Saturday, February 7, 2026

CATEGORY

သတင်း

ပန်ဆိုင်းမြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် MNDAA အရာရှိ ထောင်ဒဏ်တစ်သက်တစ်ကျွန် စီရင်ချက်ချ

သျှမ်းပြည်၊ မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကိုးကန့်တပ်ဖွဲ့အရာရှိ ကျူးလွန်ခဲ့သည့် သက်ငယ်မုဒိမ်းမှုကို MNDAA မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA လက်အောက်ခံ ပန်ဆိုင်းမြို့တရားရေးဌာနမှ အသက်(၃) နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ အရာရှိ...

တောင်ကြီးမှာ အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ခံ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီမှ အမျိုးသမီးများကို စစ်မှုထမ်းစာရင်း စတင်ကောက်ခံနေကြောင်း မြို့ခံများထံမှ သိရသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် အမျိုးသား နည်းတန်းတူ စစ်မှုထမ်းဆောင်ရန် ဇန်နဝါရီလ မှ စပြီး အမှတ်စဉ် (၁)အတွက် စစ်ကောင်စီ မှ အမျိုးသမီးစစ်မှုထမ်းစာရင်းများ ကောက်ခံနေသည်။ ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့၊ ဖာမွန်ရွာတွင် အသက်(၁၈-၃၅)...

ဆိုက်ဘာလုံခြုံရေး ဉပဒေ ကြောင့် အွန်လိုင်းလုပ်ကိုင်သူအတွက် ပိုခက်ခဲလာ

စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ (၁) ရက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်ပြီးနောက် သျှမ်းပြည်တဝှမ်းတွင် မိုဘိုင်းလ်အော်ပရေတာများ၏ ဖုန်းဒေတာဖြင့် အသုံးပြုသည့် အင်တာနက်မြန်နှုန်းမှာ နှေးကွေးပြီး ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များ အသုံးပြုရန် VPN ချိတ်ဆက်ရာ၌ ပိုမိုခက်ခဲလာကြောင်း ဒေသနေ လူငယ်များက ပြောသည်။ စစ်ကောင်စီက ယခုပြဋ္ဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေမှာ...

မိုးဗြဲမြို့တွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံး

သျှမ်းပြည် မိုးဗြဲမြို့တွင် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးသွားကြောင်း သိရသည်။ ယမန်နေ့(ဇန်နဝါရီ ၂၇ ရက်)နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသား ၃ ဦး သေဆုံးသွားပြီး...

နမ့်ခမ်းမြို့နယ်ရှိ ရွှေလီတံတားကို TNLA နှင့် KIA တို့ အပြိုင် ပိတ်ထား

သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်းရှိ ရွှေလီတံတားကို ယနေ့ (ဇန်နဝါရီလ ၂၈) ရက် နေ့လည်ပိုင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့က နယ်မြေအငြင်းပွားမှုများကြောင့် တံတားကို အပြိုင်ပိတ်ထားကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့ရွှေလီတံတားမှာကတော့...

ရွာငံတွင် စစ်ကောင်စီတပ်သားများ သေနတ်ဖောက်ခြိမ်းခြောက်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဖက် ကျေးရွာများတွင် စစ်တပ်မှ ကျေးရွာအလိုက် တပ်စွဲကာ သေနတ်ဖောက်ခြိမ်းခြောက်နေသည်ဟု ဒေသခံများထံမှသိရသည်။ ရွာငံမြောက်ဘက် ကျေးရွာများတွင် အင်အား(၆၀) ခန့်ရှိသည့် စစ်ကောင်စီတပ်များက တပ်စွဲနေထိုင်နေပြီး အနီးနားတောတောင်ဘက်တွင်ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်မှ စပြီး စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများထံမှ သိရသည်။ ထိုသို့ စစ်ကြောင်းထိုးရာတွင် ဒေသခံများကို သေနတ်ဖောက်ခြိမ်းခြောက်မှုကြောင့်...

ကျောက်မဲမြို့နယ် ယခုလအတွင်း တတိယအကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ဖွဲ့သည် ယခုလ ( ဇန်နဝါရီ) အတွင်း တတိယအကြိမ်မြောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၇) ရက် နေ့လည် ၂ နာရီဝန်းကျင် ကျောက်မဲမြို့အတွင်းရှိ မြို့တော်ခန်းမ အနီးတဝိုက်ကို စစ်ကောင်စီကမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲမြို့...

၁၀၂၇ နောက်ဆက်တွဲ ကြီးထွားလာသော နယ်မြေအရှုပ် ဘယ်လိုရှင်းကြမှာလဲ

"၁၀၂၇ စစ်ဆင်ရေး" ရပ်တန့်သွားပြီးနောက်ပိုင်း သျှမ်းမြောက် မြောက်ပိုင်းတွင် နယ်မြေများတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းများကြာ နယ်မြေထိန်းချုပ်မှုဆိုင်ရာ အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုမြင့်တက်လာသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက် မွန်းလွဲပိုင်းတွင် ကွက်ခိုင်မြို့နယ် နမ့်ဖတ်ကာအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဂိတ်စခန်းကို တအာင်း...

ရပ်စောက်မြို့နယ်အတွင်း လက်နက်ကြီးသံများကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်း ညအချိန်လက်နက်ကြီးပစ်ခတ်သံများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) ည ၁၁ နာရီဝန်းကျင်တွင် ရပ်စောက်မြို့နယ် အတွင်း လက်နက်ကြီး ပစ်ခတ်သံများအဆက်မပြတ်ကြားရပြီး မြို့ခံများစိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဘယ်အဖွဲ့လို့တော့ မသိဘူး၊ ညကဖြစ်တာ လက်နက်ကြီးတွေပစ်နေတာ အချက်...

ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ကားထောင်ချီပိတ်မီနေ

သျှမ်းပြည်တောင်ပိုင်း၊ ကလော-သာစည် လမ်းပိုင်း စစ်ကောင်စီ ကျွဲတပ်ဆုံဂိတ် တွင် စစ်ဆေးမှု တင်းကြပ်နေသောကြောင့် ကားထောင်ချီပိတ်မိနေသည်ဟု ခရီးသွားများထံမှ သိရသည်။ စစ်ကောင်စီတပ်သားများသည် လုံခြုံရေး အကြောင်းပြပြီဂ အိမ်စီးကားနှင့် ကုန်တင်ကားများကို X-Ray စက်ဖြင့် စစ်ဆေးနေပြီး ခရီးသွားများကို လမ်းလျှောက်ဆင်းခိုင်းပြီး အစစ်ဆေးခံရသည်ဟု ကိုယ်တိုင်ကြုံတွေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို...

Latest news