ရွှေတူးဖော်မှု ကန့်ကွက်သည့် မုံးစီးဒေသခံများကို MNDAA သေနတ်ပစ်ခတ်၍ (၆) ဦးသေဆုံး၊ ဖြေရှင်းပေးရန် ဒေသခံများ ဆန္ဒပြ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်သည့် ဒေသခံများနှင့် MNDAA ရုံးရင်းဆန်ခတ်ဖြစ်ပွားပြီး‌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း (၆) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၅ ရက်) နေ့လယ်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကို ရွာသားများမှ သွားရောက်ကန့်ကွက်ခဲ့ရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး MNDAA တပ်သားများမှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် စုစုပေါင်း (၆) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကိုးကန့်တွေကို ရွာမှာ ရှိတဲ့ ရေထွက်နေရာ ရွှေတူးတာ ရပ်ဖို့ ဒေသခံတွေ သွားတားကြတာ။ တရုတ်တွေကလည်း ဗမာစကား မပေါက်တော့ အစပိုင်း ပြဿနာတက်ကြတယ်။ ရန်ဖြစ်ကြတော့ တရုတ်ဘက်က ၂ ယောက် ခြေထောက်ကျိုးတယ်၊ အဲ့မှာ စကားပြောကြပြီးတော့ အဆင်ပြေလို့ ပြန်ထွက်လာတဲ့အချိန် ကိုးကန့်စစ်သားတွေက သေနတ်နဲ့ ပစ်လိုက်တာ ၅ ယောက် ပွဲချင်းပြီး ဆုံးသွားတယ်”ဟု မုံးစီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – မုံးစီးကျေးရွာရှိ MNDAA ရုံးသို့ ဒေသခံများမှ လာရောက်ဆန္ဒထုတ်ဖော်စဉ်

မုံးစီးကျေးရွာမှ ၇ မိုင်ခန့် ကွာဝေးသည့် ပိန်းခမ်ကျေးရွာရှိ နမ့်လင်းချောင်း ရေထွက်နေရာနှင့် လယ်ယာမြေများတွင် ရွှေမတူးဖော်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ ဒေသခံများမှ စာပို့တောင်းဆိုထားသော်လည်း MNDAA ဘက်မှ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ရန် လုပ်ဆောင်လာခြင်းကြောင့် ထပ်မံသွားရောက် ကန့်ကွက်နေစဉ် သေနတ်ပစ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

MNDAA ၏ သေနတ်ပစ်ခံရပြီး သေဆုံးသူ (၆) ဦးစလုံးမှာ အမျိုးသားများဖြစ်ပြီး ၎င်းအထဲတွင် KIA တပ်သားနှစ်ဦး ပါဝင်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်မပြုနိုင်သေးပါ။

ယမန်နေ့ ညနေပိုင်းတွင် ပိန်းခမ်၊ ပန်ယန်းခါး၊ မန်ဘုံနှင့် နားလေးရွာရှိ သျှမ်းနှင့် ကချင်ဒေသခံများမှ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကို ကားပေါ်တင်ဆောင်ကာ မုံးစီးကျေးရွာရှိ MNDAA ရုံးသို့ လာရောက်ဆန္ဒပြခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကို ကွတ်ခိုင်ဆေးရုံသို့ ခေါ်ဆောင်သွားကာ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ပုံစာ – MNDAA သေနတ်ပစ်သတ်လိုက်သည့် မုံးစီ ဒေသခံများ

“ဆေးရုံတင်သွားတာ ၇ ယောက်ထဲက တစ်ယောက်က အခြေအနေ မကောင်းလို့ လမ်းမှာဆုံးပြီး ပြန်ခေါ်လာတာ၊ ကချင်စစ်သားတွေလည်း ပါတယ်။ ဆန္ဒပြတုန်းကတော့ ဖယောင်းတိုင်မီးတွေ ထွန်းပြီး ပြည်သူကိုသတ်တဲ့ MNDAA အလိုမရှိလို့ ကြွေးကြော်ကြတာ။ အခု ဘာမှတော့ မသိရသေးဘူး၊ ကိုးကန့်ဘက်က လူကြီးကို စောင့်ပီးမှပဲ ပြောမယ်လို့ပြောတာ”ဟု မုံးစီးဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရေထွက်နေရာတွင် ရွှေမတူးဖော်ရန် သွားရောက်ကန့်ကွက်ခဲ့သည့် လက်နက်မဲ့ ဒေသခံပြည်သူများကို MNDAA မှ တရားလက်လွှတ် သေနတ်ပစ်ခတ်ခြင်းကြောင့် (၆) ဦးထက်မနည်း သေဆုံးခဲ့သည့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး တရားမျှတမှုအတွက် ဖြေရှင်းပေးရန် ဒေသခံများက မုံးစီးကျေးရွာရှိ MNDAA ရုံးတွင် စောင့်ဆိုင်းနေကြောင်း သိရသည်။

ပုံစာ – MNDAA သေနတ်ပစ်သတ်လိုက်သည့် မုံးစီ ဒေသခံများ

ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာတွင် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ရွှေတူးဖော်မှုကို TNLA ဘက်က ပြန်လည်ခွင့်ပြုခဲ့ရာ ဒေသခံ ကိုယ်ထူကိုယ်ထနှင့် မိုင်းပေါက်မြို့နယ်ဘက်မှ ရောက်လာသည့် တရုတ် သို့မဟုတ် ‘ဝ’ကုမ္ပဏီများ ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် နမ့်မောချောင်းရေ အရောင်ပြောင်းကာ ရေနှောက်လာပြီး အသုံးပြုရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာလ တတိယပတ်ကလည်း ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း တစ်ခုကို MNDAA မှ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ဝင်ရောက်နှောင့်ယှက်ခဲ့ရာ နှစ်ဘက်တပ်ဖွဲ့ဝင်များ ငြင်းခုံပြီး ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...