်ဗျ။ တကယ်တော့ ကျနော့မှာလည်း နာကျင်မှုတွေ၊ ခံစားချက်တွေနဲ့ ပြောချင်တဲ့ စကားတွေ...

ချင်းမိုင်တွင် အမျိုးသမီးကို ဗန်းပြမြှူဆွယ်ခိုင်းပြီး ပြန်ပေးဆွဲ ငွေညှစ်မှု ဖြစ်ပွား

0
ချင်းမိုင်မြို့တွင် အမျိုးသမီးတဉီးကို ဗန်းပြပြီး အမျိုးသားတစ်ဦးအား လူချင်းတွေ့ဆုံရန် မြှူဆွယ်ခေါ်ယူပြီး ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) နံနက်အစောပိုင်း ၃ နာရီခန့်တွင် ချင်းမိုင်မြို့ Chang Khlan နယ်မြေအတွင်း ပြန်ပေးဆွဲသူအုပ်စုထဲမှ အမျိုးသမီးတဉီးက မစ္စတာဖားအစ် ဆိုသူကို ဖုန်းဖြင့်ဆက်သွယ်ခိုင်းပြီး လှည့်ဖြားခေါ်ယူခဲ့သည်။ ထို့နောက်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မိုင်းရှူးမြို့ တောင်ကျချောင်းရေကြောင့် ရေကြီးမှုဖြစ်

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ရေကြီးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( သြဂုတ်လ ၂၇ ရက်) မှစပြီး မိုင်းရှူးမြို့ပေါ်ရှိ ရပ်ကွက် (၃) မြေနှိမ့်ပိုင်း နှင့် ပန်စွဲကျေးရွာတို့တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပန်စွဲကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သံလွင်မြစ်ထဲ နယ်စပ်သစ်မှောင်ခို ကျွန်းသစ်ဖောင်ကြီး ထိုင်းဘက်သို့ မျောလာ

0
ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်၊ သံလွင်မြစ်ကြောင်းတစ်လျှောက်တွင် ကျွန်းသစ်လုံး ၆၀ မှ ၇၀ ခန့် ပါဝင်သည့် သစ်ဖောင်ကြီးတစ်ခုမျောလာပြီး ထိုင်းအာဏာပိုင်များမှ နယ်စပ်ဖြတ်ကျော် သစ်မှောင်ခိုကူးမှုများကို စုံစမ်းနေကြောင်း The Nation Thailand သတင်းတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၆ ရက်က ထိုင်းရဲတပ်ဖွဲ့များမှ မြစ်ကြောင်းအတိုင်း ကင်းလှည့်စဉ်...