မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကို ရွာသားများမှ သွားရောက်ကန့်ကွက်ခဲ့ရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး MNDAA တပ်သားများမှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား (၅) ဦးနှင့် KIA တပ်သားတစ်ဦး စုစုပေါင်း (၆) ဦး သေဆုံးသွားခဲ့သည်။

ယနေ့ (မတ်လ ၇ ရက်) နေ့လယ်ပိုင်း၌ ပန်ယန်းခါးကျေးရွာတွင် ထားရှိသည့် ၎င်းသေဆုံးသူတို့၏ ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်မည်ဖြစ်ပြီး ရွာသားများမှ မုံးစီးကျေးရွာရှိ MNDAA ရုံးသို့ ထပ်မံသွားရောက်ကာ ဆန္ဒထုတ်ဖော်မည်ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ အသုဘ ချမယ်လို့ ပြောတာ၊ အလောင်းတွေကိုတော့ ပန်ယန်းခါးရွာမှာပဲ ထားထားတာ။ ကိုးကန့်စစ်သားတွေကော စောင့်နေတယ်။ ဒေသခံတွေ ဒီနေ့လည်း ထပ်ပြီး ဆန္ဒလာပြမယ်လို့ ပြောတယ်။ အခု စကားပြောနေတာကတော့ ဒေသက ကချင်လူကြီးတွေနဲ့ မုံးကိုးက လာတဲ့ ကိုးကန့်လူကြီးတွေ စကားပြောနေကြတယ်”ဟု မုံးစီးဒေသခံ ၎င်အမျိုးသားက ပြောသည်။

ပုံစာ – ပန်ယန်းခါးကျေးရွာတွင် ထားရှိသည့် သေဆုံးသူများ၏ ရုပ်အလောင်း

ယမန်နေ့ (မတ်လ ၆ ရက်) ညပိုင်း၌ မုံးစီးကျေးရွာတွင် တရားဟောဆရာ၊ ကချင်လူကြီးများနှင့် ကိုးကန့်အရာရှိများ ဆွေးနွေးခဲ့စဉ် သေဆုံးသူများ၏ အသုဘစရိတ်နှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ဆေးကုသစရိတ်တို့ကို တာဝန်ယူမည်ဖြစ်ပြီး ရွှေတူးဖော်မှုကိုလည်း ရပ်နားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

“မနေ့ညက အစည်းအဝေး ထိုင်ကြတာ ကိုးကန့်နဲ့။ လောလောဆယ်တော့ အခု အသုဘအတွက်ရော၊ ဆေးရုံတင်ထားရတဲ့ လူနာတွေရောအကုန် ကိုးကန့်ဘက်က ကုန်ကျစရိတ် ထွက်ပေးမယ်။ ရွှေလည်း မတူးဖော်တော့ဘူး။ ကျန်တာတော့ နောက်မှ ပြန်ရှင်းမယ်၊ အခု အသုဘချဖို့အရင် ညှိကြတာတဲ့။ တရားဟောဆရာနဲ့ ဒီဒေသရဲ့ ကချင်လူကြီးပိုင်းတွေ မနေ့ညက လာရှင်းကြတာ”ဟု မုံးစီးဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယခုကိစ္စနှင့် စပ်လျဉ်း၍ သိရှိနိုင်ရန် ကချင်လွတ်လပ်ရေးတပ် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံသို့ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ပုံစာ – ပန်ယန်းခါးကျေးရွာတွင် ထားရှိသည့် သေဆုံးသူများ၏ ရုပ်အလောင်း

မတ်လ ၅ ရက်နေ့တွင် မုံးစီးကျေးရွာရှိ MNDAA ရုံးသို့ ရွာသားများမှ သေနတ်ပစ်ခံရပြီး သေဆုံးသူများ၏ အလောင်းကို ကားပေါ်တင်ဆောင်ကာ လာရောက်ဆန္ဒပြချိန်တွင် မုံးဟွမ်ဘက်မှ လာသည့် ကိုးကန့်တပ်သားများ ကျူးလွန်ခြင်းဖြစ်ပြီး မုံးစီးအပိုင် နယ်မြေအတွင်း ဖြစ်ပွားခြင်း မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“တကယ်ဖြစ်တဲ့ နေရာက မုံးဟွမ်အုပ်စုဘက်က၊ သေနတ်ပစ်တဲ့ ကိုးကန့်စစ်သားကလည်း မုံးဟွမ်က လာတာ။ မုံးစီးက စစ်သားကလည်း သူတို့နဲ့ မဆိုင်ဘူး၊ ရွှေတူးတဲ့ကိစ္စကို မုံးစီးကလည်း မသိဘူး သူတို့လည်း ခွင့်မပြုထားဘူးလို့ ပြောထားတာ။ ဖြစ်စဉ်ကို သုံးသပ်ရရင်တော့ နှစ်ဘက်စလုံးက မှားတယ်လို့ ပြောရမယ်။ အဲ့နေ့က ကချင်စစ်သားတွေလည်း ပါသွားတယ်၊ ဒါပေမယ့် သူတို့က အရပ်သားဝတ်စုံနဲ့ သွားတာ”ဟု ဖြစ်စဉ်သိရှိသူ ဒေသခံလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကြောင့် ရွာသားများမှ မုံးကိုးဘက်မှ လာရောက်ဖြေရှင်းပေးမည့် MNDAA အရာရှိများကို စောင့်ဆိုင်းနေပြီး လက်နက်မဲ့ ဒေသခံပြည်သူများကို ကိုးကန့်တပ်သားများမှ တရားလက်လွှတ် သေနတ်ပစ်ခတ်ခြင်းကြောင့် (၆) ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး တရားမျှတမှု ရှာဖွေသွားရန် ထပ်မံတောင်းဆိုထားကြောင်း သိရသည်။

ပုံစာ – ပန်ယန်းခါးကျေးရွာတွင် ထားရှိသည့် သေဆုံးသူများ၏ ရုပ်အလောင်း

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...