MNDAA က ဖမ်းဆီးထားသည့် သိန္နီမြို့ ဒေသခံအချို့ကို မိုင်းရယ်ဘက်သို့ပို့

သျှမ်းပြည် သိန္နီမြို့ ဒေသခံများကို မူးယစ်သုံးစွဲသည်ဟုစွပ်စွဲပြီး ကိုးကန့်တပ် MNDAA မှ ဖမ်းဆီးသွားပြီးနောက် အချို့က မိုင်းရယ်ဘက်သို့ ပို့ဆောင်ခံရပြီး၊ အချို့က ပိုက်ဆံဖြင့် ပြန်ရွေးကာ ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာလဆန်းမှစ၍ ကိုးကန့်တပ် MNDAA သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် သိန္နီမြို့အတွင်းရှိ မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းချသူများကို လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ကျမယောက်ျားကို ဖမ်းသွားတာ အခုဆိုရင် နှစ်လပြည့်တော့မယ်။ ပြန်လည်မလွှတ်လာသေးဘူး။ အရင်ကတော့ ပိုက်ဆံနဲ့ ပြန်သွားရွေးခိုင်းတယ်။ ကျမကပိုက်ဆံမပေးနိုင်ဘူး။ အခုတော့ မိုင်းရယ်ဘက်ကို ပို့လိုက်တာ ၁ လနီးပါးရှိပြီ။ အဲ့မှာ ကတုတ်ကျင်းသွားတူးခိုင်းတာ” ဟု ဖမ်းဆီးခံရသူ သိန္နီမြို့ခံ အမျိုးသားတစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

သိန္နီထိခိုက်ပျက်စီးမှု

လက်ရှိ မိုင်းရယ်မြို့ဘက်သို့ ပို့ဆောင်ခံရသူ ၁၅ ဦးရှိပြီး ကတုတ်ကျင်း တူးသည့်အပြင် သစ်ခုတ်၊ ဝါးခုတ် ရကြောင်း ၊သို့သော် ပိုက်ဆံဖြင့် ပြန်ရွေးနိုင်သည့် ဒေသခံအချို့ ပြန်လည်လွှတ်မြောက်လာကြောင်း ဖမ်းဆီးခံသူ၏ မိသားစုဝင်များကပြောသည်။

“မူးယစ်ဆေးဝါးရောင်းလို့ အချုပ်ထဲရောက်နေတဲ့ အချို့သူတွေတော့ ပြန်ထွက်လာပြီ။ သူတို့အိမ်ကတော့ ကျပ်သိန်း ၁၇၀ နဲ့ ရွေးရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှပြန်လွှတ်လာတာပါ။ အခုက ပိုက်ဆံပေးနိုင်ရင် သူတို့လွှတ်ပေးတယ်” ဟု ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဉီး၏ ဇနီးက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကိုးကန့်တပ် (MNDAA) ၏ ပြန်ကြားရေးတာဝန်ခံကို သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

“အခုကအခြေအနေက သိပ်မကောင်းဘူးလေ။ ပြီးတော့ ကျမယောက်ျားကို တပ်သားအဖြစ် စုဆောင်းခံရမှာ ကြောက်တယ်။ ကျမမှာက ကလေးတစ်ယောက်ရှိတယ်” ဟု ၎င်းက ဆိုပြန်သည်။

MNDAA အနေဖြင့် လားရှိုးမြို့အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းချသူများကိုဖမ်းဆီးမှုရှိကြောင်း ကိုးကန့်တပ် (MNDAA) ၏ လားရှိုးမြို့ ပြန်လည်ထူထောင်းရေးအဖွဲ့မှ တာဝန်ခံတစ်ဉီး ကပြောသည်။

ပြီးခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် လူငယ်များကိုလည်း တပ်သားသစ်အဖြစ် ကိုးကန့်တပ် (MNDAA) မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခြင်းရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...