Wednesday, January 28, 2026

တောင်ကြီး ဆေးရုံတွင် ကချင် အမျိုးသမီးတစ်ဦးကို KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီ အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးမြို့ ပန်းလှိုင်ဆေးရုံတွင် လူနာစောင့်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကို KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီမှ အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ (၁၆) ရက် ည ၁၀ နာရီခန့်တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပန်းလှိုင်ဆေးရုံ၌ လူနာစောင့်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကို TikTok ဗွီဒီယိုမှတဆင့် ခြေရာခံပြီး KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပြည်သူ့စစ် (၁၀) ဦးမှ အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ တောင်ကြီးဒေသခံများက ပြောသည်။

“ည ၁၀ နာရီလောက် လာဖမ်းသွားတာ၊ Tik Tok ဗွီဒီယိုကနေ လာတယ်ပြောတယ်။ အပြင်ဝတ်တွေနဲ့ ၁၀ ယောက်လောက် လာတယ်၊ ရဲလား ပြည်သူ့စစ်လား မပြောတတ်ဘူး။ အခန်းထဲ ဝင်စစ်ပြီး ဖုန်းနဲ့ လက်ပ်တော့တွေ ယူသွားတယ်။ ဗွီဒီယိုထဲက ကောင်မလေး သိလားတဲ့ အဲ့လိုမေးပြီး အခန်းလိုက်စစ်ပြီးတော့ ဖမ်းသွားတယ်”ဟု ဆေးရုံတွင် မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကနဦးတွင် ပန်းလှိုင်ဆေးရုံမှ လူနာစောင့်အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ် ရဲနှင့် ပြည်သူ့စစ်များမှ တောင်ကြီးမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မြို့ခံ အမျိုးသမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း KIA ဆေးရဲမေဟု ဆိုသည့် အမျိုးသမီးကို ဆက်လက် ဖမ်းဆီးခံထားကြောင်း ဒေသခံများထံမှ သိရသည်။

“KIA က ဆေးရဲမေတစ်ဦး တောင်ကြီးမှာ မိထားတယ်လို့ သိရတယ်၊ ပန်းလှိုင်မှာ မိတာ။ သူ့အသိ လူနာလာစောင့်ရင်း ပါသွားတာ။ သျှမ်းမြောက် ကွတ်ခိုင်ဘက်က KIA ဆေးရဲမေ၊ ဖုန်းထဲမှာ စစ်ယူနီဖောင်းနဲ့ ပုံတွေလည်း များတယ်လို့ ပြောတယ်။ Tik Tok ကနေ လိုက်တာတဲ့၊ သူက ဆေးရုံနေရာ ပုံတင်လိုက်တာနဲ့ ဟိုလူတွေ ရောက်လာတာ”ဟု ဖြစ်စဉ်သိရှိသူ လူငယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့

တောင်ကြီးမြို့တွင် ယခုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့် ချန်နယ်များတွင်လည်း ပန်းလှိုင်ဆေးရုံ၌ KIA တပ်မဟာ (၆)မှ တပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေကြသည်။

တောင်ကြီးမြို့ ပန်းလှိုင်ဆေးရုံတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပြည်သူ့စစ်များမှ အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီးမှုပြီးနောက် ပုံမှန်လည်ပတ်နေပြီး လူနာလည်း ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း တောင်ကြီးဒေသခံ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“ကိုယ့်လုံခြုံရေးက နံပါတ်တစ် အဓိကပေါ့၊ စစ်ဝတ်စုံဝတ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ဗွီဒီယိုတို့၊ ကင်မရာ လွယ်ပြီး ရိုက်ထားတာမျိုးတို့ အဲ့လိုပုံတွေကို ဖုန်းထဲ ဒါမှမဟုတ် ကိုယ့်ရဲ့ ဖေ့စ်ဘုတ်၊ Tik Tok အကောင့်ထဲ ဖြစ်နိုင်ရင် မထားပါနဲ့။ ကိုယ်က ရိုက်ထားလို့ ဖျက်မယ်ဆိုရင်လည်း Recycle ထဲအထိ ဘာသက်သေမှ မကျန်အောင် သွားဖျက်သင့်တယ်”ဟု သျှမ်းသံတော်ဆင့်မှ အိုင်တီပညာရှင်တစ်ဦးက အကြံပြုသည်။

အလားတူ တောင်ကြီးမြို့တွင် နိုဝင်ဘာလမှ စတင်၍ ယခင်ကထက် စစ်ဆေးတင်းကြပ်မှု များပြားလာပြီးနောက် ညအချိန် အပြင်ထွက်သည့် လူငယ်အမျိုးသားများကို စစ်ကောင်စီမှ အဓိက ဖမ်းဆီးမှု ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီက ဖမ်းဆီးထားသူများအား ငွေကျပ်သိန်းဆယ်ချီ တောင်းခံပြီးမှ ပြန်လွှတ်ပေးကြောင်း မြို့ခံများက ပြောဆိုသည်။

တောင်ကြီးမြို့ပေါ် စစ်ကောင်စီထံ ဖမ်းဆီးခံရသူ အများစုသည် လက်လုပ်လက်စား အခြေခံလူတန်းစားများ ဖြစ်နေသည့်အတွက် ဖမ်းဆီးခံရပြီးနောက်ပိုင်း သတင်းအစအန ပျောက်ကွယ်သွားကာ စစ်သင်တန်းနေရာ သို့မဟုတ် ရှေ့တန်းသို့ ပို့ဆောင်ခံရခြင်းကို လူမသိ သူမသိ ကျူးလွန်ခံနေရသည့် အခြေအနေများစွာ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...