Saturday, May 18, 2024

CATEGORY

သတင်း

လဲချားမြို့နယ်အတွင်း တလနီးပါးကြာ တိုက်ပွဲကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း တစ်လနီးပါးကြာလာသည့် သျှမ်းတပ် နှစ်တပ်ကြား တိုက်ပွဲကြောင့် ထောင်နှင့်ချီသော စစ်ဘေးရှောင်များက နေရပ်မပြန် နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်မှ စတင်ကာ ယနေ့ မေလ ၄ ရက်နေ့အထိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) နှင့်...

လွတ်ငြိမ်းခွင့်ဖြင့် လားရှိုး နိုင်ငံရေး အကျဥ်းသား (၁၃) ဦး လွတ်မြောက်

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ နိုင်ငံရေး အကျဥ်းသားများအနက်မှ (၁၃) ဦးသည် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ ယမန်နေ့ မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့) အထိမ်းအမှတ်အဖြစ် အကျဥ်းထောင် အသီးသီးရှိ အကျဉ်းသား/အကျဉ်းသူ ၂,၁၅၃ ဦးကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပေးကြောင်း အာဏာသိမ်း...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...

တောင်ကြီးခရိုင်ရှိ စစ်ရှောင်များ နိုင်ငံတကာ ထောက်ပံ့မှုလိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် နှင့် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ နိုင်ငံတကာ အဖွဲ့အစည်းမှ ထောက်ပံ့မှုများ ပိုမိုလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ကော်မတီထံမှ စုံစမ်း သိရှိရသည်။ သျှမ်း - ကယား နယ်စပ်တိုက်ပွဲကြောင့် ၂ နှစ်ကျော်ကြာ ကာလအတွင်း နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်ဦးရေ...

မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်ကြသေး

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အတွင်း တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း မြေမြှုပ်မိုင်း အန္တရာယ် နှင့် တိုက်ပွဲအတွင်း ကျန်နေသေးသည့် လက်နက် အန္တရာယ်များကြောင့် စစ်ရှောင်များက နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။ မိုင်းအန္တရာယ်များ ရှိနေမှုကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သည့်အပြင် ကျေးရွာအတွင်းရှိ ဒေသခံများကလည်း လယ်ယာ မသွားရဲသည့်အတွက် စားသောက်ရေး၊...

ပင်လောင်းမြို့နယ်အတွင်း အရပ်သား သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် လယ်ခြားကျေးရွာထဲတွင် အရပ်သားတစ်ဦး မျက်လုံးဖောက်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် ပင်လောင်းမြို့နယ် တောင်စလုံး နှင့် မြောက်စလုံးကျေးရွာကြား လယ်ခြားကျေးရွာထဲကို KNDF/BO 11 တပ်ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေး...

သျှမ်းတပ်နှစ်တပ်၏ ပဋိပက္ခကြား ကျောက်မဲက ပြည်သူများ ဖမ်းဆီးမှုရှိ

သျှမ်းတပ်မတော်များ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား ပဋိပက္ခများကြောင့် ကျောက်မဲမြို့က ပြည်သူများ ဖမ်းဆီး ခံနေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တွင်...

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပြန်အသုံးပြုနေ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာရှိ ဒေသခံများ ကကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပိတ်ရန် တောင်းဆိုထားသော်လည်း ပြန်လည် အသုံးပြုလာနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ နောက်ဆုံးပတ်မှစတင်ပြီး လွယ်သထုံကျေးရွာရှိ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံးပြုလာသည့်အတွက်ကြောင့် အနံ့သက်ဆိုးများ ပြန်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ “ဘယ်လိုပြောပြော မရဘူး။ သူတို့...

လားရှိုး တစ်လတွင်း ယာဉ်တိုက်မှု ၂၀ ဖြစ်၊ ကလေးငယ်တစ်ဦး အပါအဝင် ၂ ဦး သေဆုံး၊ ၃၀ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့တွင် ဧပြီလ တစ်လအတွင်း ယာဉ်တိုက်မှု ၂၀ ကြိမ်ဖြစ်ပွားပြီး ကလေးငယ် တစ်ဦးအပါအဝင် လူ ၂ ဦး သေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက်မှ မေလ ၂ ရက်နေ့အထိ...

ပင်လောင်းမြို့ဝင် စစ်ဆေးရေးဂိတ် ပိုတင်းကြပ် စားနပ်ရိက္ခာ နဲ့ ဆေးဝါး တင်ပို့ရခက်ခဲ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာ နှင့် ဆေးဝါး သယ်ယူမှု အကန့်အသတ်ကို တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပိုမိုတင်းကြပ်လာသဖြင့် ဒေသခံများ အခက်ခဲကြုံတွေ့နေရကြောင်း စုံစမ်း သိရှိရသည်။ အောင်ပန်းလမ်းခွဲမှ ပင်လောင်းမြို့သို့ သွားလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်က ဆန်၊ ဆီ၊ ဆား...

Latest news