တောင်ကြီး ဆေးရုံတွင် ကချင် အမျိုးသမီးတစ်ဦးကို KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီ အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးမြို့ ပန်းလှိုင်ဆေးရုံတွင် လူနာစောင့်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကို KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီမှ အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ (၁၆) ရက် ည ၁၀ နာရီခန့်တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပန်းလှိုင်ဆေးရုံ၌ လူနာစောင့်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကို TikTok ဗွီဒီယိုမှတဆင့် ခြေရာခံပြီး KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပြည်သူ့စစ် (၁၀) ဦးမှ အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ တောင်ကြီးဒေသခံများက ပြောသည်။

“ည ၁၀ နာရီလောက် လာဖမ်းသွားတာ၊ Tik Tok ဗွီဒီယိုကနေ လာတယ်ပြောတယ်။ အပြင်ဝတ်တွေနဲ့ ၁၀ ယောက်လောက် လာတယ်၊ ရဲလား ပြည်သူ့စစ်လား မပြောတတ်ဘူး။ အခန်းထဲ ဝင်စစ်ပြီး ဖုန်းနဲ့ လက်ပ်တော့တွေ ယူသွားတယ်။ ဗွီဒီယိုထဲက ကောင်မလေး သိလားတဲ့ အဲ့လိုမေးပြီး အခန်းလိုက်စစ်ပြီးတော့ ဖမ်းသွားတယ်”ဟု ဆေးရုံတွင် မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကနဦးတွင် ပန်းလှိုင်ဆေးရုံမှ လူနာစောင့်အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ် ရဲနှင့် ပြည်သူ့စစ်များမှ တောင်ကြီးမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မြို့ခံ အမျိုးသမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း KIA ဆေးရဲမေဟု ဆိုသည့် အမျိုးသမီးကို ဆက်လက် ဖမ်းဆီးခံထားကြောင်း ဒေသခံများထံမှ သိရသည်။

“KIA က ဆေးရဲမေတစ်ဦး တောင်ကြီးမှာ မိထားတယ်လို့ သိရတယ်၊ ပန်းလှိုင်မှာ မိတာ။ သူ့အသိ လူနာလာစောင့်ရင်း ပါသွားတာ။ သျှမ်းမြောက် ကွတ်ခိုင်ဘက်က KIA ဆေးရဲမေ၊ ဖုန်းထဲမှာ စစ်ယူနီဖောင်းနဲ့ ပုံတွေလည်း များတယ်လို့ ပြောတယ်။ Tik Tok ကနေ လိုက်တာတဲ့၊ သူက ဆေးရုံနေရာ ပုံတင်လိုက်တာနဲ့ ဟိုလူတွေ ရောက်လာတာ”ဟု ဖြစ်စဉ်သိရှိသူ လူငယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့

တောင်ကြီးမြို့တွင် ယခုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့် ချန်နယ်များတွင်လည်း ပန်းလှိုင်ဆေးရုံ၌ KIA တပ်မဟာ (၆)မှ တပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေကြသည်။

တောင်ကြီးမြို့ ပန်းလှိုင်ဆေးရုံတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပြည်သူ့စစ်များမှ အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီးမှုပြီးနောက် ပုံမှန်လည်ပတ်နေပြီး လူနာလည်း ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း တောင်ကြီးဒေသခံ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“ကိုယ့်လုံခြုံရေးက နံပါတ်တစ် အဓိကပေါ့၊ စစ်ဝတ်စုံဝတ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ဗွီဒီယိုတို့၊ ကင်မရာ လွယ်ပြီး ရိုက်ထားတာမျိုးတို့ အဲ့လိုပုံတွေကို ဖုန်းထဲ ဒါမှမဟုတ် ကိုယ့်ရဲ့ ဖေ့စ်ဘုတ်၊ Tik Tok အကောင့်ထဲ ဖြစ်နိုင်ရင် မထားပါနဲ့။ ကိုယ်က ရိုက်ထားလို့ ဖျက်မယ်ဆိုရင်လည်း Recycle ထဲအထိ ဘာသက်သေမှ မကျန်အောင် သွားဖျက်သင့်တယ်”ဟု သျှမ်းသံတော်ဆင့်မှ အိုင်တီပညာရှင်တစ်ဦးက အကြံပြုသည်။

အလားတူ တောင်ကြီးမြို့တွင် နိုဝင်ဘာလမှ စတင်၍ ယခင်ကထက် စစ်ဆေးတင်းကြပ်မှု များပြားလာပြီးနောက် ညအချိန် အပြင်ထွက်သည့် လူငယ်အမျိုးသားများကို စစ်ကောင်စီမှ အဓိက ဖမ်းဆီးမှု ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီက ဖမ်းဆီးထားသူများအား ငွေကျပ်သိန်းဆယ်ချီ တောင်းခံပြီးမှ ပြန်လွှတ်ပေးကြောင်း မြို့ခံများက ပြောဆိုသည်။

တောင်ကြီးမြို့ပေါ် စစ်ကောင်စီထံ ဖမ်းဆီးခံရသူ အများစုသည် လက်လုပ်လက်စား အခြေခံလူတန်းစားများ ဖြစ်နေသည့်အတွက် ဖမ်းဆီးခံရပြီးနောက်ပိုင်း သတင်းအစအန ပျောက်ကွယ်သွားကာ စစ်သင်တန်းနေရာ သို့မဟုတ် ရှေ့တန်းသို့ ပို့ဆောင်ခံရခြင်းကို လူမသိ သူမသိ ကျူးလွန်ခံနေရသည့် အခြေအနေများစွာ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...